လူသားဆန်တဲ့အပြုအမူကြောင့် အွန်လိုင်းပေါ်မှာ ကျော်ကြားနေတဲ့ ကျောင်းသူလေး

လူကြီးသူမတွေက နောက်ထပ်တက်လာမယ့် မျိုးဆက်တွေနဲ့ပတ်သက်လို့ စိတ်ပူပင်နေရတဲ့အကြောင်း ပြောဆိုကြတာကို မကြာခဏ ကြားနေရမှာပါ။ ယနေ့ခေတ်ကလေးတွေဟာ လူကြီးတွေကို အရိုအသေ တန်လာကြောင်း၊ ဗီဒီယိုဂိမ်းဆော့ဖို့အတွက်နဲ့ ကျောင်းပြေးကြကြောင်း၊ အသက်ငယ်ငယ်နဲ့ ရည်းစားတွေရှိနေကြောင်း စတဲ့မကောင်းသတင်းတွေကသာ အများစု ဖြစ်နေပါတယ်။

Viral4Real

ဒါပေမယ့်လည်း ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းဖြစ်လာဖို့ နောက်မျိုးဆက်အပေါ်မှာ ထားတဲ့မျှော်လင့်ချက်တွေကို မစွန့်ပစ်သင့်ကြောင်း အထက်တန်းကျောင်းသူလေးတစ်ဦးက သက်သေပြသခဲ့ပါတယ်။ ဖေ့စ်ဘုတ်အသုံးပြုသူ Joshua Aquiler ဆိုသူက အထက်တန်းကျောင်းသူလေးတစ်ဦး အိမ်ခြေရာမဲ့အမျိုးသားကို ထမင်းကျွေးနေတဲ့ အပြုအမူကိုဗီဒီယိုကို ရိုက်ကူးခဲ့ပါတယ်။

Viral4Real

ရက်အတော်ကြာအောင် ထမင်းငတ်နေသူ ခြေသလုံးအိမ်တိုင်အမျိုးသားဘေးမှာ ကျောင်းသူလေးကထိုင်ပြီး ထမင်းကျွေးနေခဲ့တာဖြစ်ပါတယ်။ ဒါတင်မကသေးပဲ ဖော့ဘူးထဲက အသားတုံးတွေကိုပါ သူမက ဇွန်းနဲ့သေချာ ဖြတ်တောက်ပေးနေတာပါ။ ထမင်းကျွေးနေရင်းလည်း ထိုအမျိုးသားအဖော်ရအောင် စကားစမြည် ပြောပေးနေပါသေးတယ်။

READ
(၁၉၂၀)ပေါင်အထိ အလေးချိန်ရှိတဲ့ ဖရုံသီးကြီး

ဒီအဖြစ်အပျက်လေးဟာ Aquiler ရဲ့ နှလုံးသားကို နွေးထွေးစေခဲ့တာကြောင့် သူရိုက်ကူးခဲ့တဲ့ဗီဒီယိုလေးကို ဆိုရှယ်မီဒီယာပေါ်မှာ ရှဲခဲ့ပါတယ်။ ဗီဒီယိုဟာ ချက်ခြင်းပဲ အွန်လိုင်းပေါ်ပျံ့နှံ့သွားခဲ့ကာ အွန်လိုင်းအသုံးပြုသူတွေက စိတ်ထားနူးညံ့တဲ့ကလေးမလေးကို ချီးမွမ်းပြောဆိုခဲ့ကြောင်းသိရပါတယ်။

Posted by Joshua Aquiler on Monday, February 5, 2018

လင်းလင်း (ShweMom)

SHARE