တောင်တက်သမားတစ်ဦးရဲ့ ထင်မှတ်မထားဘဲ ရိုက်ယူနိုင်ခဲ့တဲ့ ဓာတ်ပုံကောင်းများ

Stephen Davies-SWNS

ဝါရင့်တောင်တက်သမားတစ်ဦးဖြစ်တဲ့ Stephen Davies ဟာ တောတောင်ရေမြေတွေကို ချစ်ခင်နှစ်သူ ဖြစ်သည့်အလျှောက် ဓာတ်ပုံဝါသနာအိုးတစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ အမြဲလိုလို တောင်တက်ခရီးစဉ်တွေနဲ့ ပျော်မွေ့နေသူဖြစ်ပြီး၊ မကြာခဏ တောက်တက်ခရီးစဉ်တွေ ထွက်လေ့ရှိသူပါ။

Stephen ဟာ အသက်အားဖြင့် (၄၇)နှစ်သာရှိသေးပြီး၊ ထင်မှတ်မထားပါဘဲ၊ ဓာတ်ပုံကောင်းတွေ ရရှိခဲ့ပါတယ်။ ပုံတွေကို ကြည့်လိုက်တာနဲ့ ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာတွေတောင် ဒီလိုဓာတ်ပုံတွေရဖို့ မလွယ်ပါဘူး။ ဘာကြောင့် မလွယ်တာလဲဆိုတော့ နောက်ခံသဘာဝ သက်တန့်ကြီးဟာ အမြဲလိုလို ကောင်းကင်ပေါ်မှာ ရှိနေတဲ့အရာမဟုတ်ပါဘူး။

Stephen Davies-SWNS

အခါအခွင့်လည်း သင့်မှ၊ သက်တန့်ကြီး ရှိနေတယ်ဆိုရင်တောင် အခုလို သမင်နှစ်ကောင်ရဲ့ သဘာဝလှုပ်ရှားမှုတွေရဖို့ဆိုတာ မလွယ်ပါဘူး။ ဒီလိုပဲ သက်တန့်ကြီးနဲ့ သမင်တွေရဲ့ လှုပ်ရှားမှုဟာ ဘယ်လောက်တောင် လှသည်ဆိုဦးတော့ ဓာတ်ပုံရိုက်စရာကင်မရာ ပါမသွားဘူးဆိုရင်လည်း အလကားသက်သက် ဖြစ်သွားနိုင်ပါတယ်။

ဒီလိုပဲ ကင်မရာပါတိုင်းလည်း ဓာတ်ပုံကောင်းတစ်ခု ရဖို့မလွယ်ပါဘူး။ ပုံကောင်းတစ်ခုရဖို့ ဓာတ်ပုံရဲ့ တစ်ခြား Setting တွေကိုလည်း ကျွမ်းကျင်စွာချိန်တွယ်နိုင်ရမှာဖြစ်သလို၊ အခုလို ပုံကောင်းတွေရဖို့ဆိုတာ ဓာတ်ပုံဆရာတိုင်း တောင့်တတတ်ကြတဲ့ ဆုတောင်းတွေထဲက တစ်ခုဖြစ်ပါတယ်။

READ
(၁၉၉၀)ခုနှစ်နောက်ပိုင်း၊ ဝင်းရိုးစွန်းရေခဲထုအရည်ပျော်မှု တစ်နှစ်လျှင် (၄၇၅)ဘီလီယံတန်အထိရှိ
Stephen Davies-SWNS

Stephen က အဆိုပါ သမင်အဖိုနှစ်ကောင်ဟာ သမင်မတွေနဲ့ ချစ်တင်းနှောဖို့အတွက် အပြိုင်အဆိုင် တိုက်ခိုက်နေတာလို့ ဆိုပါတယ်။ ဒါပေမယ့် သမင်နှစ်ကောင်ဟာ ဓာတ်ပုံထဲမှာတော့ လှပတဲ့သက်တန့်ကြီးနဲ့ နောက်ခံဘက်ဂရောင်းက အလွန်ကို ပဏာရလှပနေပြီး ရန်ဖြစ်နေတာနဲ့မတူဘဲ ကျီစယ်နေတဲ့ပုံမျိုးဖြစ်နေပါတယ်။

Stephen Davies-SWNS

Stephen တို့အဖွဲ့ဟာ ပြီးခဲ့တဲ့သောကြာနေ့က စကော့တလန်တောင်ကြောဖြစ်တဲ့ Glen Etive ရဲ့ တောင်ခါးပန်းဆီကို ဦးတည်မောင်းနှင်ပြီး၊ ခြေလျှင်ခရီးဆက်တက်မယ်လို့ ဆိုပါတယ်။ သူနဲ့ သူ့အမျိုးသမီးနဲ့ မယားပါသမီးနဲ့အတူ တောက်တက်ခရီးစခဲ့တာဖြစ်ပြီး၊ Glen Etive တောင်ကြောမှ Tullibody တောင်ကို တက်ရောက်ခဲ့ကြတာပါ။ ယင်းနောက်မှာတော့ ဒီသမင်တွေရဲ့ လှုပ်ရှားမှုကို သဘာဝကျကျ ပတ်ဝန်းကျင်နဲ့အတူ ပေါင်းစပ်ဖန်တီးနိုင်ခဲ့တာဖြစ်ပြီး၊ သူရိုက်ယူခဲ့တဲ့ လက်ရာတွေက ဘယ်လောက်အထိ လှပလိုက်သလဲဆိုတာ ပရိသတ်ကြီး အမြင်ပါဘဲ။

နတ်စည်တော် (Shwemom)

source : foxnews.com

SHARE