မီးတွေဝိုင်းနေတဲ့ကြားထဲက အသက်စွန့်ပြီး တိလေးတွေကို ကယ်ဆယ်ခဲ့တဲ့ အိမ်ရာမဲ့အမျိုးသား

facebook/WNDRDOGS

“လူဆိုတာရှိနေသရွေ့ ကြင်နာဖို့အတွက် အခွင့်အရေးဆိုတာရှိနေပါတယ်” ဒီစကားကတော့ ရာစုနှစ်ပေါင်းများစွာကတည်းက တည်ရှိခဲ့တဲ့စကားဖြစ်ပြီး ရောမတွေးခေါ်ပညာရှင် Lucius Annaeus Seneca က ထပ်ပြီးပြောပြခဲ့တာပါ။ ၂၀၂၀ခုနှစ်ထိ ဒီစကားဟာ မှန်ကန်နေဆဲပါပဲ။ ပြီးတော့ အိမ်ရာမဲ့တစ်ယောက်က သူ့အသက်ကိုစွန့်ပြီး မီးလောင်နေတဲ့အဆောက်အဦးထဲမှာ ပိတ်မိနေတဲ့ ခွေးလေးတွေကြောင်လေးတွေကိုကယ်တင်ခဲ့တာထက် ပိုကောင်းတဲ့ဥပမာပေးစရာမရှိတော့ပါဘူး။

facebook/WNDRDOGS

ဒီအမျိုးသားကတော့ အသက်၅၃နှစ်အရွယ် Keith Walker ဆိုသူပါ။ Walker က ညတိုင်း သူရဲ့ခွေးလေး Bravo ကိုတိရစ္ဆာန်ဂေဟာမှာ သွားထားလေ့ရှိပါတယ်။ တစ်နေ့တော့ Bravo ကို တိရစ္ဆာန်ဂေဟာကနေ သွားကြိုဖို့လုပ်တုန်း မီးတွေမြင်လိုက်ရပါတယ်။ ချက်ချင်းပဲ ဂေဟာဆီသွား၊ အထဲမှာရှိနေတဲ့တိရစ္ဆာန်လေးတွေကိုကယ်ဖို့ကြိုးစားခဲ့ရာမှာ စုစုပေါင်းခွေး၆ကောင်နဲ့ ကြောင်၁၀ကောင်တို့ရဲ့အသက်ကို ကယ်နိုင်ခဲ့တာပါ။

Tonight we thank our guardian angels. The homeless man that ran into our burning house and rescued our animals. The…

Posted by W-Underdogs on Friday, 18 December 2020

“ကျွန်တော် သိပ်တုန်လှုပ်နေခဲ့တာပေါ့။ ကျွန်တော်မလိမ်ဘူး။ မီးခိုးတွေအများကြီးနဲ့ အထဲဝင်ဖို့အတွက် တကယ်ပဲကြောက်နေမိတာ။ ဒါပေမဲ့ ဒီတိရစ္ဆာန်လေးတွေကိုကယ်ဖို့ ဘုရားက ကျွန်တော့်ကိုလွှတ်လိုက်တယ်လေ။ တကယ်လို့ သင်ဟာ ခွေးတစ်ကောင်ကိုသာချစ်ရင် ကမ္ဘာပေါ်က ဘယ်သူ့ကိုမဆို သင်ချစ်နိုင်ပါတယ်။ ကျွန်တော့်ခွေးက ကျွန်တော့်ရဲ့အကောင်းဆုံးသူငယ်ချင်းပဲ။ သူမရှိဘဲနဲ့ ကျွန်တော်ဒီမှာမရှိနိုင်ဘူး။ ဒါကြောင့် တခြားခွေးကိုပါ ကယ်ရမယ်ဆိုပြီး ကျွန်တော်ဆုံးဖြတ်ခဲ့ပါတယ်။” လို့ Walker က ဆိုပါတယ်။

READ
ဇနီးဟောင်းရဲ့ခြံထဲမှာ မြက်ရိတ်ပေးနေတဲ့ အမျိုးသားရဲ့ဓာတ်ပုံ နောက်ကွယ်ကအကြောင်း
facebook/WNDRDOGS

မီးလောင်ခဲ့တဲ့ တိရစ္ဆာန်ဂေဟာကတော့ ကုသိုလ်ဖြစ်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး W-Underdogs လို့အမည်ရပါတယ်။ ၄င်းတို့ကတော့ သူတို့ရဲ့ဌာနဘယ်လိုမီးလောင်ခဲ့တယ်ဆိုတာရယ်နဲ့ အထဲက တိရစ္ဆာန်လေးတွေကိုကယ်ဖို့ အိမ်ရာမဲ့တစ်ယောက်က အထဲဘယ်လိုဝင်ပြေးသွားတယ်ဆိုတဲ့အကြောင်း ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ ပြောပြခဲ့ပါတယ်။ အွန်လိုင်းပရိသတ်တွေကတော့ တိရစ္ဆာန်လေးတွေကိုကယ်တင်ဖို့အတွက် ကိုယ့်အသက်ကိုတောင် ပဓာနမထားဘဲ ကြင်နာတတ်တဲ့ Walker ကိုချီးကျူးနေကြပြီး ဂေဟာပြန်လည်ထူထောင်ရေးအတွက် ဝိုင်းဝန်းလှူဒါန်းနေကြတယ်လို့လည်း hindustantimes အရ သိရပါတယ်။

ShweMom

SHARE