သဘာဝပစ္စည်းများဖြင့် ပေါင်းတင်နည်း(၇)မျိုး

အမျိုးသမီးပဲဖြစ်ဖြစ် အမျိုးသားပဲဖြစ်ဖြစ် မျက်နှာလေး ဖြူနုထွေးဥနေချင် ကြဖို့ များပါတယ်။ အမျိုးသားတွေ
အတွက်တော့ အလှအပက သိပ်မလိုအပ်ပေမယ့် ၀က်ခြံ၊ တင်းတိပ်၊ မှဲ့ခြောက် ကင်းစင်တဲ့ မျက်နှာအသား
အရေကို လိုချင်တာတော့ အမျိုးသမီးတွေနဲ့ တန်းတူ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့်မို့ အိမ်မှာပဲ အလွယ်တကူ
လုပ်လို့ရသလို တန်ဖိုးအားဖြင့်လည်း အကုန်အကျ သက်သာနိုင်တဲ့ သဘာဝပေါင်းတင် မျက်နှာဖုံး (7)မျိုး
ကို မျှဝေလိုက်ပါတယ်။

1. ငှက်ပျောသီး

မြန်မာ့ဈေးကွက်မှာ ရှားပါးခြင်း သိပ်မရှိတဲ့ ငှက်ပျောသီးဟာ နေရာတိုင်းနီးပါးမှာ ဈေးနှုန်းချိုသာစွာ ရနိုင်ပါ
တယ်။ အဲဒီငှက်ပျောသီးဟာ သဘာဝအလှဆီလည်းဖြစ်သလို သင့်မျက်နှာအသားအရေကို ထူးခြားစွာ
ချောမွှေ့သန့်စင်မှုကို ပေးပါတယ်။ ၎င်းငှက်ပျောသီးအမှည့်ကို မျက်နှာပေါ်မှာ သုတ်လိမ်းပေးပါ။
မိနစ်(10-20)လောက်အထိ နှပ်ထားပါ။ ပြီးလျှင် ရေအေးနဲ့ဆေးပါ။ သင့်မျက်နှာ ပိုပြီး ဖြူစင်ဝင်းပလာပါ
လိမ့်မယ်။

2. သဘောင်္သီးမှည့်နဲ့ပျားရည်

နေလောင်ဒဏ်ရာနဲ့ အမည်းစက်တွေ၊ အသားအရေ ပိုပြီး ရင့်ရော်သလိုလို သင့်မျက်နှာပေါ်မှာ ဖြစ်နေပါ
သလား။ ပျားရည်နဲ့ သဘောင်္သီးမှည့်ကို သင့်တော်တဲ့ ပမာဏနဲ့ သမအောင် မွှေထားပါ။ မျက်နှာပေါ်ကို
ညင်သာစွာ သုတ်လိမ်းပေးပါ။ (15-20)မိနစ် ထားပါ။ ပြီးရင် ရေနွေးနဲ့ ဆေးချလိုက်ပါ။ သင်မျက်နှာ
နတ်ရေကန်က ရေနဲ့ဆေးလိုက်သလို ကြည်လင်လှပလာပါလိ့မ်မယ်။

READ
ရေမွှေးချစ်သူတိုင်းသိထားသင့်တဲ့အချက်များ

3. စတော်ဘယ်ရီ

အသားအရေအတွက် စတော်ဘယ်ရီသီးဖျော်ရည်ကလည်း အကျိုးရှိပါတယ်။ အဲဒီလိုပါဘဲ စတော်ဘယ်ရီ
သီးကို အနှစ်ကျအောင် မွှေထားလိုက်ပြီး မျက်နှာကို သုတ်လိမ်းပေးခြင်းကလည်း အဆီပြန်သော မျက်နှာ
တွေအတွက် အဆင်ပြေပါတယ်။ စတော်ဘယ်ရီသီးနဲ့အတူ သံပုရာရေ အနည်းငယ်ထည့်ပြီး မွှေထားပါ။
နောက် မျက်နှာပေါ်မှာ လိမ်းပြီး 10 မိနစ်လောက် ကြာလျှင် ပုဝါနဲ့ စင်အောင်သုတ်၊ ပြီးလျှင် ရေအေးနဲ့ဆေး
လိုက်ပါ။ သင့်မျက်နှာ အဆီပြန်မှု ကင်းသွားမှာပါ။

4. သခွားသီး

သခွားသီးဟာ အသားအရေတွက် ကောင်းတယ်ဆိုတာတော့ လူတိုင်း သိလောက်ပြီးပါပြီ။ ဗီတာမင် အီး
ကြွယ်ဝစွာ ပါဝင်တဲ့ သခွားသီးဟာ တင်းတိပ် ၀က်ခြံ မှည့်ခြောက်များအပြင် အသားအရေ ပွန်းပဲ့ဒဏ်ရာ
အတွက်လည်း အသုံးဝင်ပါတယ်။ ပါးပါးလှီးပြီး မျက်နှာကပ်တာပဲဖြစ်ဖြစ်၊ မွှေစက်နဲ့ ပျော်ရည်လုပ်ပြီး
လိမ်းတာပဲဖြစ်ဖြစ် နှစ်ခုစလုံး ကောင်းပါတယ်။ 15 မိနစ်လောက် နှပ်ထားပြီးမှ ရေအေးနဲ့ စင်အောင်ဆေး
ပါ။ မျက်နှာကို ဖွဖွလေး ခြောက်သွေ့အောင်သုတ်ပါ။ မျက်နှာအသားအရေ ထူးခြားလာမှာပါ။

5. ဖရုံသီး

ဖရုံသီးမှာ အသားအရေအတွက် အရေးပါတဲ့ ဗီတာမင် C နဲ့ A ဓာတ်တွေ ပါဝင်ပါတယ်။ ခြောက်ကပ်ကပ်
ဖြစ်တဲ့ အသားအရေအတွက် ကောင်းပါတယ်။ ၎င်းကို သစ်ခွဆီ ရှိရင် သစ်ခွဆီ အနည်းငယ် ထည့်ပြီး
ဖျော်ပါ။ မရှိလည်း ပျားရည်အနည်းငယ် ထည့်ပြီး သင့်တော်အောင် မွှေပါ။ ပြီးလျှင်မျက်နှာပေါ်မှာ သုတ်
လိမ်းပေးပါ။ 10 မိနစ်လောက် နှပ်ထားပါ။ ပြီးလျှင် ရေနဲ့ စင်အောင် ဆေးပါ။

READ
ရှောက်သီးကပေးနိုင်တဲ့ အလှတရား

6. ထောပတ်သီး

အသားအရေခြောက်ကပ်ခြင်း၊ အရေအကြောင်း ပေါ်ခြင်း၊ အဆီပြန်ခြင်းတို့အတွက် ထောပတ်သီးက
သိပ်ကောင်းပါတယ်။ ၎င်းကို ကြက်ဥ၊ သံပုရာရည်အနည်းငယ်တို့နဲ့အတူ ရောမွှေပြီး မျက်နှာပေါ်လိမ်း
ပေးပါ။ (15-20)လောက် ထားပြီး ရေစင်အောင် ဆေးလိုက်ပါ။ သင့်မျက်နှာ ဖြူနုလာပါလိ့မ်မယ်။

7. ဖရဲသီး

ရေဓာတ်နဲ့ ဗီတာမင်ဓာတ်တွေ ကြွယ်ဝတဲ့ ဖရဲသီးဟာ အသားအရည်အတွက် ကောင်းမွန်တဲ့ ဆေး
တစ်လတ်ဖြစ်ပါတယ်။ ၀က်ခြံတင်းတိပ်များတဲ့ အသားအရည်နဲ့ ရေဓာတ်ခန်းခြောက်တဲ့ အသားအရည်
အတွက် သင့်တော်ပါတယ်။ ၎င်းကို ဒိန်ချဉ်နဲ့လုပ်ထားတဲ့ အရက်ရှိရင် အဲဒီအရက်ကိုပါ ထည့်ပြီး သမ
အောင် မွှေကာ မျက်နှာကို သုတ်လိမ်းပေးပါ။ 15 မိနစ်လောက် ကြာတဲ့အခါ မျက်နှာကို စင်ကြယ်အောင်
ဆေးပေးပါ။ သင့်မျက်နှာ ၀က်ခြံအဖုအပိမ့်တွေ ယူပစ်သလို ပျောက်သွားမှာပါ။

နတ်စည်တော် (Shwemom)

Source:lifehack.org

SHARE