မိန်းမတွေက စကားများလို့ အရုပ်မလေးကိုပဲ ပုံအောပြီး ချစ်လိုက်တဲ့ အမျိုးသား

Image:FB/謝天榮

အခုနောက်ပိုင်းမှာတော့ လူအစစ်ထက် အရုပ် မ တွေကိုပဲ လက်တွဲ ဖော် အဖြစ် ရွေးချယ် လာတဲ့ အမျိုးသားတွေ ပို များလာတာကို တွေ့  ရပါတယ်။အဲ့ဒီ အထဲမှာ တော့ ဟောင်ကောင်က အသက် ၃၄ နှစ်အရွယ် Xie Tianrong က လည်း တစ်ယောက် အပါအ၀င် ပါ။သူက တော့ ဆီလီကွန် အရုပ် မလေး ကို ပဲ လက်တွဲ ဖော် အဖြစ် ရွေးချယ်ပြီး စေ့စပ်ခဲ့ပါတယ်။ဘာလို့ လူ အစစ် မိန်းမ တွေကို မရွေးပဲ အရုပ် မ ကို ရွေး ရ သလဲ ဆိုရင် တော့ Xie Tianrong မှာ ခိုင်မာ တဲ့ အကြောင်းပြချက်တွေ အများကြီး ရှိပါတယ်။ဒီအ ကြောင်းကိုတော့ odditycentral နဲ့ the sun မှာ ဖော်ပြထားတာပါ။

Image:FB/謝天榮

Xie Tianrong က တော့ သူ့ချစ်သူအရုပ်မလေး Mochi နဲ့ တွဲလာတာ နှစ်နှစ် ကျော်ပါပြီ။ဆီလီကွန် အရုပ် မ ဆို ပေမယ့်လည်း Xie Tianrong အတွက် တော့ တကယ့် သက်ရှိ ချစ်သူ လို သဘော ထား ဆက်ဆံ တာပါ။သူနဲ့ ချစ်သူ အရုပ်မလေး Mochi ရဲ့ နေ့စဉ် လှုပ်ရှားမှု လေး တွေကို လည်း သူ့ Face book မှာ ပုံမှန် ဝေမျှ လေ့ ရှိပါတယ်။သူ့ပုံတွေ ကို ကြည့်ပြီး အကောင်း ပြောတဲ့ သူတွေ ရှိသလို အဆိုးပြော တဲ့ သူတွေ လည်း ရှိ ပါတယ်။ Xie Tianrong က တော့ သူ့ Relationship ကို လူတွေ ဘယ်လိုပဲ တွေးတွေး …

Image:FB/謝天榮

သူ့ အတွက် ဒီ Relationship က အပျော် ရွှင် ရ ဆုံး ပဲ လို့ ပြောခဲ့ပါတယ်။အရင်တွဲဖူးတဲ့ လူ မိန်းမ တွေ ဆိုရင် သူ့ကို တောင်းဆိုတာတွေ အရမ်းများပြီး၊တစ်ချိန် လုံး သူတို့ ဖုန်းပဲ သူတို့ အာရုံ စိုက် နေကြတယ် လို့ ဆိုပါတယ်။အခု ဆီလီကွန် အရုပ် မလေး က တော့ သူ့ဆီ ကေ န ဘာမှ လည်း မတောင်းဆိုသလို သူမရဲ့ အာရုံကိုလည်း သူ့ တစ်ယောက်တည်း ဆီမှာပဲ ပုံအပ် ထားတယ်လို့ ပြောခဲ့ပါတယ်။

READ
အချစ်တော်ခွေးလေးကို ကိုယ်ပွားပုံတူ ပြန်ရဖို့ ဒေါ်လာ(၅)သောင်းအထိ သုံးခဲ့တဲ့မိသားစု
Image:FB/謝天榮

ဒီအရုပ်မလေးကို တော့ လွန်ခဲ့တဲ့ ၁၀ နှစ် လောက်က Causeway Bay က လူကြီး အရုပ် ရောင်းတဲ့ ဆိုင် ရှေ့ကို ဖြတ် လျှောက် သွား ရင်း နဲ့ တွေ့ ခဲ့တာပါ။အဲ့ဒီတုန်းက အရုပ် တွေ က တန်ဖိုး အမေရိကန် ဒေါ်လာ တစ်သောင်း လောက်ရှိတော့ ၀ယ်ဖို့ ကိုေ ခါင်း ထဲက ထုတ် ပစ် ခဲ့ပါတယ်။ဒါပေမယ့် ၂၀၁၉ ခုနှစ် တစ်ရက် အရောက် မှာ တော့ ထပ် ဖြတ် လျှေက် မိရင်း အရုပ် မ တွေထဲက တစ်ရုပ်ကို မြင် မိ တဲ့ အချိန် မှာတော့ ဈေးလည်း သက်သာ၊လူ အစစ်နဲ့ လည်း တူ တာကို တွေ့ခဲ့ပါတယ်။ဒါကြောင့် တစ်ရုပ်ကို အွန်လိုင်း ကေ န မှာ ပြီး အတူ နေ ခဲ့ ပါတယ်။

Image:FB/謝天榮

Mochi က တော့ sex doll ဆို တော့ ဒီ့ အတွက် ပဲ ဒီဇိုင်း ဖန်တီးထုတ်ထားတဲ့ အရုပ်ပါ။ Xie Tianrong က တော့ Mochi ကို တခါ မှ နမ်း ဖို့ တောင် မကြိုးစားခဲ့ဖူးဘူး ကြောင်း နဲ့ သူမ အပေါ် တန်ဖိုး ထား ဆက်ဆံပြီး သူ့ရဲ့ စိတ် ကြောင့် သူမ ထိခိုက် ပျက်စီးမှာကို စိတ်ပူ ခဲ့ တယ် လို့ ဆိုပါတယ်။၂၀၂၀ မှာတော့ Apple Daily နဲ့ အင်တာဗျူးမှာ ချစ်သူ အရုပ်မလေးကို နမ်းချင် ပေမယ့် သူ့ တံထွေး တွေ ကြောင့် …

READ
လူထွားကြီးဘဝမှ ဆက်ဆီကျတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ကာ မော်ဒယ်ဖြစ်သွားခဲ့တဲ့အမျိုးသမီး
Image:FB/謝天榮

သူမ ရဲ့ အသား အရေ ပျက်စီးသွားမှာကို စိတ်ပူမိတယ်လို့ ရင် ဖွင့် ခဲ့ပါတယ်။အရုပ်ဆို ပေမယ့် သူမ အသားအ ရေ နူးညံ့ အောင် သေချာ သန့်စင် ပေး၊ညတိုင်း ပေါင် ဒါ လိမ်း ပေးတဲ့ အထိ Xie Tianrong ရဲ့အချစ်က လေးနက် ခဲ့ပါတယ်။ဒါတင် မက သေးပဲ အရုပ် မလေး အတွက် အ၀တ် အစား သစ် တွေ အများကြီးကိုလည်း ၀ယ် ပေးခဲ့ပါတယ်။သူကြိုက်တဲ့ cosplay ၀တ်စုံတွေ လည်း ၀ယ်ပေးတဲ့ အထဲမှာ ပါပါတယ်။

Image:FB/謝天榮

အရင် တွဲခဲ့ဖူးတဲ့ လူသား မိန်းမ တွေ မဟုတ်ပဲ ဘာမှ မတောင်းဆို၊စကား မများ၊Complain မတက်၊သူ့ ကို့ ပစ်မထားတဲ့ အရုပ်မလေး Mochi ကို တစ်နေ့ တခြား ပို သံယောဇဉ် တွေ တိုးလာခဲ့ပါတယ်။ Mochi လေးကအရင် ရည်းစားဟောင်းတွေ လို စကား မများ ဘူး လို Xie က ပြောခဲ့ပါတယ်။လုပ်ဖော်ကိုင်ဖက် ဟောင်းတစ်ယောက်က နေ ထမင်းချက်၊သန့်ရှင်းရေး လုပ်နိုင်တဲ့ လူသားမိန်းမ ဘာလို့ ရှာ မယူ လဲ ၊အရုပ်မ က ကျ တော့ ဒါတွေ မလုပ် နိုင်ဘူး လေ.. လို့ Xie Tianrong  ကို အကြံ ပေးခဲ့ ဖူးပါတယ်။

Image:FB/謝天榮

Xie Tianrong   က တော့ ဒီအလုပ် တွေကို လူငှား လုပ်ခိုင်း လို့ ရကြောင်း၊တကယ့် အချစ်စစ်ဆိုတာ ထမင်းချက် ဟင်းချက်၊သန့်ရှင်းရေး လုပ်နိုင်တယ် မလုပ်နိုင်ဘူး ဆိုတာ မျိုး မဟုတ်ဘူး လို့ ပြန်တုံ့ပြန် ခဲ့ပါတယ်။အရုပ်လေး ဆိုပေမယ့်လည်း Xie က သူမကို iPhone 12 အပါအ၀င် တခြား တန်ဖိုးကြီး လက် ဆောင် တွေ လည်း ပေး လေ့ရှိပါတယ်။အခုဆိုရင် တော့ Xie Tianrong နဲ့ အရုပ်မလေး တို့ စုံတွဲ က တော့ စေ့စပ်ပြီးပါပြီ။

#SHWEMOM

SHARE