နေ့နာမ်အလိုက် တစ်ပတ်အတွင်း ထူးထူးခြားခြား ကြုံတွေ့ရမယ့် အရာများ

ဗေဒင်ကိုယုံကြည်တဲ့ စာဖတ်ပရိသတ်ကြီးအတွက် တစ်ပတ်အတွင်း ထူးထူးခြားခြား ကြုံတွေ့ရမယ့် အရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) တနင်္လာ

ဒီတစ်ပတ်အတွင်းမှာ တနင်္လာတွေအနေနဲ့ လက်ထဲမှာ ငွေတွေလုံးဝမမြဲတာမျိုးတွေ ဖြစ်နေမှာပါ။ ခြိုးခြံခြွေတာစွာ သုံးနေတဲ့ ကြားကနေ ဘယ်လိုကုန်မှန်းမသိ ကုန်နေတတ်ပါတယ်။ ငွေဝင်တာလည်းများသလောက် လက်ထဲမှာ ပိုက်ဆံရှိနေမှာမဟုတ်ပါဘူး။ ငွေကိုသုံးခါနီးတိုင်း ချင့်ချိန်ပြီး သုံးစွဲသင့်ပါတယ်။

(၂) အင်္ဂါ

အဂါင်္သားသမီးတွေကတော့ ဒီတစ်ပတ်အတွင်း အရမ်းကို စိတ်ဆတ်နေပါလိမ့်မယ်။ ဘာဖြစ်လို့ဖြစ်မှန်းမသိ တစ်ခုခုကို အမြဲတမ်း အလိုမကျသလို ခံစားရပြီး ဒေါသတွေချည်းပဲ ထွက်နေပါလိမ့်မယ်။ ခဏတာ စိတ်မတည်ငြိမ်ခြင်းရဲ့ သဘောဖြစ်တာကြောင့် ဒေါသကိုမထိန်းပဲ လုပ်ချင်ရာ၊ လုပ်မိရာလုပ်ရင် နောင်တတွေတစ်လှေကြီးရတတ်ပါတယ်။

(၃) ဗုဒ္ဓဟူး

ဗုဒ္ဓဟူးတွေကတော့ ကိုယ်ချစ်ရတဲ့သူရဲ့ ပြန်ပြီးအရေးပေးမှုကို ခံနေရတဲ့အချိန်ဖြစ်ပါတယ်။ အရင်က သင့်ကို ဂရုမစိုက်တဲ့ သင့်ချစ်သူ ဒါမှမဟုတ် သင့် Crush ကသင့်ကို ပြန်ပြီး အာရုံစိုက်လာတဲ့အချိန်လေးဖြစ်လို့ ပီတိတွေဖြာနေရမှာပါ။ ဒီအချိန်မှာ အခွင့်အရေးကို လက်လွှတ်မခံပဲ အမိအရ ဆုပ်ကိုင်တတ်ဖို့လိုနေပါပြီနော်။ ရာသီဥတုကတော့ သင့်ဖက်မှာပါ။

READ
Sagittarius (ဓနုရာသီဖွား)တွေရဲ့ မေလကံကြမ္မာဟောစတမ်း

(၄) ကြာသပတေး

ကြာသပတေးတွေကတော့ ပညာရေးပိုင်းမှာ စိတ်ညစ်နေရပါလိမ့်မယ်။ စိတ်လေတာ၊ စိတ်ညစ်တာ၊ စိတ်ပျက်တာ စတဲ့ စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှုတွေကြောင့် စာကိုကောင်းကောင်းမလုပ်နိုင်ပဲ အခက်တွေ့နေရပါမယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း ပညာရေးကံတက်နေတဲ့အချိန်ဖြစ်တာကြောင့် စိတ်ကိုစုစည်းပြီး စာကိုကောင်းကောင်းလုပ်ရင် ထွန်းပေါက်စွာအောင်မြင်နိုင်မယ့် ကာလဖြစ်ပါတယ်။

(၅) သောကြာ

သောကြာသားသမီးတွေကတော့ ဘာမှန်းမသိ အရမ်းကို ပျော်မြူးနေတတ်ပါတယ်။ သူတို့ပျော်မြူးနေတာ အကြောင်းအရင်းတော့ သေသေချာချာ မရှိပေမယ့် စိတ်ထဲမှာ ကြည်လင်ပြီး ပျော်ရွှင်နေမှာပါ။ ဒီတစ်ပတ်လုံး ပျော်ရွှင်နေရမယ့် သင်ဟာ သူတစ်ပါးကို သင့်အပြုံးလေးတွေနဲ့ အပျော်တွေဝေမျှပေးဖို့ မမေ့ပါနဲ့နော်။

(၆) စနေ

စနေတွေကတော့ ဘဝအတွက်အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ရမယ့်အချိန်ဖြစ်ပါတယ်။ ထူးထူးခြားခြား အကူအညီကောင်းပေးသူတွေနဲ့ ကြုံရမှာပါ။ သင့်ဘဝအတွက် အကောင်းဆုံးလမ်းပြဖော်၊ ဆရာသမားကောင်း၊ လူကောင်းတွေနဲ့ လက်တွဲရတော့မှာပါ။

READ
သြဂုတ်လ (၇) ရက်နေ့အတွက် သင့် ကံကြမ္မာဘယ်လိုရှိမလဲ?

(၇) တနင်္ဂနွေ

တနင်္ဂနွေတွေကတော့ ခုရက်ပိုင်းမှာ ကျန်းမာရေးကို အထူးဂရုစိုက်ပါ။ ကျန်းမာရေးနဲ့ပတ်သက်လို့ အညံ့ရှိနေတဲ့ကာလ ဖြစ်တာကြောင့် နေပူထဲသွားတာ၊ ရေခဲရေသောက်တာကအစ တစ်ကိုယ်ရည်သန့်ရှင်းမှုအဆုံး အရာအားလုံးကို ဂရုစိုက်ပါ။ မဖြစ်ခင်က ကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးပါ။

Em Em

SHARE