ဝန်ထမ်းတွေရဲ့ စိတ်ဖိစီးမှုတွေကို ပြေလျော့စေဖို့ ခွေးကို အလုပ်ခန့်ပေးထားတဲ့ ဆေးရုံ

Image:IG/ShariDunawayMD

ဘယ်နယ်ပယ်မှာ ပဲ အလုပ်လုပ်နေတဲ့ ၀န်ထမ်းပဲ ဖြစ်နေပါစေ အနည်းနဲ့ အများဆိုသလို စိတ်ဖိစီးမှု ဒဏ် တွေ က တော့ ရှိ ပါတယ်။တစ်ချို့ အလုပ်ရှင်တွေက တော့ စိတ်ဖိစီးနေတဲ့ ၀န်ထမ်းတွေ အတွက် စိတ်ပျော်ရွှင်ဖို့ အတွက် လုပ်ငန်း ခွင်မှာ ပျော်စရာ လေးတွေ ဖန်တီး ပေးတတ်ကြပါတယ်။လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဆရာဝန်တစ်ဦး တင်လိုက်တဲ့ Post က တော် တော် လေး လူပြော များနေပါတယ်။အဲ့ဒီ Post မှာ ဖော်ပြထားတာက တော့ ၀န်ထမ်းတွေရဲ့ စိတ်ဖိစီးမှု ပြေ လျော့ စေဖို့ ခွေးလေး ကို အလုပ်ခန့် ပေး ထားတဲ့ အကြောင်းပါ။ဒီအ ကြောင်းကိုတော့ Story Pick မှာ ဖော်ပြထားပါတယ်။

Image:freepik.com/creativeart

ဆေးရုံမှာ လုပ်ရတဲ့ ကျန်းမာရေးဝန်ထမ်းတွေ က အသက်တွေကို လုပြီး လုပ်ရတဲ့ အလုပ်ဖြစ်တာ ရယ်၊ဝေဒနာ ဖိစီး နေတဲ့ လူနာတွေ နဲ့ ဆက်ဆံရတဲ့ အလုပ်မို့ တော်တော်လေး စိတ်ဖိစီးမှု များပါတယ်။ဒါကြောင့် အ မေရိကန် ပြည်ထောင်စု Ohio State University Wexner Medical Center မှာတော့ ဒီ့ အတွက် ခွေးတစ်ကောင်ကို အလုပ်ခန့်ပေးထားပါတယ်။အဲ့ဒီ ခွေးရဲ့ တာဝန် က တော့ ၀န်ထမ်း တွေ ကို လှည့် ပတ်သွားလာပြီး ၀န်ထမ်းတွေကို လိုက်နှုတ်ဆက်ရတဲ့ အလုပ်ပါ။

Shari Dunaway ဆိုတဲ့ တွစ်တာ အသုံးပြုသူ ဆရာဝန် တစ်ယောက်က သူမရဲ့ အကောင့်မှာ ချစ်စရာ ခွေးလေး ပုံကို တင်ထားပါတယ်။ သူမ တို့ ဆေးရုံက အလုပ်ခန့်ထားတဲ့ Shiloh ဆိုတဲ့ ခွေး ပါ။”ကျွန်မတို့ ဆေးရုံက အလုပ်ခန့်ထားတဲ့ ခွေးလေး.သူ့အလုပ်က လှည့် ပတ် သွားလာပြီး တခြားလူတွေကို လိုက်နှုတ်ဆက်ရတဲ့ အလုပ်..” ဆိုပြီး တင်ထားပါတယ်။သူမရဲ့ Post ကို တော့ သဘောကျ အားပေး တဲ့ သူတွေ အများကြီးရှိခဲ့ပါတယ်။ဒီ Post ကြောင့် ကမ္ဘာ တစ်ဝန်းက တခြားတွစ်တာ အသုံးပြုသူတွေ ကလည်း သူတို့ရဲ့ လုပ်ငန်း ခွင်မှာ ထားပေးထားတဲ့ တိရစ္ဆာန် အကောင် ပုံလေး တွေ ကိုပါ ဝေမျှခဲ့ပါတယ်။

#SHWEMOM

SHARE