တစ်ချိန်က အင်တာနက်ပေါ်မှာ ရေခဲရေပုံးကို ခေါင်းပေါ်ကလောင်းချတာ၊ ကမ္ဘာ့အစပ်ဆုံး အချဉ်ရည်ကို စားပြကြတာတွေ၊ အုတ်ခဲဆင့်ပြိုင်တာတွေလိုမျိုး အပြစ်ကင်းပြီး ပျော်စရာကောင်းတဲ့ စိန်ခေါ်ကစားနည်းတွေသာ ရှိခဲ့တာပါ။ ဒါပေမယ့် လုပ်ရပ်တိုင်းကို တရားလွန်ဖြစ်သွားအောင် လုပ်တတ်တဲ့လူ အနည်းဆုံးတစ်ယောက်တော့ပေါ်လာတတ်ပါတယ်။
အင်တာနက်လောကရဲ့ ထုံးစံကတော့ ဘာကိုမဆို သင့်ထက်လုပ်တတ်တဲ့သူ အမြဲရှိပါတယ်။ မီးဖိုပေါ် လက်တင်တာမျိုးဆိုရင်လည်း သင့်ထက်လုပ်ရဲတဲ့လူပေါ်နေပါပြီ။ အဲဒီ့စိန်ခေါ်ကစားနည်းကိုတော့ မီးဖိုကွိုင် hot coil challenge လို့ ခေါ်နေကြပါတယ်။ လူတစ်ယောက်က ၎င်း challenge ကို ရိုက်တင်ခဲ့ချိန်မှာတော့ လူအများက မိုက်မဲတဲ့လုပ်ရပ်လို့ ဝေဖန်ကြပါတယ်။
တကယ်ကို မိုက်မဲတာပါ။ ဗီဒီယိုထဲမှာ ဆံပင်ရှည်နဲ့လူတစ်ယောက်က မီးဖွင့်ထားတဲ့ မီးဖိုကွိုင်နားမှာ မတ်တပ်ရပ်နေခဲ့ပြီး သူ့သူငယ်ချင်းက သူ့ကို ဗီဒီယိုရိုက်နေပေးခဲ့ပါတယ်။ ပြီးနောက် သူ့ညာဘက်လက်ကို မီးဖိုနဲ့ ကပ်လိုက်ပြီး စက္ကန့်အနည်းငယ်အကြာမှာ နာကျင်စွာ အော်ဟစ်ပြီး ပြန်ခွာလိုက်ပါတယ်။ ရလဒ်ကတော့ တွေးထားတဲ့အတိုင်း လက်မီးပူလောင်သွားပါတယ်။
သူအသက်ကြီးလာတဲ့အခါမှာ ၎င်းဒဏ်ရာဟာ ဘယ်လိုရခဲ့လဲဆိုတာ သူ့မြေးကို ဘယ်လိုပြန်ပြောပြမလဲတော့ မတွေးတတ်ပါဘူး။ ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း အနောက်နိုင်ငံက လူတွေက အင်တာနက်ပေါ်မှာ သကြားလုံးနဲ့ တူတဲ့ ဆပ်ပြာခဲတွေကို စားပြတဲ့ စိန်ခေါ်မှုတွေ ပြုလုပ်ခဲ့လို့ ဒုက္ခမျိုးစုံရောက်ခဲ့ကြပါသေးတယ်။
အောက်မှာတော့ မီးဖိုကွိုင် challenge လုပ်ခဲ့သူရဲ့ ဗီဒီယို ထည့်ပေးထားတယ်နော်။
White (Shwemom)
Ref: Lad Bible