အမျိုးသားတွေအနေနဲ့ ကိုယ့်ချစ်သူကောင်မလေးအပေါ်မှာ ဒီလိုလေးတွေ ဂရုစိုက်ပေးပါ …

Pixabay-chermitove

Relationship တစ်ခုမှာ အမျိုးသားတွေဆိုတာ အရာရာကို ဦးစီးဦးဆောင် ပြုလုပ်လေ့ရှိတဲ့ လူမျိုးတွေဖြစ်သလို ကိုယ့်ချစ်သူကောင်မလေးတွေအပေါ်မှာလည်း ဂရုတစိုက် ရှိသင့်ပါတ်။ မိန်းကလေးတစ်ယောက်ကို ချစ်ကြိုက်မိလို့ အဲဒီမိန်းကလေးတစ်ယောက်နဲ့ ချစ်သူဖြစ်သွားပြီ ဆိုပါတော့။ အဲဒီလိုမျိုးချစ်သူဖြစ်သွားတာနဲ့ သူ့နဲ့ ချစ်သူမဖြစ်ခင်ကတော့ အသည်းအသန်တွေ ဂရုစိုက်ပြ၊ ချစ်သူဖြစ်သွားမှ ဘာမှဂရုမစိုက်တော့တဲ့ ပုံစံမျိုးတွေ မပြုလုပ်သင့်ပါဘူး။ ချစ်သူဖြစ်ပြီးသွားမှ ကိုယ့်ရဲ့ချစ်သူမိန်းကလေးကို အရင်ကထက် ပိုပြီး ဂရုတစိုက်နဲ့ ပြုမူဆက်ဆံသင့်ပါတယ်။

Pixabay-5688709

ဘယ်လို ပုံစံမျိုးတွေနဲ့ ပြုမူဆက်ဆံသင့်သလဲဆိုရင် ပထမဦးဆုံးအနေနဲ့ ရန်ဖြစ်တာက စပြောရပါမယ်။ ကိုယ့်ချစ်သူမိန်းကလေးနဲ့ စကားများ ရန်ဖြစ်တဲ့ အချိန်မှာတေင် ကိုယ့်ဖက်က အမြဲတမ်းအလျှော့ပေးနိုင်ဖို့ စဉ်းစားပါ။ မိန်းကလေးတစ်ယောက်နဲ့ ရန်ဖြစ်စကားများနေလို့ ဘာမှအကျိုးမထူးသလို ကိုယ့်ဖက်က စပြီး အလျှော့ပေးလိုက်လို့လည်း ဘာမှ အကျိုးမယုတ်ပါဘူး။ ပြီးတော့ မိန်းကလေးဆိုတာမျိုးက ရန်ဖြစ်ရင်တောင် အမြဲတမ်း အနိုင်ရချင်တဲ့ လူမျိုးပါ။ ဒါ့ကြောင့် ကိုယ့်ကောင်မလေးနဲ့ ရန်ဖြစ်စကားများတိုင်း အလျှော့ပေးနိုင်ဖို့ ကြိုးစားပါ။

READ
အသဲနစ်အောင်ချစ်ခဲ့ပြီးမှ အသည်းကွဲသွားရင် ဘယ်လိုပြန်ကုစားရမလဲ
Pixabay-Up-Free

နောက်တစ်ချက်ကတော့ ကိုယ့်ချစ်သူမိန်းကလေးကို ကိုယ်ထိလက်ရောက်မစော်ကားပါနဲ့။ “မိန်းမဆိုတာ အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင်ချစ်တာ” ဆိုတဲ့ ခပ်ညံ့ညံ့ယောကျာ်းတွေ ပြောတတ်တဲ့ ၁၀၀ ဖိုး ၃ ပုဒ် စကားတွေကို နားမဝင်ပါနဲ့။ မိန်းကလေးဆိုတဲ့ အမျိုးက အားနွဲ့တဲ့ လူတန်းစားပါ။ ဒီလိုမျိုး ကိုယ့်ချစ်သူ မိန်းကလေးတစ်ယောက်ကို ရိုက်မယ်ဆိုရင်တောင်မှ ကိုယ့်အမ၊ ကိုယ့်ညီမတစ်ယောက်ယောက်ကို သူ့ချစ်သူက ရိုက်နှက်နေတယ်ဆိုရင် သင်ဒီအတိုင်းကြည့်နေနိုင်မှာလည်း။ ကိုယ်ချင်းစာစိတ်လေးထားပြီး ဘယ်လောက်ဒေါသထွက်ထွက်၊ မိန်းကလေးတစ်ယောက်ကို လက်မပါမိပါစေနဲ့။

Pixabay-JUrban

နောက်ဆုံးအချက်အနေနဲ့ ပြောရမယ်ဆိုရင် အမြဲလိုလို သူ့ရှေ့က မားမားမတ်မတ် ရပ်တည်နိုင်အောင်နေပါ။ ဘယ်ကိစ္စမဆို ကိုယ့်ချစ်သူ မိန်းကလေးဖက်က ရပ်တည်ပါ။ သူ့ဖက်က မှားနေရင်တောင် နှစ်ကိုယ်တည်းရှိတဲ့ အချိန်မှ သူမှားနေကြောင်း နားဝင်အောင်ပြောပြီး ကျန်တဲ့အချိန်တွေမှာ သူ့ဖက်နေ အမြဲအဆင့်သင့် မားမားမတ်မတ် ရပ်တည်ကာကွယ်ပေးပါ။

READ
အနမ်းပေးတဲ့အခါ ကျွန်တော်တို့တွေ ဘာလို့မျက်လုံး မှိတ်သွားတတ်ကြတာလဲ

Pyi Hein Kyaw

SHARE