တစ်ညတည်းနဲ့ ကြည်လင်တောက်ပတဲ့မျက်နှာလေးရအောင် ဘယ်လိုလုပ်ရမလဲ…

ပျိုမေတို့ ပွဲတက်စရာရှိလို့ပဲဖြစ်ဖြစ် သွားစရာရှိလို့ပဲဖြစ်ဖြစ် ကြည်လင်တောက်ပပြီး ဝင်းမွတ်တဲ့ မျက်နှာလေးကို တစ်ညတည်းနဲ့ရနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁)  Sleeping Pack

Sleeping Pack တွေဟာ သင့်မျက်နှာကို တစ်ညတည်းနဲ့ ကြည်လင်တောက်ပစေနိုင်ပါတယ်။ တိုက်ရိုက်ရနိုင်တဲ့ ထုတ်ကုန်တစ်ခုလည်းဖြစ်ပါတယ်။

  • အရင်ဦးဆုံးမျက်နှာသစ်ပြီး မိတ်ကပ်တွေအားလုံးကို သန့်စင်လိုက်ပါ။
  • ခြောက်အောင်လုပ်ပြီး Sleeping Pack လေးကို မျက်နှာအနှံ့လိမ်းပြီး နှိပ်နယ်ပေးပါ။
  • သင်အိပ်ပျော်နေတဲ့အချိန်မှာ သင့်မျက်နှာကိုအားဖြည့်ပေးပြီးဖြစ်လို့ မနက်မိုးလင်းတဲ့အခါကျရင် သင့်မျက်နှာလေးဟာ ကြည်လင်ဝင်းမွတ်သွားမှာဖြစ်ပါတယ်။

(၂) နွားနို့

နွားနို့ဟာ မျက်နှာကို ဖြူစင်ဝင်းမွတ်စေရုံသာမက အသားအရေကို အာဟာရဓာတ်ကြွယ်ဝစွာဖြည့်တင်းပေးပါတယ်။

  • မိတ်ကပ်တွေကိုသေချာသန့်စင်ပြီး မျက်နှာသစ်လိုက်ပါ။
  • မျက်နှာကိုခြောက်အောင်သုတ်ပြီး အဆီလျှော့ထားတဲ့ နွားနို့ကို ပါးပါးလေးလိမ်းပြီးအိပ်လိုက်ပါ။
  • နောက်တစ်နေ့မှာ အသားအရေလေး ကြည်လင်တောက်ပနေတာ တွေ့ရမှာပါ။
READ
မှန်ကန်သောနှုတ်ခမ်းနီရွေးချယ်နိုင်ရန် နည်းလမ်းကောင်းများ

Em Em (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE