အမျိုးသမီးအသုံးအဆောင်အထဲကနေပြန်ထုတ်မရလို့ ဆေးရုံပြေးခဲ့ရတဲ့ကောင်မလေး

မိန်းကလေးတွေအတွက် အထူးသတိထားသင့်တဲ့အရာမို့လို့ Shwemomပရိတ်သတ်ကြီးအတွက်
ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

“ကျွန်မအစကတော့ မကြောက်ပါဘူး။ ပုံမှန်အားဖြင့် ည၉ နာရီလောက်မှ ဒီအသုံးအဆောင်(Tampon)
ကိုသုံးလေ့ရှိတာပါ။ ကျွန်မ ချိန်းတွေ့ခဲ့တဲ့ဘဲနဲ့လည်း ချစ်တင်းနှောတာ မရှိခဲ့ပါဘူး။ ကျွန်မတို့ ဒီအတိုင်း
ပွတ်သီးပွတ်သပ်ပဲနေခဲ့တာပါ။ ဘာ့ကြောင့်လဲတော့ မသိဘူး။ Tamponက အထဲကိုဝင်သွားခဲ့ပါတယ်။
ကျွန်မအိမ်ပြန်ရောက်ရောက်ချင်း အိမသာတံခါးကိုပိတ်လိုက်ပြီး အိမ်သာပေါ်မှာထိုင်ကာ ခြေထောက်
ကိုဖြဲလိုက်ပါတယ်။ ပြီးတော့ ကျွန်မ မရရအောင် နှိုက်ထုတ်ဖို့ကြိုးစားပါတယ်။ ဒါပေမယ့် လုံးဝကိုရှာမ
တွေ့ခဲ့ပါဘူး။ ကျွန်မအရင်တုန်းကလည်း မေ့ဖူးပေမယ့် ထုတ်လို့ရခဲ့ပါတယ်။ ဒီတစ်ခါတော့ ကျွန်မချွေး
ပျံနေပါပြီ။ ကျွန်မပက်လက်လှန်ပြီး မျက်နှာကြက်ကိုကြည့်ရင်း ထုတ်ဖို့ကြိုးစားပါတယ်။ တစ်ကိုယ်လုံး
ချွေးပျံနေပေမယ့် ရှာလို့တောင် မတွေ့ပါဘူး။”

2

“Chantal! ဆိုပြီး ကျွန်မအခန်းဖော်ရဲ့ နာမည်ကိုအော်ခေါ်လိုက်မိပါတယ်။ သူက အိမ်စာလုပ်နေတာပါ။
သူက ဆေးကျောင်းသူပါ။ ကျွန်မဒါ့ကြောင့် အားကိုးမိတာပါ။ သူကဝင်လာပြီး ပျာတိပြာယာနဲ့ ဘာဖြစ်
တာလဲလို့မေးပါတယ်။  ကျွန်မတော်တော်ကိုချွေးပျံပြီး အရမ်းလည်းနာကျင်နေပါပြီ။

READ
ဆေးပညာအမြင်အရ အိမ်ထောင်သည်အမျိုးသမီးအချို့ လိင်စိတ်ကုန်ခမ်းခြင်း

“ငါညက tamponတစ်ခုထည့်ပြီး ပြန်ထုတ်ဖို့ မေ့သွားတယ်။ ဒီနေ့Kevinနဲ့ချိန်းတွေ့ကြပြီး ငါတို့ပွတ်သီး
ပွတ်သပ်တော့လုပ်ခဲ့ကြတယ်။ ဒါပေမယ့် ငါကျိန်ရဲပါတယ်။ ငါလိင်ဆက်ဆံတာမလုပ်ခဲ့ပါဘူး။ ဒါပေမယ့်
ငါအခုအဲ့ဒိTamponကိုရှာမရတော့ဘူး”လို့ ငိုသံပါကြီးနဲ့ ပြောလိုက်မိပါတယ်။

3

“Okay, နင်အထဲကနေ မထုတ်မိခဲ့တာရောသေချာလား”

“အင်းသေချာပါတယ်။”

“ဟုတ်ပြီး အဲ့ဒါဆိုနင်လက်နဲ့မီသလောက်ရှာကြည့်လား”

“အင်းငါရှာတယ်။ ဒါပေမယ့် မခံစားနိုင်လောက်အောင် နာလာပြီဟ”

“နင်လုပ်နိုင်ပါတယ်။ ဆက်ပြီးလုပ်ပါ” လို့ Chantalက အားပေးနေပါတယ်။

“မ၇ဘူး ငါဆေးရုံသွားဖို့လိုနေပြီ။ ငါသွားမှရမယ်”လို့သွေးရူးသွေးတမ်းပြောလိုက်မိပါတယ်။

Chantal က “ငါလည်းလိုက်မယ်” လို့ဆိုပါတယ်။

 

 

တစ်အောင့်လောက်နေတော့ တက္ကဆီနဲ့ ဘောစတွန် St. Elizabeth’s Medical Centerကို
ရောက်သွားပါတယ်။ ဧည့်ကြိုကောင်မလေးက ခနနေရင် ဆရာဝန်လာတွေ့မယ့်အကြောင်း
ပြောပါတယ်။

ကျွန်မဆေးရုံမရောက်တာကြာနေပါပြီ။ ကျွန်မဖုန်းက ရုတ်တရက်မြည်လာလို့ကြည့်လိုက်တော့
အမေခေါ်နေတာပါ။ ကျွန်မအမေဒီနေ့လာမှာ ကျွန်မမေ့နေတာပါ။

“ဟုတ်ကဲ့ အမေပြောပါ။”

“သမီးတို့ဆီကိုအမေနောက်ထပ် နာရီဝက်ဆိုရောက်ပြီနော်”လို့ အမေကပြောပါတယ်။အမေနဲ့
ကျွန်မကအရမ်းကို နီးစပ်ပါတယ်။ ကျွန်မအကြောင်း အသေးစိတ်ကအစသူ့ကိုပြောပြလေ့ရှိပါ
တယ်။

အခုလည်း ကျွန်မအသံတုန်တုန်နဲ့

“အမေသမီးဆေးရုံကိုရောက်နေတယ်”လို့ ပြောလိုက်ပါတယ်။

အမေက ခဏနေတော့ရောက်ချလာပါတယ်။ ဒေါက်တာကလည်း မကြာခင်မှာလာတွေ့
ပါတယ်။ ဒေါက်တာက စစ်ဆေးခန်းထဲသွားပြီး ကြည့်မှရမယ်လို့ပြောတော့ ကျွန်မကရှက်နေ
ပါတယ်။ ဒေါက်တာက “ကျွန်တော်ဒိထက်ဆိုးတာ တစ်ပုံကြီးတွေ့ဖူးပါတယ်။ စိတ်မပူပါနဲ့”
လို့ပြောတော့မှ ကျွန်မစိတ်သက်သာရာရသွားပါတယ်။

စစ်ဆေးအပြီးမှာတော့ ဒေါက်တာက ကျွန်မရဲ့ Tamponကိုထုတ်နိုင်ခဲ့ပါတယ်။ ကျွန်မဘယ်
လိုမှ မမှီနိုင်လောက်တဲ့နေရာကိုရောက်နေခဲ့တာပါ။ 900$လောက်ကုန်သွားခဲ့ပါတယ်။
ကျွန်မအမေက မျက်နှာမကောင်းပါဘူး။

တကယ်တော့ ကျွန်မရဲ့ပေါ့ဆမှုကြောင့်အခုလိုဖြစ်ခဲ့ရတာပါ။ ဒီအကြောင်းအရာကို
ပြောဖြစ်တာ အမျိုးသမီးတွေကို ဓမ္မတာလာချိန်မှာ အထူးဂရုပြုစေချင်လို့ပါ။ အမှတ်
တမဲ့ အမှားကနေပိုက်ဆံအများကြီး ကုန်ကျပြီး အရှက်ရတဲ့ ကိစ္စမျိုးဖြစ်သွားနိုင်လို့ပါ။

မဒီလေး (ShweMOM) ဘာသာပြန်သည်။

Source: metro

post image

 

SHARE