ဝိတ်ကျအောင် လမ်းလျှောက်နည်း

ဝိတ်တော့ ကျချင်တယ်။ဒါပေမယ့် gym သွားဖို့လည်း အချိန်မရှိဘူးဆိုတဲ့ သူေ တွ အတွက် လမ်းလျှောက်ရင်းလည်း ၀ိတ်ချနိုင်တဲ့ နည်းလမ်းကို ပြောပြပေးချင် ပါတယ်။ဒါပေမယ့် လမ်းလျှောက်တိုင်း ၀ိတ်ကျတာတော့ မဟုတ်ပါဘူး။စနစ်တ ကျနဲ့ အချိန်ဘယ်လောက်လျှောက်ရမယ်၊ဘယ်လို ပုံမျိုးနဲ့ လျှောက်ရမယ်ဆိုတဲ့ နည်းတွေကို သိမှ ထိရောက်မှာပါ။

(၁)plan တစ်ခုထားပြီး လုပ်ပါ

လမ်းလျှောက်ပြီး ၀ိတ်ချမယ်ဆိုရင်တော့ အဓိ ကအရေးကြီးတာတွေက ကိုယ်ေ လျှာက်တဲ့ အကွာအဝေး၊နှုန်း(Speed)နဲ့ ကို ယ့်ရဲ့ Body Weight ပါ။ရလဒ်ေ ကာင်းထွက်လာဖို့ အတွက်ကတော့ အချိန်ဇယား တစ်ခုလိုပါတယ်။ အဲ့ဒီအ တိုင်းေ န့စဉ်ပုံမှန် လိုက်နာဆောင် ရွက်ပေးပါ။

(၂)လမ်းလျှောက်တဲ့ အကျင့်ကို မွေးပါ
လမ်းလျှောက်မယ်ဆိုပြီး တမင် အချိန်ပေးလျှောက်သလို ပဲ ကိုယ့်ရဲ့ နေ့စဉ် လူေ နမှု ဘ၀နဲ့ ပုံမှန် သွားလာလှုပ်ရှားမှုတွေမှာလည်း လမ်းလျှောက်ပေးပါ။ဥပမာ- စက်လှေခါး၊ဓါတ်လှေခါးကို မသုံးပဲ ရိုးရိုးလှေကားကို သုံးတာမျိုးလုပ်ပေးပါ။အ ရမ်း မဝေးရင် ကားနဲ့သွားမယ့်အစား ခြေကျင်လျှောက် တာမျိုးလုပ်ပါ။
(၃)လမ်းလျှောက်တဲ့ ၀ါသနာကို မွေးမြူပါ
ဟိုနားဒီနားသွားရင်တောင် လမ်းလျှောက်ပြီး မသွားချင်တဲ့ သူမျိုးတွေ ရှိပါ တယ် ။ခြေကျင်လျှောက်သွားရတာမျိုးကို မကြိုက်တဲ့ သူတွေ အဖို့ဆိုရင်တော့ လမ်းေ လျှာက်တဲ့ ၀ါသနာကို မွေးမြူပါ။တစ်ယောက်တည်း မလျှောက်ရင် သူငယ်ချင်းနဲ့ အတူအဖော်ခေါ်ပြီး လျှောက်တာမျိုးလုပ်ပါ။စကားပြောရင်း လျှောက်တဲ့ အတွက် လိုရာခရီးကို ရောက်မှန်းမသိရောက်သွားပါလိမ့်မယ်။ကားရှင်းတဲ့ နေရာမျိုး၊အ များပြည်သူအပမ်းဖြေတဲ့ ပန်းခြံလို နေရာမျိုးမှာဆိုရင် သီချင်းနားထောင် ရင်း လမ်းလျှောက်တာမျိုးလုပ်ပေးပါ။သွားနေကျလမ်းမဟုတ်ပဲ တခြားနေရာသစ်၊လမ်း သစ်ကို ထွင်ပြီး လျှောက်ပေးပါ။
(၄)ခန္ဓာကိုယ်အနေအထားကို မှန်ကန်အောင်ထားပါ
လမ်းလျှောက်တဲ့ ခန္ဓာကိုအနေအထားက အရေးကြီးပါတယ်။အရင်ဆုံး ခန္ဓာ ကိုယ် ကို မတ်မတ်နေပါ။ပြီးရင်တော့ ကိုယ်လျှောက်မယ့် လမ်းရဲ့ (၁၂)ပေမှ ပေ (၂၀) အကွာအဝေးကို မျက်လုံးက တည့်တည့်ကြည့်ပါ။ခေါင်းမော့ပြီး ရှေ့ကို တည့်တည့် ကြည့်လျှောက်ပါ။အောက်ကို ငုံ့ပြီး ငိုက်စိုက်ပြီး လျှောက်နေရင် ပခုံး ကို ဒဏ်ဖြစ်စေတတ်ပါတယ်။body မတ်နေဖို့ လိုတယ်ဆိုပေမယ့် လည်ပင်း၊ ပခုံးနဲ့ နောက်ကျောကိုတော့ သက်သောင့်သက်သာ အနေအထား အတိုင်းပဲ ထားပါ။အရေးကြီးဆုံးကတော့ ဗိုက်ကကြွက်သားတွေကို ဆွဲဆန့်အားပြုပေးပါ။ ခါးကို မတ်နေအောင်ထားပါ။
(၅)လမ်းလျှောက်တဲ့ နှုန်း၊အကွာအဝေး

100 kcal (kilocalories )= 2,000 paces = 1.6 km1 kg = 140,000 paces = 7,000 kcal = 112 km

READ
အမြဲလိုလို ကျန်းမာနေသောသူများ၏ အလေ့အကျင့်များ

kcal (kilocalories)ကီလိုကယ်လိုရီဟာ ခြေလှမ်းနှစ်ထောင်၊(၁.၆) ကီ လို မီတာ၊1 kg ကတော့ ခြေလှမ်း တစ်သိန်းလေးသောင်း၊(၇)ထောင် ကီလို ကယ် လိုရီ၊(၁၁၂) ကီလိုမီတာနဲ့ညီမျှပါတယ်။ကိုယ်လျှောက်တဲ့ အကွာအဝေး၊ခြေ လှ မ်းအရေအတွက်ကို သိဖို့အတွက် အရင်ဆုံး(၁၀)မှ(၂၀)ကီလို မီတာ ရှိတဲ့ လမ်း အကွာအဝေးတစ်ခုကို သတ်မှတ်ပါ။ပြီးရင်တော့ ဘယ်နှစ်မိနစ်မှာ ခြေလှမ်း ဘယ်နှစ်လှမ်းနဲ့ရောက်အောင် လျှောက်နိုင်တယ်ဆိုတာကို မှတ်သားပါ။နှလုံး ရောဂါနဲ့ရှိသူတွေဆိုရင်တော့ တစ်မိနစ်မှာ ခြေလှမ်း (၇၀)နဲ့(၇၀)အောက်ပဲ လျှော က်သင့်ပါတယ်။နှလုံးနဲ့ဆက်စပ်တဲ့ ရောဂါရှိသူ ဆိုရင်တော့ ခြေလှမ်း (၇၁-၉၀)အထိ၊အကွာအဝေးကတော့ (၃ ဒါမှမဟုတ် ၄ ကီလိုမီတာ )လျှော က်ပါ။ကျန်းမာရေးကောင်းသူဆိုရင်တော့ (၉၁-၁၁၀)ခြေလှမ်းနဲ့ အကွာအဝေး (၄ သို့ ၅ ကီလိုမီတာ)၊အားကစားအတွေ့အကြုံရှိသူ ပုံမှန်လေ့ကျင့်ခန်းလုပ်သူ ဆိုရင်တော့ ခြေလှမ်း (၁၁၀-၁၃၀)နဲ့ကိုယ်လျှောက်နိုင်သမျှ အကွာအဝေးကို များများ လျှောက်ပေးပါ။

READ
သင်သိဦးမှာ မဟုတ်တဲ့ အလေးမခြင်းကြောင့်ရရှိနိုင်မယ့် ခန္ဓာကိုယ်အကျိုးကျေးဇူးများ

Ref;brightside& wikihow

SHARE