ဟောက်တာရပ်ဖို့ နည်းလမ်းကောင်းလေးတွေ

လူတွေဟာ အသက်ကြီးလာတာကြောင့်ပဲဖြစ်စေ၊ ကျန်းမာရေးအခြေအနေတွေကြောင့်ပဲဖြစ်စေ၊စတဲ့ အကြောင်းအမျိုးမျိုးကြောင့် ညဘက်အိပ်ရာဝင်တဲ့အခါမှာ ဟောက်တတ်ကြပါတယ်။ အိပ်နေစဉ်မှာ အဟောက်ရပ်စေဖို့အတွက် The Mirror မှာဖော်ပြထားတဲ့ အကောင်းဆုံးနည်းလမ်းတွေကို အသုံးပြုပြီး နေ့စဉ်နေထိုင်မှုပုံစံကို ပြောင်းလဲနိုင်ပါတယ်။

ခန္ဓာကိုယ်အလေးချိန်နဲ့ အစားအသောက်ကို ထိန်းပါ။

ခန္ဓာကိုယ်မှာ အဆီပိုတွေ စုပြီး အလေးချိန်အနည်းငယ်တက်လာတာက ဟောက်စေနိုင်ပါတယ်။ လည်ပင်းမှာ စုလာတဲ့ အဆီပိုတွေက အသက်ရှူပေါက်ကို ညှစ်ထားသလိုဖြစ်တဲ့အတွက်ကြောင့် လေကအ၀င်အထွက် ရှောရှောရှူရှူမလုပ်နိုင်တာကြောင့်ဖြစ်ပါတယ်။

ဘေးတစောင်းအိပ်ဖို့ကြိုးစားပါ။

ပက်လက်အိပ်တာထက်စာရင် ဘေးဘက်စောင်းပြီးအိပ်တာက ပိုကောင်းပါတယ်။ ပက်လက်အိပ်နေတဲ့အခါ လျာ၊မေးစေ့နားတစ်ဝိုက်မှာ ရှိနေတဲ့ အဆီတစ်ရှူးတွေက လျော့ကျနေပြီး အသက်ရှူလမ်းကြောင်းကို ဖိထားတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ ဘေးဘက်စောင်းအိပ်တာက ဒီလိုဖြစ်စေတာကို ကာကွယ်နိုင်ပါလိမ့်မယ်။

အိပ်ရာမ၀င်ခင် အရက်သောက်တာရှောင်ပါ။

အရက်သောက်သုံးခြင်းက ကြွက်သားတွေကို ပုံမှန်အခြေအနေထက် ပိုမိုပြေလျော့စေပါတယ်။ လည်ချောင်းနဲ့ အာခံတွင်းထဲက ကြွက်သားတွေ အလွယ်တကူလျော့ကျလာတာကြောင့် အိပ်နေတဲ့ အခါဟောက်စေပါတယ်။

READ
Millennials အများစုမသုံးဖြစ်တော့တဲ့ နေ့စဉ်သုံးပစ္စည်းများ

ဆေးလိပ်ဖြတ်တာပဲဖြစ်ဖြစ်၊ လျော့သောက်တာပဲဖြစ်ဖြစ် ပြုလုပ်ပါ။

ဆေးလိပ်မီးခိုးက နှာခေါင်းပေါက်နဲ့ လည်ချောင်းထဲက အတွင်းသားတွေ ယောင်ယမ်းတာ နှာစေးချောင်းဆိုးတာတွေ ဖြစ်စေနိုင်ပါတယ်။ နှာခေါင်းပိတ်နေတဲ့အခါ အသက်ရှူရအခက်အခဲ ဖြစ်တဲ့အတွက်ကြောင့် အသက်ရှူနှုန်းလျော့ကျသွားတာကြောင့်ဖြစ်ပါတယ်။

အသက်ရှူလမ်းကြောင်းသန့်ရှင်းပါစေ။

အိပ်နေတဲ့အခါ အသက်ရှူလမ်းကြောင်းက ပိတ်နေတဲ့အခါမှာ နှာခေါင်းနဲ့ အသက်ရှူရမယ့်အစား ပါးစပ်နဲ့ အသက်ရှူရတာကြောင့် ဟောက်သံဖြစ်လာတာပါ။

ဆရာဝန်နဲ့ ဆွေးနွေးပါ။

တကယ်လို့များ အပေါ်ကဖော်ပြထားတဲ့ ပြဿနာတွေမရှိပဲ အိပ်နေတုန်း ဆက်ဟောက်နေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပြီး ဆရာဝန်ရဲ့ အကြံပြုချက်တွေကိုလိုက်နာသင့်ကြောင်းတင်ပြလိုက်ရပါတယ်။

အောက်မှာဖော်ပြထားတာကတော့ဟောက်တတ်တဲ့သူတွေ နေ့တိုင်းလုပ်ပေးနိုင်တဲ့ ခံတွင်းနဲ့ ပတ်သတ်တဲ့ လေ့ကျင့်ခန်းလေးတွေပါ။

  • လျာကို အာခေါင်အနောက်ဖက်အထိလျောတွန်းပေးပါ။
  • လျာကို အာခေါင်မှာ ဖိကပ်ပေးပါ။
  • လျာကို အရှေ့ဘက် အပေါ်အောက် သွားတွေနဲ့ ဖိကပ်ပေးပါ။
  • ပါးစပ်ကျယ်ကျယ်ဟပြီး အင်္ဂလိပ်အက္ခရာ A ကိုရွတ်ဆိုပေးပါ။
READ
မင်းသမီးချော Jennifer Lopez ရဲ့ စားသောက်ပုံနဲ့ ခန္ဓာကိုယ်ထိန်းသိမ်းနည်းများ

စာဖတ်သူများအနေနဲ့ သူတစ်ပါးကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ ဟောက်တတ်တဲ့ အကျင့်ဆိုးကကင်းလွတ်နိုင်ပါစေ။

လင်းလင်း(Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE