ကမ္ဘာကျော် အားကစားသမား တစ်ချို့ရဲ့ ငွေသုံးကြမ်းမှုကြီးများ

Image:IG/miketyson & cristiano/

အားကစားတစ်ခုခုမှာ ထူးချွန်ရင် ၀င်ငွေ တွေက အရမ်းကို တလဟော ၀င် တာပါ။မီလီယံ တွေ အများကြီး ချမ်းသာတဲ့  ကမ္ဘာ ကျော် အားကစား သမား တွေ အများကြီး ရှိပါတယ်။အဲ့ဒီအထဲကမှ ငွေ ကို ရေလို သုံးခဲ့ဖူးသူတ စ်ချို့ အကြောင်းကို ဖော်ပြေ ပးချင်ပါ တယ်။သာမန် လူတန်းစားတွေ အတွက် တော့ သူတို့ ငွေသုံးလိုက်တဲ့ နေရာ တွေ က ဖြုန်းတီးမှုကြီးလို့ မြင် ကောင်း မြင် နိုင် ပေမယ့် အရမ်း ချမ်းသာတဲ့ သူတို့ အတွက် တော့ ဒါက အပျင်းပြေ အသေးသုံး အဆင့် လောက်ပဲရှိပါတယ်။ဒီအကြောင်းကိုတော့ SCMP မှာ အခု လို ဖော်ပြထားပါတယ်။

Roger Federer

 

View this post on Instagram

 

A post shared by Roger Federer (@rogerfederer)

၂၀၂၀ ရဲ့ ၀င်ငွေ အမြင့်ဆုံး အားကစားသမားပါ။သူက တော့ 1960s Mercedes bus ကြီးကို ၀ယ်ပစ်ခဲ့ပါတယ်။သာမန်လူတွေ အမြင် တော့ ဒါကြီး ဘာ လုပ်ဖို့ လဲ ဆိုပြီး ထင် ကောင်း ထင်မိကြမှာပါ။သူက တော့ ဒါကြီးကို ၀ယ်ပြီး ဥ ရောပ တစ်ဝန်း မှာမောင်း မယ် ဆိုပြီး ၀ယ်ခဲ့တာပါ.

 

Lionel Messi

 

View this post on Instagram

 

A post shared by Leo Messi (@leomessi)

Lionel Messi  ဘယ်လောက်ထိ စိတ်ကြီးလဲ ဆိုတာကို တော့ ဒီဖြစ်ရပ်ကို ကြည့်ရင်သိနိုင်ပါတယ်။၂၀၁၃ ခုနှစ် တုန်းက စပိန်နိုင်ငံ  Castelldefels မှာ ရှိတဲ့ သူ့ အိမ် ကြီး မှာ အေးဆေးနေချင် ပေမယ့် ဆူညံ တဲ့ အိမ်နီးချင်းတွေ ကြောင့် စိတ်ဆင်း ရခဲ့ရပါတယ်။ဒါတွေ ကို မခံစားနိုင်တော့ လို့ ဆူညံ နေတဲ့ အိမ်နီးချင်းတွေရဲ့ အိမ်တွေကိုပါ ၀ယ်ပစ်ခဲ့ပါတယ်။

READ
၁၉-၅-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

 

LeBron James

 

View this post on Instagram

 

A post shared by LeBron James (@kingjames)

ဘတ်စကတ် ဘော သမား LeBron James  က တော့ သမီး အတွက် ငွေ ကို ရေ လို သုံးတဲ့ ဖေဖေ ကြီးပါ။၆ နှစ်အရွယ် သမီး Zhuri အတွက်အမေရိကန် ဒေါ်လာ ၂၃ သန်း တန် ကစားဖို့ အိမ် ၀ယ်ပေးခဲ့ပါတယ်။မိသားစု အိမ် နောက်ဖေး ကွက် လပ် ထောင့် နားမှာ ဆောက် ပေး ထားတာပါ။

Mike Tyson

 

View this post on Instagram

 

A post shared by Mike Tyson (@miketyson)

သူက တော့ ကျားမွေးရတာ ကြိုက်လို့ ကျားဖြူ သုံးကောင် မွေးထားပါတယ်။အဖြူရောင် Bengal ကျားတွေပါ။အဲ့ကျားတွေကို တစ်ကောင် ကို $70,000 ပေးပြီး ၀ယ်ထားတာပါ။Kenya, Storm, Boris လို့ နာမည် ပေးခဲ့ပါတယ်။နောက်ပိုင်း ကျားတွေ ကြီးလာ တော့ ဆက် မမွေးတော့ပဲ လက်လွှတ်လိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by // (@miketyson_1986)

Cristiano Ronaldo

 

View this post on Instagram

 

A post shared by Cristiano Ronaldo (@cristiano)

ကမ္ဘာ့ ပထမဆုံး ဘီလီယံနာ ဘောသမားက တော့ သူမျက်စိကျလာရင် အကုန် ၀ယ်တဲ့ လူမျိုးပါ။ဘယ်လောက် ထိ လဲ ဆိုရင် တော့ Madrid Wax Museum မှာ သူ့ ပုံတူ ဖယောင်း ရုပ်တုကို မြင် တော့ အရမ်းတွေ သဘောကျ ပြီး သူလည်း တစ်ခု လောက် လို ချင် သွား ခဲ့ပါတယ်။ဒါကြောင့် Artist Michael Wade ကို ငှားပြီး သူ့အိမ် အတွက် လည်း သူ့ပုံတူ ဖယောင်း ရုပ်တုကို ဖန်တီး ခိုင်း ခဲ့ပါတယ်။ $31,000 အကုန်အကျ ခံ ဖန်တီး ခဲ့ ရပြီး ပြတိုက်ထဲက ဟာနဲ့ မတူအောင် ယူနီဖောင်းသစ်၊ရှူး အသစ် နဲ့  ပြုလုပ်ခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Cristiano Ronaldo (@cristiano)

#SHWEMOM

SHARE