ပျိုမေတို့ ရှေ့ဆံပင်ကို ဆိုင်မှာ ညှပ်ပြီး ကိုယ့်စိတ်တိုင်းကျ မဖြစ်လာတာမျိုး ကြုံဖူးလား ။ ကိုယ်ညှပ်ခိုင်းတာနဲ့ တကယ်ရလာတာက လွဲနေတာမျိုး ကြုံဖူးလား ။ ကဲ … ဒါဆိုရင် ကိုယ့်အိမ်မှာ ကိုယ့်စိတ်တိုင်းကျ အရှေ့ဆံပင်လေးကို စတိုင်ကျကျညှပ်ချင်တဲ့သူတွေအတွက် ဒီနည်းလေးကို မျှဝေပေးလိုက်ပါတယ်။
- ရှေ့ဆံပင်တွေကို ရှေ့သို့ဖီးချလိုက်ပါ။
- ပြီးရင် ဆံပင်ခွဲကြောင်းကို သုံးကြောင်းခွဲပေးပြီး အလယ်က တစ်ကြောင်းကို ရှေ့တည်တည်မှာ ထားပေးပါ။
- သုံးကြောင်းခွဲပေးပြီး အလယ်ဆံပင်ကို ရှေ့တည့်တည့်မှာ ချ၊ ဘေးနှစ်ကြောင်းကို နားနောက် သက်ထားပေးပါ။ ခွဲလိုက်တဲ့ ပုံစံကတော့ ပုံထဲကအတိုင်း တြိဂံပုံစံဖြစ်နေရပါမယ်။
- ဆံပင်ညှပ်ဖို့ ကတ်ကြေးလေးကတော့ အသေးဆိုဒ်လေးပဲဖြစ်နေရပါမယ်။
- အရှေ့ဆံပင်လေးကို ကိုင်ပြီး ကတ်ကြေးနဲ့ နည်းနည်းချင်းစီ ညှပ်ပေးပါ။
- အလယ်ဆံပင်ကို နည်းနည်း ညှပ်ပြီးပြီဆိုရင်တော့ ဘေးက တစ်ကြောင်းကို ယူပေးပါ။ ပြီးရင် အလယ်အကြောင်းက ဆံပင်နဲ့ ညှိပြီး အပေါ်ကနေ တစ်စောင်း ညှပ်ပေးသွားပါ။ နောက်ဘေးတစ်ကြောင်းကို လည်း ထိုနည်းတူပဲ ညှပ်ပေးပါ။
- နောက်ဆုံးအနေနဲ့ ရှေ့ဆံပင်ကို ဆံပင်ဖြောင့်စက်နဲ့ပုံသွင်းပေးပါ။ အောက်မှာ ဗီဒီယိုဖိုင်နဲ့တကွ ဖော်ပြပေးထားလို့ အိမ်မှာ ကိုယ့်စိတ်တိုင်းကျ ညှပ်ကြည့်ကြရအောင်။ ။
source : youtube