ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲမှုကို သက်သာပျောက်ကင်းစေမည့် အစားအစာများ

အမျိုးသမီးများ လစဉ်ဓမ္မတာဖြစ်ပေါ်တဲ့အခါမှာ နာကျင်မှုတွေကို ခံစားရပါတယ်။ ဒါဟာ ခန္ဓာကိုယ်မှာရှိတဲ့ အာဟာရတွေ၊ ဓာတ်တွေချို့တဲ့နေတာကြောင့်လည်း ပါဝင်ပါတယ်။ ဒီလိုနာကျင်မှုတွေကို လျော့ပါးသက်သောစေတဲ့ အစားအစာလေးတွေရှိပါတယ်။

(၁) မဂ္ဂနီဆီယမ်

မဂ္ဂနီဆီယမ်ဓာတ် ကြွယ်ဝစွာပါဝင်တဲ့ ဖရုံစေ့၊ မြေပဲ၊ ချောကလက်၊ ဟင်းနုနယ်နဲ့ အစေ့အဆန်တွေဟာ ဓမ္မတာလာစဉ်ဖြစ်ပေါ်တတ်တဲ့ နာကျင်မှုဝေဒနာကို လျော့ပါးသက်သာစေပါတယ်။

(၂) ဂျင်း

ဂျင်းဟာ နာကျင်မှုဝေဒနာတွေကို သက်သာပျောက်ကင်းစေတဲ့ သဘာဝ ဆေးကောင်းတစ်လက်ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ရာသီလာနေတဲ့အချိန်မှာ ရေနွေးထဲကို ဂျင်းထည့်သောက်တာ၊ ဒါမှမဟုတ် ဂျင်းကို ဝါးစားပေးတာမျိုး ပြုလုပ်ပေးရင် နာကျင်မှုတွေ သက်သာ ပျောက်ကင်းသွားမှာပါ။

(၃) Fatty Acids

မိန်းကလေးတွေအတွက် ကောင်းမွန်တဲ့အဆီကို စားသုံးပေးခြင်းဟာလည်း အရမ်းကို အရေးပါပါတယ်။ ကျန်းမာတဲ့အဆီတွေဟာ ဟော်မုန်းပမာဏကို ညီမျှစေတာကြောင့် ဓမ္မတာလာနေစဉ် ဖြစ်ပေါ်တတ်တဲ့ နာကျင်မှုဝေဒနာတွေကို သက်သာပျောက်ကင်းစေပါတယ်။  ဒါကြောင့်မို့လို့ ကောင်းမွန်တဲ့အဆီတွေပါဝင်တဲ့ အုန်းသီး၊ ထောပတ်သီး၊ သံလွင်ဆီနဲ့ ကြက်ဥ၊ ငါးကြီးဆီတို့ကို စားသုံးပေးသင့်ပါတယ်။

READ
အမျိုးသမီးများဓမ္မတာလာစဉ် စားသင့်သည့်အစားအစာများ

(၄) ဗီတာမင်ဒီ (Vitamin D)

နေရောင်ခြည်ကရရှိတဲ့ ဗီတာမင်ဒီကို အမျိုးသမီးအများစုက လုံလောက်စွာ မရရှိကြပါဘူး။ ဒါကြောင့်မို့လို့ ငါးတွေ၊ နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ လိမ္မော်သီးဖျော်ရည်နဲ့ ပဲနို့ကို သောက်သုံးပေးရပါမယ်။ ဗီတာမင်ဒီဆေးတောင့်ကို ပုံမှန်မှီဝဲတဲ့ အမျိုးသမီးတွေဟာ ဓမ္မတာလာစဉ် နာကျင်မှုလျော့နည်းတာကို တွေ့ရှိရပါတယ်။

(၅) သံဓာတ်

သံဓာတ်ဟာ အမျိုးသမီးတစ်ယောက်ကို များစွာအထောက်အကူပြုပေးနိုင်တဲ့ မရှိမဖြစ်ဆေးကောင်းတစ်လက်ပါ။ ရာသီသွေးအများကြီးဆင်းခြင်း၊ သွေးခဲတွေဆင်းခြင်းဟာ သင့်ရဲ့ခန္ဓာကိုယ်မှာ သံဓာတ်ချို့တဲ့နေတဲ့ လက္ခဏာပါ။ နာကျင်ခြင်း၊ မအီမသာဖြစ်ခြင်း၊ နုံးချိအားနည်းခြင်းဟာလည်း ဒီလက္ခဏာပါပဲ။ ဒါကြောင့် သံဓာတ်အားဖြည့်ဆေး၊ ဒါမှမဟုတ် ဟင်းနုနွယ်၊ ပဲအမျိုးမျိုးတို့ကိုစားသုံးပေးပါ။

Em Em(Shwemom)
SHARE