ကိုယ်သဘောကျနေတဲ့ မိန်းကလေးဆီက ဖုန်းနံပါတ်ကို ဘယ်လိုပုံစံမျိုးနဲ့ ရအောင်တောင်းမလဲ ….

Pixabay-GustavoWandalen

ယောကျာ်းလေးတော်တော်များများရဲ့ စိတ်ထဲမှာ ကိုယ်ကြိတ်ကြိုက်နေတတ်တဲ့ မိန်းကလေး၊ ဒါမှမဟုတ် crush လို့ ခေါ်တဲ့ သူလေးတွေဆိုတာ ရှိတတ်ပါတယ်။ များသောအားဖြင့် ယောကျာ်းလေးဆိုတဲ့ အမျိုးက တစ်ခြားနေရာတွေ၊ အလုပ်ကိစ္စတွေ၊ လူမှုရေးကိစ္စတွေဆီမှာ အရမ်းတော်တတ်ကြပါတယ်။ ဒါပေမယ့် အဲဒီလိုလူမျိုးတွေဟာ ကိုယ်ကြိုက်နေတဲ့ မိန်းကလေးတစ်ယောက်အရှေ့ကို ရောက်သွားရင် အာစေးမိသလိုဖြစ်သွားပြီး သူလုပ်တဲ့ ကိစ္စတိုင်းဟာ အယောင်ယောင် အမှားမှားတွေ ဖြစ်သွားတတ်ကြပါတယ်။ ဒါကတော့ ထူးဆန်းတဲ့ ကိစ္စမဟုတ်ပါဘူး။ ဒါ့ကြောင့် ဒီနေ့မှာတော့ ကိုယ်ကြိုက်နေတဲ့ မိန်းကလေးတစ်ယောက်ဆီကနေ သူ့ဖုန်းနံပါတ်ကိုရအောင် ဘယ်လိုတောင်းကြမလဲဆိုတဲ့ အကြောင်းအရာလေးကို ဝေမျှချင်ပါတယ်။

Pixabay-JESHOOTS-com

ဒီခေတ်ကြီးမှာ မိန်းကလေးတစ်ယောက်ရဲ့ ဖုန်းနံပါတ်ကို သိချင်ရင် အလွယ်လေးပါပဲ။ ဒါပေမယ့် ကိုယ်ကြိုက်နေတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဖုန်းနံပါတ်ကို အဲဒီလိုမျိုး စုံစမ်းပြီးရတာပဲဖြစ်ဖြစ်၊ တစ်ခြားလူတစ်ယောက်ဆီကရတာမျိုးပဲဖြစ်ဖြစ် အဲဒီလိုဖုန်းဆက်ရတာ အရသာမရှိပါဘူး။ ဒါ့ကြောင့် ကိုယ်ကြိုက်နေတဲ့ မိန်းကလေးတစ်ယောက်ရဲ့ဖုန်းနံပါတ်ကို လိုချင်ရင် ပထမဦးဆုံး ရင်းနှီးအောင် အရင်လုပ်ပါ။ ဘယ်မိန်းကလေးမှ အခုတွေ့၊ အခုခင်တဲ့ သူစိမ်းယောကျာ်းတစ်ယောက်ကို ဖုန်းနံပါတ် မပေးတတ်ကြပါဘူး။

READ
Singleအမျိုးသမီးသိသင့်တဲ့ Relationshipနှင့် ပက်သက်တဲ့အချက်(၁၀)ချက်
Pixabay-nastya_gepp

မိန်းကလေးတိုင်းမှာ သူ့တန်ဖိုးနဲ့သူဆိုတာ ရှိတတ်ပါတယ်။ ဒါ့ကြောင့် အကောင်းဆုံးကတော့ အရင်ဆုံးခင်မင်အောင် လုပ်ပါ။ တစ်ယောက်နဲ့တစ်ယောက် တော်တော်လေးခင်နေပြီဆိုတဲ့ အချိန်ရောက်မှာ အဲဒီမိန်းကလေးရဲ့ ဖုန်းနံပါတ်ကို အကြောင်းကိစ္စတစ်ခုခုပြပြီး တောင်းပါ။ ဥပမာ- ကိုယ်ကြိုက်နေတဲ့ မိန်းကလေးလေးက အတန်းအတူတူတက်တဲ့သူပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်ထဲက လုပ်ဖော်ကိုင်ဖက်ပဲဖြစ်ဖြစ် ကိုယ်မလာနိုင်တဲ့ ရက်တွေမှာ ခွင့်တိုင်ခိုင်းဖို့ကိစ္စတွေ၊ နားမလည်တဲ့ စာတွေမေးဖို့ကိစ္စတွေ အစရှိတာတွေကို မေးမြန်းဖို့ဆိုပြီး ဖုန်းနံပါတ်ကို တောင်းလိုက်ပါ။ အဲဒီလိုမျိုး ဖုန်းနံပါတ်ရသွားပြီဆိုရင်လည်း အချိန်ရှိသရွေ့ တောက်လျှောက်မဆက်ဖို့လည်း လိုပါတယ်။

Pixabay-Mimzy

Pyi Hein Kyaw

SHARE