နှုတ်ခမ်းသားလေးကိုနူးညံ့ချောမွေ့ပြီး ပန်းသွေးရောင်လေးသမ်းလာစေမယ့် လျှို့ဝှက်ချက်

နေ့စဉ်သုံးတဲ့ နှုတ်ခမ်းနီတွေနဲ့ ရေဓာတ်မလုံလောက်မှုကြောင့် ပျိုမေတို့ရဲ့ နှုတ်ခမ်းသားတွေ ခြောက်သွေ့အက်ကွဲတာ၊ ညိုမဲနေတာတွေ ဖြစ်တတ်ပါတယ်။ ဒီအတွက်မပူပါနဲ့။ ရေများများသောက်ပြီး ခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေကို လုပ်ကြည့်လိုက်ရင် ပန်းသွေးရောင်သမ်းတဲ့ နှုတ်ခမ်းလေးကို ရရှိမှာပါနော်။

(၁) Veseline နဲ့ ပျားရည်

ပထမဆုံးပျားရည်ကို နှုတ်ခမ်းမှာအရင်လိမ်းပါ။ ပြီးရင် Veseline ကို အပေါ်ကနေ ထပ်လိမ်းပေးပါ။ မိနစ် ၂၀ လောက်အကြာမှာ ရေစိုဝတ် (သို့) တစ်ရှူးအစိုနဲ့ သုတ်ပေးပါ။ တစ်နေ့တစ်ခါလုပ်ပေးရင် တစ်ပတ်အတွင်းထူးခြားကောင်းမွန်တဲ့ ရလဒ်ကိုရရှိမှာဖြစ်ပါတယ်။

(၂) နှင်းဆီပွင့်ဖတ်နဲ့နွားနို့စိမ်း

နှင်းဆီပွင့်ဖတ်တွေကိုခြွေပြီး နွားနို့ထဲကို ၄ နာရီလောက်စိမ်ထားလိုက်ပါ။ ပြီးရင် နှင်းဆီပွင့်ဖတ်တွေကို ခြေလိုက်ပါ။ အဖတ်လေးတွေဖြစ်လာပြီဆိုရင် နှုတ်ခမ်းကိုအုံပေးလိုက်ပါ။ မိနစ် ၂၀ လောက်ထားပြီး ရေအေးနဲ့ဆေးချလိုက်ပါ။ ပုံမှန်လေးပြုလုပ်ပေးရင် တစ်ပတ်အတွင်းသိသာတဲ့ ရလဒ်ကိုရရှိမှာဖြစ်ပါတယ်။

READ
မိန်းကလေးတွေ အသည်းကွဲပြီးရင် ပိုလှလာရတဲ့ အကြောင်းအရင်း

(၃) ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်ကိုလှီးပြီး အထဲကအနှစ်ကိုထုတ်လိုက်ပါ။ အဲဒီ့အနှစ်လေးကို နှုတ်ခမ်းမှာလိမ်းပြီး အိပ်လိုက်ပါ။ ညတိုင်းပုံမှန်လုပ်ပေးရင် တစ်ပတ်အတွင်းထူးခြားသိသာတဲ့ ရလဒ်ကိုရရှိမှာပါ။

Em Em(Shwemom)
Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
SHARE