သင့်နှာခေါင်း ပေါ်မှာ ရှိနေတဲ့ ၀က်ခြံက သင့်ကို ရုပ်ဆိုးစေပါတယ်။ သင်မှာ အရေးတကြီးသွားစရာရှိနေရင် နှာခေါင်းပေါ်မှာ ရှိနေတဲ့ဝက်ခြံက ကြည့်ရဆိုးနေမှာပါ။ ဒါကြောင့် ဒီလိုနည်းတွေ နဲ့ ပျောက်အောင် လုပ်နိုင်ပါတယ်။
(၁) သံပရိုရည်
သံပရိုရည်မှာ ၀က်ခြံကို ခြောက်ပြီး သန့်စင်သွားစေမယ့် အက်ဆစ်ဓာတ်ပါတယ်။ သံပရိုသီးမှာ ရတဲ့ အရည်ကတော့ အထိရောက်ဆုံးပါပဲ။ ပါဝင်ပစ္စည်း – သံပရိုရည် နဲ့ ဂွမ်း ။
- သံပရိုသီးကို အရည်ညှစ်ထုတ်ပေးပြီး ရလာတဲ့အရည်ကို ဂွမ်းနဲ့တို့ပေးပြီး နှာခေါင်းပေါ်ကို လိမ်းပေးပါ။
- (၁၅)မိနစ် လောက်အခြောက်ထားပေးပါ။
- ပြီးရင်တော့ ရိုးရိုးရေနဲ့ဆေးပေးပါ။
(၂) ရေခဲ
ရေခဲကတော့ နှာခေါင်းပေါ်က ၀က်ခြံတွေကို ပျောက်ကင်းစေနိုင်တဲ့ ဆေးတစ်မျိုးပါ။ ရေခဲက ရောင်ရမ်းပြီး နီနေတာတွေကို လျော့နည်းစေပြီး ၀က်ခြံအရွယ်ဆိုဒ်ကိုလည်း သေးသွားစေတယ်။ ပါဝင်ပစ္စည်း – ရေခဲတုံး နဲ့ အ၀တ်စ ။
- ရေခဲကို အ၀တ်စထဲ ထည့်ပေးပြီး ၀က်ခြံပေါ်ကို မိနစ် (၂၀) လောက်ဖိထားပေးပါ။
- လိုအပ်သလို နာရီခြားပြီး လုပ်ပေးပါ။
(၃) Apple Cider Vinegar (ACV)
ACV က ရောင်ရမ်းတာတွေ နဲ့ နီရဲတာတွေကို လျော့ချပေးတယ်။ နောက်ပြီး အသားအရေ မညီဖြစ်တာတွေကို ထိန်းညှိပေးတယ်။ ပါဝင်ပစ္စည်း – Apple Cider Vinegar (၁-၂)စက် ။
- ACV ကို ၀က်ခြံပေါ်မှာ အဓိကထားလိမ်းပေးပြီး အခြောက်ခံပေးပါ။
- (၁၅)မိနစ်နေရင်တော့ ဆေးပေးပါ။
(၄) သွားတိုက်ဆေး
သွားတိုက်ဆေးကတော့ ၀က်ခြံတွေကို လုံးဝမပျောက်စေပေမယ့် ၀က်ခြံကို သေးသွားစေပြီး ခြောက်သွားစေတယ်။ ပါဝင်ပစ္စည်း – သွားတိုက်ဆေး ။
- သွားတိုက်ဆေး နည်းနည်းနဲ့ ၀က်ခြံကို တို့ပေးပြီး တစ်ညလောက်သိပ်ထားပေးပါ။
- မနက်ရောက်ရင်တော့ ရေအေး နဲ့ မျက်နှာ သစ်ပေးပါ။
- မပျောက်ခင်အထိ သွားတိုက်ဆေးကို လိမ်းပေးပါ။
source : stylecraze