လမ်းခွဲသင့်ပြီဆိုတာကို ပြသနေသောလက္ခဏာများ

အချစ်ခရီးလမ်းတစ်ခုမှာ အခက်အခဲအဟန့်အတားတွေဟာရှိစမြဲပါ။ တစ်ခါတစ်လေမှာ တစ်ချို့အဟန့်အတားတွေကို
ကျော်ဖြတ်ပြီးမှ ကြည်နူးစရာကောင်းတဲ့အချိန်တွေဖြစ်လာပေမဲ့ ၊တစ်ခါတစ်လေမှာတော့ ဒါတွေကျော်ဖြတ်ပြီးမှ သင့်
ချစ်သူဟာလူကောင်းတစ်ယောက်ဖြစ်ရင်တောင်၊ ကိုယ်နဲ့ရှေ့ဆက်ဖို့မဖြစ်နိုင်တော့တဲ့အခြေအနေတွေလည်းရှိသွားနိုင်
ပါတယ်။ ဒီတော့သင်ဟာသင့်ချစ်သူနဲ့ပြတ်သင့်နေပြီဆိုတာဘယ်လိုသိနိုင်မလဲ?

(၁) သူနဲ့ပတ်သတ်တာဆို အသေးအဖွဲကအစအမြင်မကြည်တော့ဘူးဆိုရင်

ဥပမာ-သူ့ရဲ့အဝတ်အစား Designတွေ၊ အကြိုက်တွေက သင်သဘောကျတဲ့ပုံစံမဟုတ်ပေမယ့်လည်း၊ အရင်တုန်းက
ဒါဟာသင့်အတွက်ကြီးကျယ်တဲ့ကိစ္စမဟုတ်ခဲ့ပါဘူး။ဒါပေမဲ့အခုချိန်မှာ သင်ဟာ သူ့ပုံစံ ၊သူ့အပြင်အဆင်ကိုကြည့်ပြီး “ဘာတွေဝတ်နေပါလိမ့်? စိတ်ပျက်စရာပဲ ! ဒီလိုပုံစံကြီးကိုငါကြိုက်နေတာလား?” စသဖြင့်သူနဲ့တွဲရမှာကိုပဲ စိတ်ညစ်သလိုလို၊ စိတ်ပျက်သလိုလိုဖြစ်လာပြီဆိုရင်  သင်ပြန်စဉ်းစားပါတော့ ။ ရှေ့ဆက်မှာလား ၊လမ်းခွဲမှာလားဆိုတာ
သင့်နှလုံးသားကိုပြန်စမ်းစစ်ပါတော့။

(၂) ဘာမဟုတ်တာလေးအတွက်နဲ့ ငြင်းခုန်နေတယ်ဆိုရင် 

why-do-couples-argue

ချစ်သူတွေဟာ ရန်ဖြစ်လေပိုချစ်လေ ဆိုတာမှန်ပါတယ်။ ဒါပေမယ့်လည်း ဘာမဟုတ်တာလေးနဲ့ ကြိမ်ဖန်များစွာရန်ဖြစ်တာကတော့ နှစ်ဖက်စလုံးကို စိတ်အနှောင့်အယှက်တွေပဲ တိုးစေပါတယ်။ ဒါနဲ့ပဲတဖြည်းဖြည်း ဆိုးရွားတဲ့ Relationship ပဲဖြစ်လာမှာပါ ။ ဒါတွေဟာ ဆက်ဖြစ်နေမယ်ဆိုရင် သင့်ချစ်သူနဲ့ရှေ့ဆက်ဖို့သေချာပြန်စဉ်းစားဖို့လိုပါပြီ။

(၃) သင်တို့နှစ်ယောက်ထဲက တစ်ယောက်ယောက်က ရည်းစားဟောင်းကို မမေ့သေးနိုင်ဖူးဆိုရင်

သင်ကသင့်ရည်းစားဟောင်းကိုမမေ့နိုင်တာမျိုး  (ဒါမှမဟုတ်) သင့်ချစ်သူကသူ့ ည်းစားဟောင်းကိုမမေ့နိုင်တာမျိုး၊
တစ်ယောက်ရည်းစားဟောင်းကိုတစ်ယောက်က လိုက်သဝန်တိုတာမျိုးတွေရှိနေတာဟာ သင့် Relationship ကို
ပျက်စီးစေနိုင်ပါတယ်။ ဒါဟာ သင့်ဘဝတစ်လျှာက်လုံးအဓိပ္ပါယ်မဲ့တဲ့လုပ်ရပ်တွေလုပ်နေသလိုပါပဲ။ ဒီလိုတွေဖြစ်လာပြီ
ဆို သင့် Relationship ကိုရပ်တန့်သင့်တာအသေအချာပါပဲ။

(၄)သင့်ချစ်သူနဲ့အတူရှိတဲ့အချိန်တွေထက် တစ်ခြားအချိန်တွေကပိုကောင်းတယ်လို့ခံစားမိလာရင် 

ဒီလိုခံစားချက်မျိုးရှိလာတာဟာသင်သူနဲ့ဘယ်လိုမှမပျော်ရွှင်နိုင်တော့လို့ပါ။ အရင်တုန်းက သူနဲ့အတူရှိနေရင်ပျော်ရွှင်
ရမယ်လို့မှားယွင်းစွာထင်ခဲ့ပေမယ့်လည်း၊ အမှန်တရားကိုသိချိန်မှာ လမ်းခွဲလိုက်တာအကောင်းဆုံးပါပဲ။

(၅)သင့်အချစ်ရေးဟာ ရှေ့ဆက်မသွားတော့ဘူးဆိုရင် 

သင်တို့နှစ်ယောက်ရဲ့အချစ်ရေးဟာ တိုးတက်မလာဘဲ၊ တစ်နေရာတည်းမှာပဲနစ်မြှုပ်နေမယ်ဆိုရင်တော့ သင်လျှောက်
လှမ်းချင်တဲ့ အနာဂတ်ချစ်ခရီးပန်းတိုင်ကို ဘယ်လိုမှမရောက်နိုင်တော့ပါဘူး။ သင်တို့နှစ်ယောက်ထဲကတစ်ယောက်က
သင်တို့ Relationship ကိုရပ်တန့်ချင်နေပြီဆိုရင် ၊အဲ့ဒီနေရာမှာပဲရပ်လိုက်တာပိုကောင်းပါတယ်။

READ
ကောင်မလေးတွေ သင့်ကို ပြောပြမှာမဟုတ်တဲ့ ထိပ်တန်းလျှို့ဝှက်ချက်(၅)ခု

(၆) အကြိမ်ကြိမ်ပြတ်လိုက်ပြန်တွဲလိုက်ဖြစ်နေပြီဆိုရင်

ချစ်သူတွေ တွဲလိုက်ပြတ်လိုက်ဖြစ်တာဟာ တစ်ကြိမ်၊နှစ်ကြိမ်လောက်က မပြောပလောက်ပေမယ့် ၊ ဒီ့ထက်ပိုသွားပြီ
ဆိုရင်တော့ Relationship တစ်ခုဟာဘယ်လိုမှနဂိုအတိုင်းမကောင်းနိုင်တော့ပါဘူး။ အထုံးတွေများနေတဲ့ Relationship တစ်ခုဟာ စိတ်ပိုင်းဆိုင်ရာကိုလည်း သံသယတွေနဲ့ရှုပ်ထွေးစေပါတယ်။ ဒါ့ကြောင့်ရေရှည်
ဆက်ပတ်သတ်ဖို့သင့်မသင့် ဆုံးဖြတ်သင့်ပါပြီ။

(၇)ဦးတည်ချက်မတူညီတဲ့လမ်းတွေကိုလျှောက်နေကြပြီဆိုရင် 

သင်ဟာ သင့်ချစ်သူနဲ့အတူလျှောက်လှမ်းမယ့်အနာဂတ်ခရီးနဲ့ပတ်သတ်ပြီးမျှော်လင့်ထားတာတွေရှိကောင်းရှိနိုင်ပါ
တယ် ။ ဒါပေမဲ့ သင်မျှော်လင့်ထားတာတွေဟာ သင့်ချစ်သူမျှော်လင့်ထားတာတွေနဲ့တခြားစီဖြစ်နေမယ်ဆိုရင်တော့၊
ရှေ့မဆက်တော့တာကောင်းပါတယ်။ ဒါဟာ သင်တို့ရဲ့အမြင်တွေ၊ ခံယူချက်တွေ ကွဲပြားတယ်ဆိုတဲ့သဘောပါ။
အိမ်ထောင်တစ်ခုကိုအချစ်တစ်ခုတည်းနဲ့တည်ဆောက်လို့မရပါဘူးဆိုသင်သိသင့်ပါတယ်။

(၈)သင်ဟာသင်မဟုတ်တဲ့အခြားလူလိုခံစားရရင် 

သင်ဟာ သင့်ချစ်သူနဲ့ရှိနေတဲ့အချိန်တိုင်း တစ်ခြားတစ်ယောက်လိုခံစားနေရရင် (ဥပမာ သင်ဟာအရင်ကလောက်
မတက်ကြွတော့တာမျိုး ၊ စိတ်ဖိစီးနေတာရတာမျိုး၊ ရုပ်ပိုင်းဆိုင်ရာဆိုလည်း ဝမ်းနည်းတဲ့ပုံစံတွေ၊ အသံတွေ ဖြစ်လာ
တာမျိုး) ဆိုရင်တော့ သင်သူနဲ့ရှေ့မဆက်သင့်တောပါဘူး။

(၉)ခံစားချက်မဲ့မဲ့ ရှင်သန်နေရသလိုဖြစ်လာရင်

သင်ဟာသင့်ချစ်သူနဲ့အတူတူ ချိန်းတွေ့မယ်၊ တစ်နေ့လုံးလျှောက်လည်မယ်။ ဒါပေမယ့် သင်ဟာပျော်ရွှင်မနေပဲ ၊
လူပျင်းတစ်ယောက် ပျင်းသလိုခံစားနေရမယ်ဆိုရင် သင်ဟာ သင့်Relationship အပေါ်ခံစားချက်မဲ့နေပါပြီ ။
အတူတူသွားလာနေရပေမဲ့၊ စက်ရုပ်တစ်ရုပ်လိုပဲခံစားနေရပြီဆိုရင် သင်တကယ်ဘာဖြစ်ချင်လဲဆိုတာသေချာပြန်
စဉ်းစားဖို့လိုပါပြီ။

(၁၀) မှားယွင်းတဲ့ ရန်ဖြစ်ခြင်းတွေ ဖြစ်နေရင်

တစ်ယောက်နဲ့တစ်ယောက် ကျီစယ်သလိုရန်ဖြစ်တာဟာ သိပ်ပြဿနာမရှိပေမဲ့၊ လိမ်ညာပြောပြီးရန်အကြီး
အကျယ်ဖြစ်တာကတော့ဆိုးရွားပါတယ်။ရန်ဖြစ်လိုက်တိုင်း အမြဲလိမ်ညာ ပြောဆိုတာမျိုးရှိလာပြီဆိုရင် သင်သူ့ကို
လမ်းခွဲဖို့သင့်နေပါပြီ။

(၁၁) ယုံကြည်မှုတွေလုံးဝမရှိတော့ဘူးဆိုရင်

READ
အကြင်နာလေးတွေ ရပ်လိုက်သင့်တဲ့ အချိန်

သင်ဟာသင့်ချစ်သူအပေါ် အချိန်ပြည့်သံသယတွေ ၊သဝန်တိုစိတ်တွေ ဖြစ်နေပြီဆိုရင် ဒါဟာရှေ့မဆက်သင့်တော့
ဘူးဆိုတာသေချာနေပါပြီ ။နောက်ပြီးဒီလိုယုံကြည်မှုမရှိတာကြောင့် သင့်ချစ်သူကလည်းသင့်ကို အချိန်မရွေးသစ္စာ
ဖောက်သွားနိုင်ပါတယ်။ ဒါ့ကြောင့်ယုံကြည်မှုတွေပျက်သုဉ်းလာရင် လမ်းခွဲတာအကောင်းဆုံးပါ။

(၁၂)အပြစ်အနာအဆာတွေတွေးလာပြီဆိုရင်

သင်ဟာ တစ်ခါတစ်လေ လက်ရှိ Relationship ထက်ပိုကောင်းတဲ့ဟာကို တွေးမိပါလိမ့်မယ်။ဥပမာ- သင်ဟာ
ပိုအောင်မြင်တဲ့ ၊ပိုခန့်ညားတဲ့၊ သင့်ဘဝအတွက်ပိုလုံခြုံစိတ်ချရတဲ့ ယောက်ျားတစ်ယောက်ကို စိတ်ကူးယဉ်နေမိ
တာမျိုးပါ ။ဒီလိုစိတ်ကူးယဉ်တဲ့အခါ သင့်လက်ရှိအချစ်ရေးရဲ့ ဟာကွက်တွေ၊ သင့်လက်ရှိချစ်သူရဲ့အပြစ်အနာအဆာ
တွေကိုမြင်လာပါလိမ့်မယ်။ဒီလိုအခြေအနေမှာတော့ သင့်လက်ရှိRelationship ကိုရပ်တန့်ဖို့စဉ်းစားသင့်နေပါပြီ။

(၁၃) လိင်ကိစ္စတစ်ခုအတွက်သာပတ်သတ်နေခြင်း

သင်ဟာသင့်ချစ်သူနဲ့ လိင်ကိစ္စမှာသာ အဆင်ပြေပြီး ၊ကျန်တဲ့အချိန်တွေမှာ အဆင်မပြေတာမျိုး ၊မပျော်ရွှင်တာမျိုး၊
ခံစားချက်တွေမဲ့နေတာမျိုးဖြစ်နေပြီဆိုရင်တော့သင်တို့နှစ်ယောက်ရှေ့ဆက်ဖို့မဖြစ်သင့်တော့ပါဘူး။

(၁၄) သင့်ချစ်သူအတွက်ပြောင်းလဲတာတွေမလုပ်ချင်တော့ဘူးဆိုရင်

Relationship တစ်ခုတည်ဆောက်တာဟာ သင့်ရဲ့အချိန်တွေ၊ အားအင်တွေ ၊စိတ်ခံစားချက်တွေ ၊ယုံကြည်မှုတွေ
ကိုမြှုပ်နှံခြင်းပါပဲ။ဒါကြောင့်မကောင်းတာတွေ၊မှားယွင်းတာတွေရှိရင် ပြန်ပြုပြင်ပြောင်းလဲမှသာ ပိုကောင်းတဲ့ Relationship ကိုရနိုင်မှာပါ။ဒါပေမဲ့သင်ဟာ ဒီလိုတွေပြုပြင်ပြောင်းလဲတာမျိုး မလုပ်ချင်တော့ဘူးဆိုရင်တော့
သင့်ရဲ့ Relationship ဟာအဆုံးသတ်ကိုရောက်ရှိနေပြီဆိုတာ သိသင့်ပါပြီ။

(၁၅) သင်ဟာဒီအချက်တွေကိုသိချင်လို့ဒီစာကို ဖတ်နေပြီဆိုရင် 

သေချာပါတယ် သင်သူ့ကို လမ်းခွဲဖို့ဆန္ဓရှိနေပါပြီ ။ သင်လုပစရာရှိတာသာဆက်လုပ်ပါ ။သမုဒ္ဒရာထဲမှာ ငါးတွေ
အများကြီးပါ။ သင်ဟာအကောင်းဆုံးတွေနဲ့ထိုက်တန်ပါတယ်။ သင်မပျော်ရွှင်တော့ရင် လမ်းခွဲလိုက်ပါ။ ဒါ့အတွက်
တစ်ဖက်သားအပေါ် အကြွေးတင်သလိုလည်းခံစားမနေပါနဲ့ ။ကိုယ်မပျော်ရွှင်ရင် တစ်ဖက်လူကိုလည်းပျော်ရွှင်အောင်ထားနိုင်မှာမဟုတ်ပါဘူး ။

ဒါ့ကြောင့်သေချာတွေးပါ ။ဆုံးဖြတ်ပါ။ ဘယ်လိုမှရှေ့ဆက်ဖို့မဖြစ်နိုင်ရင် နောက်ဆံမတင်းဘဲပြတ်ပြတ်သားသား
လမ်းခွဲလိုက်ပါ။

Shwemom

SHARE