ကိုယ့်ကိုဘယ်တော့မှပြန်ချစ်လာမှာမဟုတ်တဲ့သူကို စွန့်လွှတ်နိုင်ဖို့ နည်းလမ်းများ

ကိုယ့်ကိုပြန်မချစ်နိုင်တဲ့သူကိုမှ ချစ်မိနေတာကလည်း ဒုက္ခတစ်မျိုးပါပဲနော်။ သူ့ကြောင့် အမြဲနာကျင်ရပေမယ့် သူ့ကို လက်မလွှတ်နိုင်တဲ့အခါ နှလုံးသားထဲမှာ ဒဏ်ရာက နက်သထက်နက်လာပြီး ပူလောင်ပြီးရင်း ပူလောင်နေရမှာပါ။ ဒါကြောင့် ကိုယ့်ကိုယ်ပြန်မချစ်နိုင်မှန်း၊ ဘယ်လိုမှ အခြေအနေမပေးမှန်း သေချာနေတဲ့လူတစ်ယောက်ကို ဘယ်လိုစွန့်လွှတ်ရမလဲ ဆိုတဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အမှန်တရားကိုလက်ခံပါ

တစ်ခါတလေ သူကကိုယ့်ကို ဘယ်လိုမှ မချစ်နိုင်ဘူးဆိုတဲ့ အမှန်တရားကြီးကို လက်ခံဖို့က ခက်ခဲလှပါတယ်။ ဒါပေမယ့် ဒါကို လက်မခံသရွေ့ သင်နာကျင်နေရဦးမှာပါ။ ဒါကြောင့် ဘာမှ မလုပ်ခင် အရင်ဦးဆုံး ဒီအမှန်တရားကြီးကို အရင်ဦးဆုံး လက်ခံလိုက်ပါ။ ဒါအရေးကြီးဆုံး အချက်ပါပဲ။

(၂) ဆက်မကြိုးစားပါနဲ့တော့

လူတစ်ယောက်ရဲ့ အချစ်ကို လုပ်ယူလို့မရပါဘူး။ အချစ်ဆိုတာမျိုးက ဖန်တီးယူရတာ မဟုတ်ပါဘူး။ ဒါကြောင့် သင့်ကို သူစိတ်ဝင်စားလာအောင်၊ သတိထားမိလာအောင်၊ ချစ်လာအောင်ကြိုးစားနေတာတွေကို ရပ်လိုက်ပါတော့။ သင်ဘယ်လိုလုပ်လုပ် သူချစ်လာမှာ မဟုတ်ပါဘူး။ ဆက်ကြိုးစားနေရင်တော့ သင့်ရဲ့ဂုဏ်သိက္ခာတွေ ကျဆင်းပြီး နာမည်ပျက်လာတာပဲ အဖတ်တင်ပါလိမ့်မယ်။

READ
ရှုံးနိမ့်မှုတွေကို အောင်မြင်မှုအဖြစ် ဘယ်လိုပြောင်းလဲမလဲ

(၃) သူ့အကြောင်းတွေကို မသိချင်ပါနဲ့တော့

သူဘာလုပ်တယ်၊ ဘယ်သွားတယ်၊ ဘယ်သူနဲ့လဲ ဆိုတာတွေကို အသည်းအသန်လိုက် စုံစမ်းပြီး ခြေရာခံနေတာတွေ အားလုံးကို ရပ်လိုက်ပါတော့။ အဲဒါတွေလုပ်မယ့်အစား သင့်ကိုယ်သင်လှအောင်ပြင်၊ လျှောက်လည်၊ မုန့်စားပြီး သင့်ကိုယ်သင် ပျော်ပျော်ရွှင်ရွှင်ထားတာ ပိုပြီး ဖြစ်သင့်ပါတယ်။ social mediaတွေမှာလည်း သူနဲ့ ပတ်သက်တဲ့အရာတွေကနေ သင်နှုတ်ထွက်လိုက်ပါ။

(၄) သင့်ကိုသင်မလိမ်ပါနဲ့

သင့်အပေါ်ကိုသူ ကောင်းကောင်းမွန်မွန် ဆက်ဆံနေပေမယ့် သင့်ကို မချစ်ဘူးဆိုတာကို သင်သိနေပါတယ်။ ဒါကိုသင် လက်မခံချင်ပဲ ကိုယ့်ကိုယ်ကို ညာနေတာတွေရပ်လိုက်ပါတော့။ သူ့ဘက်က ဖြည့်တွေးပေးနေတာတွေလည်း မလုပ်ပါနဲ့။ သင့်ကို မချစ်တာက မချစ်တာပါပဲ။ တစ်ခါတလေ အမှန်တရားက ခါးပေမယ့် နောက်ကျရင် ဒီအမှန်တရားကပဲ သင့်ကို ပြန်နှစ်သိမ့်ပေးမှာပါ။

READ
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပျက်စီးစေသည့်အပြုအမူများနှင့်ရှောင်ကြဉ်နည်းများ

Em Em (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

 

SHARE