အေးစက်နေတဲ့ Relationship ကို ပြန်လည်နွေးထွေးအောင် ပြုလုပ်နိုင်မယ့် နည်းလမ်း(၅)မျိုး

Pixabay-dai_nguyen

Relationship တစ်ခုဟာ အချိန်ကြာလာတာနဲ့အမျှ သွေးအေးလာတာတွေ ရှိလာတတ်ပါတယ်။ အဲဒီလို ကိစ္စမျိုးကတော့ နှစ်ရှည်တွဲလာတဲ့ Relationship တွေမှာ အဖြစ်အများဆုံးပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် တွဲရတာ ရိုးအီလာတာတွေ၊ ဖုန်းမပြောချင်တာတွေ၊ မတွေ့ချင်တော့တာတွေ အစရှိသဖြင့် ဖြစ်တတ်ကြပါတယ်။ ဒီလိုမျိုးဖြစ်လာလို့လည်း တစ်ယောက်နဲ့တစ်ယောက် အပြစ်တင်စရာမလိုပါဘူး။

ပီကေတစ်ခုတောင်မှ ဝါးတာကြာလာတာနဲ့ အချိုကုန်သွားတာမျိုးတွေ ဖြစ်လာတတ်တာ သဘာဝပါပဲ။ ဒါပေမယ့် ပီကေက အချိုကုန်သွားရင် အလွယ်တကူထွေးထုတ်လို့ ရတာမှန်ပေမယ့် နှစ်ရှည်များစွာ တည်ဆောက်လာတဲ့ Relationship တစ်ခုကို စိတ်တိုင်းမကျတာနဲ့ ဖြတ်ပစ်လိုက်စရာမလိုပါဘူး။ အရင်လို ပြန်နွေးထွေးအောင် ပြုလုပ်လို့ရတဲ့ နည်းလမ်းလေးတွေ ရှိပါတယ်။ ဒါ့ကြောင့် ဒီနေ့မှာတော့ အေးစက်နေတဲ့ Relationship တစ်ခုကို နွေးထွေအောင် ဘယ်လိုမျိုး ပြန်လုပ်ရမလဲဆိုတဲ့ အကြောင်းအရာလေးကို ပြောပြပေးသွားချင်ပါတယ်။

Pixabay-lambhappiness

၁။ တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံကြပါ

တစ်ချို့အတွဲတွေဟာ ဘယ်လောက်ပဲ အချိန်ကြာမြင့်စွာ တွဲလာတွဲလာ၊ သူတို့စိတ်ထဲမှာ ဖြစ်နေတဲ့ အရာတွေကို ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံတာမျိုးတွေ မရှိကြပါဘူး။ အဲဒီလို ပွင့်ပွင့်လင်းလင်း မပြောကြပဲ စိတ်ထဲမှာပဲ ထည့်ထားတဲ့အတွက် တစ်ယောက်ခံစားချက်ကို တစ်ယောက်က ကောင်းကောင်း မသိနိုင်ကြပါဘူး။ ဒါ့အပြင် ပေါက်ကွဲတဲ့အခါကျရင်လည်း သူများတွေထက်ပိုပြီး ပေါက်ကွဲလေ့ရှိတာကြောင့် အခန့်မသင့်ရင် ပြတ်စဲသွားတဲ့အထိကို ဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ဘယ်အချိန်မှာမဆို တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်း ဆက်ဆံပြောဆိုတာဟာ အကောင်းဆုံးပါပဲ။

READ
အရမ်းချစ်ခဲ့ရတဲ့သူကို စွန့်လွှတ်နိုင်ဖို့ ဘယ်လိုလုပ်ရမလဲ

၂။ အဆင်မပြေတာတစ်ခုခုဖြစ်တိုင်း အဲဒါကြီးကိုပဲ ခေါင်းထဲမှာ မထည့်ထားပါနဲ့

“ငါသူနဲ့ အဆင်မပြေဘူး”ဆိုတဲ့ စိတ်ကြီးကိုလည်း အချိန်ပြည့် ကိုယ့်ရဲ့စိတ်ထဲမှာ မထည့်ထားပါနဲ့။ အဲဒီအရာကြီးကို စိတ်ထဲထည့်ထားပြီး တွေးတောနေသရွေ့တော့ သင်ဘယ်တော့မှ သင့်ချစ်သူနဲ့ အဆင်ပြေမှာ မဟုတ်ပါဘူး။ အဲဒီအစား ငါသူနဲ့ အဆင်ပြေအောင် ဘယ်လိုလုပ်ရမလဲ၊ သူအဆင်ပြေအောင် ငါဘယ်လိုနေပေးရမလဲ အစရှိသဖြင့် သူ့အတွက်သာ ဦးစားပေးပြီး တွေးတောကြည့်ပါ။

Pixabay-Up-Free

၃။ သူပြောတဲ့ စကားတိုင်းကို စိတ်ပါဝင်စားစွာ နားထောင်ပါ

တစ်ချို့အတွဲတွေကတော့ တစ်ဖက်က ကိုယ့်ချစ်သူဘာပြောပြော စိတ်မဝင်စားပဲ ကိုယ်လုပ်စရာရှိတာတွေ၊ ကိုယ်လုပ်ချင်တာတွေကိုပဲ ဦးစားပေးပြီး လုပ်တတ်ကြပါတယ်။ တစ်ကယ်တော့ အဲဒါက မကောင်းပါဘူး။ ကိုယ့်ကိုယ်ကိုပဲ ဦးစားပေးနေမယ်ဆိုရင် ကိုယ်တစ်ယောက်တည်းပဲ နေပါ။ နှစ်ဦးနှစ်ဖက် မျှတွေးပေးတာတို့၊ သူပြောသမျှကို စိတ်ဝင်တစားနားထောင်ာတို့ကို လုပ်ပေးနိုင်မှသာ ချစ်သူထားတာ အကောင်းဆုံးပါပဲ။

READ
မိန်းမတွေ သူတို့ရဲ့ချစ်သူ(သို့)ခင်ပွန်းအပေါ် သစ္စာမရှိရတဲ့ အကြောင်းအရင်း

၎။ နှစ်ယောက်တည်း ခရီးတွေ အတူတူ ထွက်ကြပါ

ခရီးထွက်တယ်ဆိုတာဟာ တစ်ယောက်နဲ့တစ်ယောက်ကြားထဲမှာ ပိုပြီးခိုင်မာတဲ့ သံယောဇဉ်တွေ၊ အားကိုးလိုမှုတွေ ဖြစ်စေပါတယ်။ ဒါ့အပြင် တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးမှုပိုရပြီး တစ်ယောက်အကြောင်းကိုတစ်ယောက် ပိုသိစေနိုင်ပါတယ်။ ကိုယ့်ချစ်သူအကြောင်း ကောင်းကေင်းသိချင်တာပဲဖြစ်ဖြစ်၊ ကိုယ့်ချစ်သူကိုယ့်အပေါ်ကို ဘယ်လောက်ချစ်သလဲဆိုတာကို သိချင်ရင်ပဲဖြစ်ဖြစ် ခရီးအတူတူ ထွက်ကြည့်ပါ။

Pixabay-stokpic

၅။ Overthinking တွေ မဖြစ်ပါစေနဲ့

ကိစ္စတစ်ခုကို လိုတာထက် ပိုပြီးတွေးတောနေမယ်ဆိုရင် မဖြစ်သင့်တာတွေ ဖြစ်စေလာနိုင်ပါတယ်။ အထူးသဖြင့် အချစ်ရေး ကိစ္စတွေမှာကော အဲဒီလိုပါပဲ။ စဉ်းစားသင့်တဲ့အရာတစ်ခုကိုပဲ ဘောင်တစ်ခုထဲမှာ သတ်မှတ်ပြီး သေချာစဉ်စားပါ။ အဲဒီဘောင်ကို ကျော်လွန်သွားရင်တော့ မဖြစ်သင့်တာမျိုးတွေ၊ မတွေးသင့်တဲ့အရာတွေကို တွေးမိလာပြီး ကိုယ့်ရဲ့ Relationship ကို အနည်းနဲ့ အများ ထိခိုက်စေနိုင်ပါတယ်။

Pyi Hein Kyaw

SHARE