Single Mom တစ်ဦးအနေနဲ့ ငွေကြေးကို စမတ်ကျကျ ဘယ်လို စီမံကိုင်တွယ်မလဲ?

ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ မိဘနှစ်ပါးစလုံး အတူတူ ထိန်းကျောင်းရင်တောင် ခက်ခဲတဲ့အလုပ်တစ်ခုဖြစ်လို့ Single mom (ဒါမှမဟုတ်) Single parent တစ်ဦးအနေနဲ့ဆိုရင်တော့ ပြောဖို့တောင်မလိုလောက်တော့ပါဘူး။ နှစ်ယောက်စာအလုပ်ကို တစ်ယောက်တည်းလုပ်ရပြီဆိုကတည်းက အံ့မခန်းစွမ်းဆောင်ရည်ပါပဲ။ ဒါနဲ့တင်မပြီးသေးဘူး။ အခုလို အိမ်ကနေရုံးအလုပ် (WFH) လုပ်နေရတဲ့အချိန်မှာ အိမ်အလုပ်နဲ့ရုံးအလုပ် နှစ်ခုကြား သဟဇာတညီမျှအောင်ကြိုးစားရသေးတယ်။ ၂၄ နာရီပတ်လုံး ရုံးအလုပ်နဲ့အိမ်ကကလေးတွေအတွက် အဆင်သင့်ဖြစ်နေဖို့ ကြိုးစားနေရပါသေးတယ်။ ကလေးတွေနဲ့သူတို့ရဲ့အနာဂတ်အတွက် စိုးရိမ်ပူပန်နေတယ်ဆိုရင် သင့်ရဲ့စိုးရိမ်မှုတွေက မိခင်တစ်ဦးအနေနဲ့ဖြစ်သင့်တဲ့စိုးရိမ်မှုတစ်ခုပါ။ Single mom (ဒါမှမဟုတ်) Single parent တော်တော်များများကြုံတွေ့ရတဲ့ အခက်ခဲဆုံးအရာတစ်ခုက ငွေကြေးပူပန်ရခြင်းပါပဲ။ မြင့်တက်လာတဲ့ပညာရေးစရိတ်၊ အစားအသောက်နဲ့ အခြေခံကုန်ကျစရိတ်တွေကြောင့် ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့က အရင်ကထက်ပိုပြီးခက်ခဲလာပါတယ်။ ဒီကြားထဲ COVID-19 ဖြစ်နေတာကလည်း single parent တွေကို ပိုပြီးစိုးရိမ်စိတ်ဖြစ်စေတာ မဆန်းပါဘူး။

အရာအားလုံးကို ပုခုံးထမ်းထားရခြင်း – Single parent လည်းဖြစ်၊ မိသားစုကို အဓိကထောက်ပံ့နေရသူလည်းဖြစ်တဲ့အတွက် အလုပ်အပေါ်အာရုံစိုက်ရတာတွေ၊ ကလေးတွေကိုထိန်းကျောင်းရတာတွေ၊ အသက်ကြီးပြီဖြစ်တဲ့မိဘတွေကိုဂရုစိုက်ရတာတွေ၊ အခြားမှီခိုသူတွေကိုထောက်ပံ့နေရတာတွေအပြင် လစဉ်ပေးချေရမယ့် ဘေလ်တွေကို ပေးဆောင်ရတာ၊ ချက်ပြုတ်ရတာ ဈေးဝယ်ထွက်ရတာ၊ ကလေးတွေကျောင်းစာလုပ်မလုပ်စစ်ရဆေးရတာနဲ့ စာသင်ပေးရတာ စတဲ့တာဝန်အများအပြားကို ပုခုံးထမ်းရွက်ထားရပါတယ်။ ဒါကြောင့် ကိုယ်တိုင်ထမ်းရွက်ထားရတဲ့ဝန်ထုပ် ဝန်ပိုးတွေကို အနည်းအကျဉ်း‌လောက် ပေါ့ပါးရအောင်၊ လုံလောက်တဲ့ငွေကြေးပိုင်ဆိုင်မှုနဲ့အတူ ချစ်ရသူတွေကိုကာကွယ်ပေးနိုင်အောင်၊ ကိုယ့်မှာ ရှင်းလင်းလွယ်ကူတဲ့ငွေကြေးအစီအစဉ်ရှိနေဖို့ အရေးကြီးပါတယ်။

ငွေကြေးစီမံရာမှာ အထောက်အကူဖြစ်စေဖို့နဲ့ သင့်ကိုယ်သင် ပံ့ပိုးပေးနိုင်ဖို့ အချက် ၄ ချက်ဝေမျှလိုက်ပါတယ်။

ကိုယ့်ရဲ့ငွေကြေးလည်ပတ်မှုကိုသိပါ – ဆိုလိုတာက ကိုယ့်ရဲ့ဝင်ငွေ၊ ကိုယ့်ရဲ့အသုံးစရိတ်ကို သိပြီး ကိုယ်တတ်နိုင်တဲ့အတိုင်းအတာအတွင်းမှာပဲ သုံးမိစေဖို့၊ ပြီးတော့ ကိုယ်မနိုင်တဲ့အရာကို သတိထားမိစေဖို့ဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကို သက်ညှာပါ – မိခင်တစ်ဦးဖြစ်ရတာအင်မတန်ဂုဏ်ယူစရာပါ။ တစ်ချိန်တည်းမှာပဲ အဲဒါဟာ ခက်ခဲတဲ့အလုပ်ပါ။ သားသမီးကဦးစားပေးဖြစ်ပေမယ့် ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်ဖို့လိုအပ်တယ်။ ကိုယ့်အတွက်ကိုယ်ရင်းနှီးထားပါ – သဘောက ကိုယ့်အတွက်သုံးစွဲဖို့ ငွေကြေးဖယ်ထားပါ။ ကျန်းမာရေးအတွက် နေထိုင်မကောင်းဖြစ်ရင် အထူးကုဆေးခန်းကောင်းကောင်းမှာ ပြနိုင်ဖို့ ကြိုပြီးဖယ်ထားချင် ဖယ်ထားဖို့လိုသလို ဖြစ်နိုင်ရင် ကိုယ်တတ်မြောက်ချင်တဲ့ ပညာရပ်တစ်ခုကို ရယူပိုင်ဆိုင်ထားလိုက်တာမျိုးပါ။ ကိုယ့်ကလေးရဲ့အနာဂတ်နဲ့ငွေကြေးလိုအပ်ချက်အတွက်ပဲ အမြဲလိုလိုစဉ်းစားသလို သင့်ကိုယ်သင်အတွက်လည်း ထည့်ပြီးတွေးဖို့ လိုပါလိမ့်မယ်။ ကလေးအတွက်လုပ်ပေးနိုင်တာ ဘာမဆိုလုပ်ပေးချင်တာကောင်းပေမယ့် ကိုယ့်ကိုယ်ကိုလည်း သက်ညှာပေးရမှာဖြစ်ပါတယ်။

READ
မိမိကလေးကျန်းမာသန်စွမ်းဖို့ မိခင်တိုင်း လေ့ကျင့်ပေးသင့်တဲ့ အလေ့အကျင့်များ

2F အစီအစဉ်ကိုအသုံးချပါ (Family + Financial) – မိသားစုနဲ့ငွေကြေးဆိုတာ အမြဲတူယှဉ်တွဲနေတာပါ။ အထူးသဖြင့် single mom တွေအတွက်ပေါ့။ ခိုင်မာပြီးလုံခြုံမှုရှိတဲ့ငွေကြေးတစ်ခုပိုင်ဆိုင်ဖို့ ကြိုတင်စီစဉ်ထားဖို့တော့လိုပါမယ်။ ငွေကြေးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေမှာ ထည့်ဝင်မြှုပ်နှံခြင်းက ကလေးပညာရေးအနာဂတ်အပါအဝင် ကိုယ်ပိုင်ဘဝရည်မှန်းချက်တွေအတွက် ငွေကြေးခိုင်မာမှုရဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်နဲ့ကလေးအနာဂတ်အတွက် ပုံမှန်ရင်းနှီးမြှုပ်နှံနိုင်အောင် ငွေကြေးအစီအစဉ်တွေကို အကြံဉာဏ်ကောင်းရယူဖို့ ငွေကြေးဆိုင်ရာအတွက် ကျွမ်းကျင်တဲ့အကြံပေးပုဂ္ဂိုလ်နဲ့တိုင်ပင်ပါ။

အပိုဝင်ငွေရအောင်ရှာကြံပါ၊ ဖြန့်ကြက်ရင်းနှီးပါ – ငွေကြေးလုံခြုံမှုကို ဆက်လက်ထိန်းထားနိုင်ဖို့ အချို့လူတွေက လက်ဝတ်ရတနာ ဒါမှမဟုတ် အိမ်ခြံမြေတို့မှာ ဖြန့်ကြက်ရင်းနှီးမှုတွေလုပ်ကြပါတယ်။ အသက်အာမခံထားခြင်းကလည်း အရေးပါတဲ့ငွေကြေးရင်းနှီးမှုတစ်ခုဖြစ်ပါတယ်။

  1. – အသက်အာမခံက သားသမီးရှိတဲ့ အိမ်ထောင်သည်မိဘဖြစ်ပါစေ၊ single parent ပဲဖြစ်ပါစေ မိဘတိုင်းအတွက် အရေးကြီးပါတယ်။ (single parent တွေလည်း အသက်အာမခံလိုအပ်ပါတယ်။) ဘဝရဲ့ဘယ်လိုအခြေအနေမျိုးမှာမဆို ဝယ်ယူထားသင့်တဲ့ အရေးကြီးတဲ့အရာတွေထဲက တစ်ခုဖြစ်ပါတယ်။ မိသားစုမှာ အဓိကဝင်ငွေရှာတဲ့သူတစ်ယောက်အနေနဲ့ အသက်အာမခံဝယ်ယူထားခြင်းက သင့်ရဲ့ငွေကြေးပိုင်ဆိုင်မှုကို ကာကွယ်ပေးထားခြင်းဖြစ်သလို ချစ်ရတဲ့သူတွေကိုစောင့်ရှောက်ပေးထားပြီဖြစ်လို့ သင်စိတ်အေးနိုင်ပါပြီ။
  2. – ပညာရေးအသက်အာမခံက သင့်ကလေးရဲ့ပညာရေးလိုအပ်ချက်တွေအတွက် သင်တာဝန်မယူနိုင်တော့တဲ့အခါ သင့်ကိုယ်စားကူညီဖြည့်ဆည်းပေးမယ့် အာမခံတစ်ခုဖြစ်ပါတယ်။ Single mom တွေဟာ သူတို့ရဲ့အချိန်၊ ငွေကြေးနဲ့ ခွန်အားတွေကို ကလေးတွေရဲ့ပညာရေးမှာ ထည့်ဝင်မြှုပ်နှံတတ်ကြပါတယ်။ ဒါလေးနဲ့ ဘယ်တော့မှ ကျေနပ်နေလိမ့်မယ်လို့ မထင်ပါဘူး။ ပညာရေးအသက်အာမခံနဲ့ဆိုရင် သင့်ကလေးရဲ့ပညာရေးခရီးလမ်းမှာ အောင်မြင်မှုမှတ်တိုင်တွေစိုက်ထူပေးနိုင်တော့မှာပါ။

Single mom တွေမှာ အခြားသူတွေထက်စာရင် ပိုပြီးအခက်အခဲရှိမယ်လို့ ထင်ပါတယ်။ ဒါက Single မိခင်တိုင်း ရေရှည် တွေ့ကြုံသွားရမယ့် အချက်ပါ။ Single mom အဖို့ကတော့ လုပ်အားနှစ်ဆ၊ ဝန်နှစ်ဆဆိုသလို မျက်ရည်တွေလည်းနှစ်ဆပါပဲ။ ဒါပေမယ့်အဆုံးမှာ အကျိုးရလဒ်နဲ့အောင်မြင်မှုနှစ်ဆခံစားရမယ်လို့ ယုံကြည်ပါတယ်။ ပုခုံးထက်ထမ်းရွက်ထားရတဲ့ဝန်ထုပ်ကို ပိုပြီးပေါ့ပါးသွားအောင်၊ ရွေးချယ်စရာတွေကိုမှန်မှန်ကန်ကန်ရွေးချယ်နိုင်အောင် ကူညီပေးမယ့်နည်းလမ်းတွေရှိပါတယ်။ ဒါကြောင့် ခက်ခဲတယ်ဆိုတာမှန်ပေမယ့် ကိုယ့်ကိုယ်ကိုသက်ညှာဖို့လည်း အမြဲသတိရသင့်တယ်လို့ ထပ်ဆောင်းပြောပါရစေ။

READ
ချစ်စဖွယ် ပန်းနုရောင်ပါးပြင်လေးကို ရရှိစေမယ့်နည်းလမ်းကောင်းများ

နှစ်ပေါင်း ၁၃၀ ကျော်သက်တမ်းရှိတဲ့ Manulife အာမခံကုမ္ပဏီက မြန်မာမိသားစုတွေအတွက် ယုံကြည် စိတ်ချရတဲ့ လက်တွဲဖော်ဖြစ်ပါတယ်။ လိုအပ်ချက်နဲ့ကိုက်ညီတဲ့ အသင့်လျော်ဆုံး အာမခံအမျိုးအစား၊ ရယူနိုင်မယ့်အာမခံတွေနဲ့ အာမခံသဘောတရားတွေကို ကောင်းကောင်းနားလည်နိုင်ဖို့ Manulife ရဲ့ ကျွမ်းကျင် တဲ့ အာမခံ ကိုယ်စားလှယ်များ၊ အာမခံ အကြံပေးပုဂ္ဂိုလ်တွေက သေချာရှင်းပြပေးမှာပါ။ Manulife ကို မြန်မာနိုင်ငံမှာ ၁၉၀၃ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့ပြီး ပထမဆုံး ပေါ်လစီကို ရောင်းချခဲ့ခြင်းနဲ့အတူ ရှည်လျားတဲ့သမိုင်းကြောင်း ရှိခဲ့ပါတယ်။

၂၀၁၄ ခုနှစ်မှာ ကိုယ်စားလှယ်ရုံးကို ဖွင့်လှစ်ပြီး မြန်မာ့ဈေးကွက်ထဲပြန်လည်ဝင်ရောက်ခဲ့ချိန်ကစလို့ Manulife က မြန်မာနိုင်ငံမရှိတ တည်ဆဲအာမခံလုပ်ငန်းဥပဒေစည်းမျဉ်းစည်းကမ်းတွေနှင့်အညီလိုက်နာဆောင်ရွက်ပြီး၊ လုပ်ငန်းရှင်တွေနဲ့ အမြဲတမ်း လက်တွဲဆောင်ရွက်ခဲ့ပြီး ဆန်းသစ်တဲ့ အာမခံအမျိုးအစားတွေကို ဘယ်လိုဖန်တီးအသုံးချရမလဲ ဆိုတဲ့ အကြံဉာဏ်ကောင်းတွေ အမြဲတမ်းပေးခဲ့ပါတယ်။ ဒီလိုနဲ့ Manulife က မြန်မာနိုင်ငံရဲ့ အာမခံလုပ်ငန်းရေရှည်တည်တံ့ပြီး ဖွံ့ဖြိုးတိုးတက်လာစေဖို့ ဆက်ပြီးကူညီထောက်ပံ့ပေးနေပါတယ်။

Manulife အနေနဲ့ ဘယ်လိုငွေကြေးအစီအစဉ်ကောင်းတွေနဲ့ ကူညီပေးမလဲဆိုတာသိချင်တယ်ဆိုရင်တော့
ဖုန်း – +၉၅ ၉ ၇၆၅၄၆၇၁၀၀
အီးမေးလ် – [email protected] နှင့်
Manulife Myanmar Facebook page တို့ကနေတစ်ဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

 

Sponsored by Manulife

SHARE