ပုရိသတွေ အတွက် ဖောက်တံမရှိရင် ဘီယာပုလင်းကို ဘယ်လိုဖွင့်ရမလဲ ဆိုပြီး ခေါင်းပူနေကြမှာပါ။ ဒီလိုအချိန်တွေမှာ ခေါင်းမရှုပ်သွားအောင် ဒီစာလေးက ကူညီပေးသွားမှာပါ။
(၁) ခါးပတ်ခေါင်း
သင့်ခါးပတ်ခေါင်းကို သုံးပြီး နောက်ဆို ပုလင်းအဖုံးကိုဖောက်ကြည့်ပေးပါ။
- ပုလင်းကို လက်တစ်ဖက်ကနေ ကိုင်ပေးပါ။
- နောက်လက်တစ်ဖက်ကတော့ ခါးပတ်ခေါင်းကို ကိုင်ပြီး ပုလင်းအဖုံးကို ပုံပါအတိုင်း ဖောက်ပေးလို့ရပါတယ်။
- သင့်ဆီမှာ ဘီယာဖွင့်ဖို့ ဖောက်တံမရှိရင် ဒီနည်းကို သုံးပေးပါ။
(၂) ဇွန်း
စတီးဇွန်းနဲ့ ဘီယာဖုံးကို ဖွင့်ပေးနိုင်ပါတယ်။ တကယ်လို့ အိမ်မှာ ဘီယာဖောက်တံမရှိလို့ စိတ်ညစ်နေရင်တော့ ရှိတဲ့ စတီးဇွန်းနဲ့ ဖွင့်လို့ရပါတယ်။
(၃) သော့
ဘီယာအဖုံးကို ဖွင့်နိုင်တာကတော့ သော့လို့ရှိပါတယ်။ အိမ်သော့ဖြစ်ဖြစ် ၊ ကားသော့ဖြစ်ဖြစ် ၊ ဘယ်လိုသော့ပဲဖြစ်ဖြစ် ဘီယာအဖုံးကို ဖွင့်ပေးနိုင်ပါတယ်။
- လက်တစ်ဖက်ကို ဘီယာပုလင်းကိုင်ထားပြီး နောက်လက်တစ်ဖက်ကို သော့နဲ့ဖွင့်ပေးပါ။
- ပုံပါအတိုင်း သော့တစ်စောင်းနဲ့ ဖွင့်ပေးရမှာပါ။
(၄) ဘီယာပုလင်းအဖုံး
အပေါ်မှာ ပြထားတဲ့အတိုင်း သင့်ဘေးမှာ မရှိနေရင်တော့ ဘီယာပုလင်း အဖုံးအချင်းချင်းနဲ့ ဖွင့်ပေးနိုင်ပါတယ်။ လက်တစ်ဖက်က ဘီယာပုလင်း တစ်ပုလင်းကို ကိုင်ထားပြီး နောက်လက်တစ်ဖက်က ဘီယာပုလင်းကို ဇောက်ထိုးကိုင်ထားပေးပါ။ ဒီအချက်ကတော့ ဘီယာပုလင်းကို သေချာဂရုစိုက်ကိုင်ပြီး အဖုံးဖွင့်ပေးရမှာပဲဖြစ်ပါတယ်။