“လောကကြီးမှာ မရှိချင်တော့တဲ့စိတ်” တွေဖြစ်နေရင် ဘယ်လို ရုန်းထွက် ၊ ရပ်တန့်ပစ်ရမလဲ ။

လူရယ်လို့ ဖြစ်လာရင် ပြသနာပေါင်းစုံ ၊ အခက်အခဲမျိုးစုံကို ရင်ဆိုင်ရပါတယ်။ ဖြေရှင်းလို့ မနိုင်တော့တဲ့ပြသနာတွေ ၊ အသက်ရှုကြပ်စေတဲ့ စိတ်ရှုပ်စရာတွေ ကြောင့် ရံဖန်ရံခါ “ငါသာ ဒီလောကကြီးမှာ မရှိတော့ရင် ဒီလိုမျိုးတွေ ခံစားရတော့မှာ မဟုတ်ဘူး” ဆိုပြီး မိုက်ရှုးရဲဆန်ဆန်တွေးလာတတ်ကြတယ်။ ဒါပေမယ့် သင်တစ်ယောက်တည်း နေထိုင်ရတာ ပင်ပန်းနေတာ မဟုတ်ဘူးဆိုတာ စိတ်ထဲမှာ ယုံကြည်ထားပေးပါ။ အခု မျှဝေပေးမှာကတော့ “ကိုယ့်ကိုယ်ကို သတ်သေပစ်ချင်တဲ့စိတ်” တွေဖြစ်နေရင် ဘယ်လို ရုန်းထွက် ၊ ရပ်တန့်ပစ်ရမလဲ ဆိုတဲ့အကြောင်းပါပဲနော်။

(၁) သင့်ဘ၀ရဲ့ ကောင်းတဲ့အရာတွေ ကိုချရေးပေးထားပါ 

နေ့တိုင်း သင်နဲ့ပတ်သက်တဲ့ ကောင်းတဲ့အရာတွေကို ချရေးပေးပါ။ နောက်ပြီး သင့်ဘ၀မှာ ဂုဏ်ယူခဲ့ရဖူးတဲ့ အခိုက်အတန့်တွေအားလုံးကိုပါ ချမှတ်ပေးပါ။ သင့်မိသားစု ၊ သင့်မိတ်ဆွေ ၊ သင့်ကလေး ၊ သင့်အလုပ် ၊ သင့်ဝါသနာတွေ အားလုံးရဲ့ကောင်းတဲ့အချက်တွေကို ချရေးပေးပါ။ သင့်ရည်မှန်းချက် ၊ မျှော်လင့်ချက်တွေကို ချမှတ်ပေးထားပါ။ ကိုယ့်ကိုယ်ကို သတ်သေပစ်ချင်တဲ့စိတ်တွေ ဖြစ်လာရင် ချရေးထားတဲ့ စာအုပ်ကို ဖတ်ကြည့်ပေးလိုက်ပါ။ ဒီလိုလုပ်ပေးတာက သင့်ဘ၀မှာ ဒီလို အရေးကြီးတဲ့အရာတွေ ရှိနေသေးတယ်ဆိုတာကို သတိရသွားအောင် ကူညီပေးနိုင်တယ်။

READ
အိန္ဒိယနိုင်ငံအတွက် မှတ်ကျောက်တင်နိုင်ခဲ့သူ ခြေချောင်း(၁၂)ချောင်းပိုင်ရှင် Swapna Barman

(၂) သင့်အတွက် အရေးကြီးဆုံးအရာတွေကို ပြန်တွေးပေးပါ

သင့်အတွက် အရေးကြီးဆုံးအရာတွေကို ပြန်တွေးဖို့အတွက် စာရင်းချမှတ်ပေးထားပါ။ ဒီလိုလုပ်ပေးတာက သင့်ကိုယ်သက် မကောင်းကြံနေတဲ့အတွေးတွေကနေ ရုန်းထွက်လာနိုင်မှာပါ။ ဥပမာ – “ငါမရှိတော့ရင် ငါ့ကလေးကို ဘယ်လိုလုပ်မှာလဲ ၊ ငါ့ကလေးက ငါရှိမှဖြစ်မှာ” “ငါသတ်သေလိုက်ရင် ငါ့မိဘတွေ ရင်ကွဲမှာ ၊ ငါ့မိဘတွေကို ပြန်ကြည့်ရအုံးမယ်” ဆိုပြီး သင့်ဘ၀အတွက် အရေးကြီးဆုံးအရာတွေကို ပြန်တွေးကြည့်ပေးပါ။ သူတို့အတွက်လည်း သင့်ရှင်သန်နေရခြင်းက အရေးကြီးဆုံးဖြစ်ပါတယ်။

(၃) အာရုံလွှဲပေးပါ 

အခု သင့်ကိုယ်သင် သတ်သေချင်စိတ်ဖြစ်နေရင် သင့်အာရုံကို တခြားဘက်ကို လွှဲပေးပါ။ သင့်စိတ်ကို ပြေစေနိုင်မယ့် ၊ ပျော်စေနိုင်မယ့် အရာတစ်ခုခုဘက်ကို အာရုံစိုက်ပေးပါ။ သင်အကြိုက်ဆုံး ရုပ်ရှင်ဇာတ်ကားကို ထိုင်ကြည့်နေတာပဲဖြစ်ဖြစ် ၊ သင်ကြိုက်တဲ့ အရာတွေကိုပဲ အာရုံလွှဲပေးပါ။ သင့်အကြိုက်ဆုံး ရေမွှေးနံ့ကို ရှုပေးတာပဲဖြစ်ဖြစ် ၊ သင့်ကြိုက်တဲ့ အစားအသောက်တွေကို စားပေးတာပဲဖြစ်ဖြစ်ပါ။ သင့်စိတ်ကို တခြားဘက် အာရုံလွှဲပေးပြီး စိတ်တည်ငြိမ်အောင်ထားပေးပါ။

(၄) အကူအညီယူပေးပါ 

လူတိုင်း ဘ၀မှာ တစ်ကြိမ်လောက်တော့ သတ်သေချင်စိတ်တွေ ဖြစ်ဖူးကြပါတယ်။ ဒါပေမယ့် စိတ်ကျနေချိန်မှာတော့ ကိုယ့်ကိုယ်ကို လုပ်မိလုပ်ရာလုပ်တတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာဆို အကူအညီယူပေးရမှာပါ။ ဘယ်သူရဲ့အကူအညီကိုမဆိုယူပေးပါ။ သင့်သူငယ်ချင်း ၊ စိတ်ကုဆရာဝန် ၊ မိသားစုဆရာဝန် ဒါမှမဟုတ် မိဘ ၊ ဆရာ တွေဆီက အကူအညီယူပေးပါ။ သင့်ရဲ့ အထီးကျန်ရောဂါတွေကို ပျောက်သွားအောင် သူတို့ရဲ့အသံတွေကို နားထောင်ပေးပါ။ အကူအညီတောင်းရမှာ မကြောက်ပါနဲ့ ၊ သင်ခံစားရတာတွေကို ဖွင့်ပြောပြပြီး အကူအညီယူပေးပါ။

READ
Tiktok ကနေ သိပ္ပံနဲ့သင်္ချာဘာသာရပ်တွေ ပို့ချနေတဲ့ အသက်(၁၆)နှစ်အရွယ် ကောင်လေး

(၅) သင့်ကိုယ်သင် စိတ်ချရတဲ့နေရာမှာ နေပေးပါ 

သင့်ဘေးနားမှာ သင့်ကို သတ်သေချင်လောက်အောင်ဖြစ်စေနိုင်တဲ့ ပစ္စည်းမျိုးမထားပါနဲ့ ။ ဥပမာ – ချွန်ထက်တဲ့ ပစ္စည်းများ ၊ လက်နက်တွေဖြစ်တဲ့ ဓား ၊ ကတ်ကြေး ၊ မှန်ကွဲစ ၊ အဆိပ်ဖြစ်စေတဲ့ အရာများကို တစ်စုံတစ်ယောက်ကို သိမ်းထားခိုင်းပေးပါ။ အိပ်ဆေးတွေကိုလည်း စွန့်ပစ်ပေးပါ။ နောက်ပြီး အရက်ပြန် ၊ ပိုးသတ်ဆေး တွေ အားလုံးကို သင့်နဲ့ဝေးရာမှာ ထားပေးခိုင်းပါ။ သတ်သေချင်စိတ်ဖြစ်နေတဲ့အချိန်မျိုးမှာ ကိုယ့်ကိုယ်ကို စိတ်ချရတဲ့နေရာမှာ နေပေးပါ။

Hannwe Soe (Shwemom) 

SHARE