ဆံပင်နဲ့အသားအရည်အတွက် အထူးကောင်းမွန်တဲ့ ဘီယာ

ဟုတ်ပါတယ်။ ဘီယာဟာ ထင်မှတ်မထားလောက်အောင် ဆံပင်နဲ့အသားအရည်အတွက် အရမ်းကို အစွမ်းထက်တဲ့ ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ အသုံးပြုနည်းလေးကို ကြည့်လိုက်ရအောင်နော်။

(၁) ဘီယာကို ဆံပင်အတွက် ဘယ်လိုအသုံးပြုမလဲ

ဘီယာဟာ ဆံပင်ကို အားဖြည့်ပေးပြီး ပျော့ပျောင်းနူးညံ့စေတဲ့ အစွမ်းသတ္တိရှိပါတယ်။
  • ခေါင်းလျှော်ပြီးတဲ့အခါ ဘီယာကို ဆံပင်အရင်းကနေ အဖျားအထိ လောင်းလိုက်ပါ။
  • ပြီးရင် ဦးရေပြားကို (၅) မိနစ်လောက်နှိပ်နယ်ပေးပါ။
  • ပြီးရင်နောက်ထပ် (၅) မိနစ်လောက် နှပ်ထားလိုက်ပါ။
  • ပြီးရင် ရေအေးနဲ့ ဆေးကြောပေးပါ။
  • ဒီနည်းလမ်းလေးကို တစ်ပတ်တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်ပြုလုပ်ပေးပါ။
  • (ဘီယာကိုအသုံးမပြုခင်မှာ အဖုံးဖွင့်၊ ခွက်ထဲထည့်ပြီး (၁၀)နာရီလောက် အရင်ထားရပါမယ်နော်)

(၂) ဘီယာကိုအသုံးပြုပြီးမျက်နှာပေါ်က ဆဲလ်သေတွေကိုဘယ်လိုဖယ်ရှားမလဲ

ဘီယာဟာ မျက်နှာပေါ်က ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး မျက်နှာကို ဖြူဖွေးကြည်လင်စေတဲ့ ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။

  • စတော်ဘယ်ရီ (၃) လုံးကိုယူပြီး ပါးပါးလေးလှီးပါ။
  • ပြီးရင် ဘီယာတစ်ဇွန်းရောပါ။
  • ပြီးရင်သေချာသမအောင်မွှေပြီး မျက်နှာကို စက်ဝိုင်းပုံစံ နှိပ်နယ်ပေးပါ။
  • ပြီးရင် ၁၅ မိနစ်လောက်ထားပါ။
  • ပြီးရင်ရေနွေးလေးနဲ့ ဆေးကြောပေးပါ။
  • တစ်ပတ်ကို တစ်ခါလောက်ပြုလုပ်ပေးရင် ကြည်လင်လှပတဲ့ အသားအရည်ကိုရရှိမှာပါ။
READ
ဆံပင်အလှပိုင်ရှင်မိန်းကလေးများ ရှောင်ရှားလေ့ရှိသည့်အရာ(၈)ခု

Em Em (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE