Green Tea မှာပါတဲ့ catechins က ၀က်ခြံဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို ဖျက်ဆီးပေးနိုင်တယ်။ နောက်ပြီး သူမှာ ၀က်ခြံကြောင့် နီတာတွေကိုလည်း ပျောက်ကင်းစေနိုင်တယ်။ ဟော်မုန်းကြောင့်ဖြစ်တဲ့ ၀က်ခြံတွေကိုလည်း ပျောက်ကင်းစေနိုင်တယ်။ ချွေးပေါက်မှာ ရှိနေတဲ့ အညစ်အကြေးကနေ ၀က်ခြံပေါက်လာတတ်လို့ Green Tea က ချွေးပေါက်တွေကြားထဲက အညစ်အကြေးတွေကို စင်ကြယ်စေနိုင်ပါတယ်။
(၁) ပျားရည် နဲ့ Green Tea
ပါဝင်ပစ္စည်းမျာ – Green Tea Bag (တစ်ထုပ်) ၊ သဘာဝပျားရည် (စားပွဲတင်ဇွန်း ၁ ဇွန်း) ၊ ရေနွေး ၊ ပ၀ါ။
- Green Tea ထုပ် ကို ရေနွေးထဲ ထည့်ပေးပြီး (၃)မိနစ်လောက် အနယ်ထိုင်သွားအောင်စောင့်ပေးပါ။
- အထုပ်ကို ဖယ်လိုက်ပြီး အအေးခံပေးပါ။ အေးသွားပြီးဆိုရင် အထုပ်ကို ဖြတ်ပေးပြီး အရွက်ဖက်တွေကို နှိုက်ထုတ်ပေးပါ။
- ဒီအရွက်ဖက်တွေထဲ ပျားရည်ကိုထည့်ပေးပါ။
- အရင်ဆုံး ဆပ်ပြာနဲ့ မျက်နှာသစ်ပေးပါ။
- ခုနကလုပ်ထားတဲ့အရော နဲ့ မျက်နှာပေါ်လိမ်းပေးပြီး မိနစ် (၂၀) လောက်ပေါင်းတင်ပေးပါ။
- ရေအေးနဲ့ မျက်နှာပြန်သစ်ပေးပါ။
- တစ်ပတ်ကို (၃-၄)ကြိမ်လောက်လုပ်ပေးပါ။
(၂) ရှားစောင်းလက်ပပ် နဲ့ Green Tea
ပါဝင်ပစ္စည်းများ – Green Tea Bag (၂ထုပ်) ၊ ရေ (၁)ခွက် ၊ ရှားစောင်းလက်ပပ် (စားပွဲတင်ဇွန်း ၁ ဇွန်း) ၊ Cotton Pad ၊ပ၀ါ။
- Green Tea ထုပ် ကို ရေနွေးထဲ ထည့်ပေးပြီး (၃)မိနစ်လောက် အနယ်ထိုင်သွားအောင်စောင့်ပေးပါ။
- အထုပ်ကို ဖယ်လိုက်ပြီး အအေးခံပေးပါ။
- အအေးခံထားတဲ့ Green Tea ထဲကို ရှားစောင်းလက်ပပ်ထည့်ရောပေးပြီး ဖန်ပုလင်းထဲ ထည့်သိမ်းးပေးပါ။ (ရေခဲသေတ္တာကို ထည့်သိမ်းပေးပါ)
- အရင်ဆုံး ဆပ်ပြာနဲ့ မျက်နှာသစ်ပေးပြီး ပ၀ါနဲ့ မျက်နှာသုတ်ပေးပါ။
- ခုနက လုပ်ထားတဲ့အရောကို Cotton Pad နဲ့ မျက်နှာပေါ်လိမ်းပေးပြီး အခြောက်ထားပေးပါ။
- ပြီးရင်တော့ moisturizer တစ်မျိုးမျိုးကို လိမ်းပေးပါ။
- တစ်ရက်ကို (၂)ကြိမ်လုပ်ပေးပါ။
source : stylecraze