ကြက်သွန်နီက ဆံပင်အရှည်မြန်စေတဲ့ နည်းလမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။ ဆံပင်အရှည်မြန်စေဖို့အတွက် ကြက်သွန်နီရည်နဲ့ လုပ်ကြည့်ကြတဲ့သူတွေရဲ့ ရလဒ်တွေကတော့ အံ့မခန်းပါပဲ။ ကြက်သွန်နီကို အရည်ညစ်ပေးပြီး ရလာတဲ့အရည်နဲ့ ဆံပင်ကို ပေါင်းတင်ပေးရမယ့်နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။
(၁) ကြက်သွန်နီရည်
ပါဝင်ပစ္စည်းများ – ကြက်သွန်နီးရည် (စားပွဲတင်ဇွန်း ၁ ဇွန်း) ၊ ဂွမ်း။
- ကြက်သွန်နီရည် ကို ဂွမ်းနဲ့ တို့ပေးပြီး ဦးရေပြားမှာ ကပ်ပေးပါ။
- ဦးရေးပြားတစ်ခုလုံး ကပ်သွားပြီးဆိုရင်တော့ မိနစ်အနည်းငယ်လောက် နှိပ်နယ်ပေးပါ။
- (၁၅မိနစ်-၁နာရီ)လောက်ကြာအောင် ကြက်သွန်နီရည်နဲ့ နှပ်ထားပေးပါ။
- ပြီးရင် ခေါင်းလျှော်ရည် အပျော့စားနဲ့ လျှော်ပေးပါ။
(၂) ကြက်ဥ နဲ့ ကြက်သွန်နီရည်
ပါဝင်ပစ္စည်းများ – ကြက်သွန်နီရည် ( စားပွဲတင်ဇွန်း ၁ ဇွန်း) ၊ ကြက်ဥ (၁)လုံး ၊ Lavender Essential Oil (၂-၃) စက် နဲ့ Shower Cap ။
- ကြက်သွန်နီရည် နဲ့ ကြက်ဥ တို့ကို အနှစ်ဖြစ်အောင် ခလောက်ပေးပါ။
- ဒီအနှစ်ကို ဦးရေပြားမှာ လိမ်းပေးပြီး ဆံပင်အဖျားထိကို လိမ်းပေးပါ။
- ဆံပင်နဲ့ဦးရေပြားတို့ကို နှံ့အောင်လိမ်းပေးပြီးရင် Shower Cap နဲ့ အုပ်ပေးပါ။
- (၂၀-၃၀)မိနစ်လောက် နှပ်ထားပေးပါ။
- ရေအေးနဲ့ ခေါင်းလျှော်အပျော့စားဖြင့် လျှော်ပေးပါ။ ရေအေးနဲ့လျှော်ပေးတာက ကြက်ဥအနံ့တွေကို ပျောက်စေပါတယ်။
(၃) ပျားရည် နဲ့ ကြက်သွန်နီရည်
ပါဝင်ပစ္စည်းများ – ကြက်သွန်နီရည် (စားပွဲတင်ဇွန်း ၂ ဇွန်း) ၊ ပျားရည် ( စားပွဲတင်ဇွန်း တစ်ဝက်) ။
- ပါဝင်ပစ္စည်းတွေကို အနှစ်ရအောင် ရောပေးပါ။
- ဒီအနှစ်နဲ့ ဦးရေပြားကို လိမ်းပေးပြီး နှိပ်နယ်ပေးပါ။
- ဒီအနှစ်နဲ့ (၁နာရီခွဲ)လောက် နှပ်ထားပေးပါ။
- ပြီးရင်တော့ ခေါင်းလျှော်ရည် အပျော့စားနဲ့ လျှော်ပေးပါ။
- တစ်ပတ်ကို (၂-၃)ကြိမ်လောက်လုပ်ပေးပါ။
source : stylecraze