Hollywood ကထင်ရှားကျော်ကြားသူတွေ နာမည်မကြီးခင်က လုပ်ခဲ့တဲ့အလုပ်များ

ဒီနေ့မှာတော့ Hollywood Superstars တွေဖြစ်မလာခင် လုပ်ခဲ့ရတဲ့ ပထမဆုံးအလုပ်တွေအကြောင်းကို မျှဝေထားတဲ့ ထင်ရှားကျော်ကြားသူ၁၀ယောက်အကြောင်းကို Bornrealist သတင်းစာမျက်နှာမှတဆင့်တင်ပြပေးလိုက်ပါတယ်။

Brad Pitt

Hollywood မှာထင်ရှားတဲ့သူတစ်ယောက်မဖြစ်ခင်က Brad Pitt ဟာစာနယ်ဇင်းပညာရပ်နဲ့ပတ်သတ်ပြီး ဘွဲ့ယူရန်ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမယ့် ဘွဲ့မရခင်ကျောင်းထွက်ခဲ့တယ်။ Hollywood ကိုရောက်မလာခင် ရေခဲသေတ္တာတွေရောင်းတဲ့အလုပ်၊  လုပ်ခဲ့ပါတယ်။ ပြီးတော့လည်း အမြန်စာအစားအသောက်လုပ်ငန်းတစ်ခုအတွက် ဆန်းဆန်းပြားပြားကြက်ပုံသဏ္ဍာန်ရှိတဲ့ ၀တ်စုံကိုလည်း ၀တ်ဆင်ခဲ့ပါတယ်။

Madonna

သူမက လက်ဖျားခါလောက်အောင်ကောင်းမွန်တဲ့ Pop အဆိုတော်ဖြစ်မလာမီ နယူးယောက်မှာရှိတဲ့ Dunkin Donuts မှာစားပွဲထိုးလုပ်ခဲ့ပါတယ်။

Jennifer Hudson

အသံအားကောင်းလှတဲ့ အဆိုရှင်တစ်ယောက်ဖြစ်မလာခင် Jennifer ဟာ Burger King မှာစားပွဲထိုး အလုပ်လုပ်ကိုင်ခဲ့ပါတယ်။

Rachel Mcadams

Mean Girls ဇာတ်ကားထဲမှာပါဝင်ခဲ့တဲ့ Rachel Mcadams ဟာအသက်မွေးဝမ်းကြောင်းဖို့နဲ့ ဘီလ်တွေပေးချေဖို့အတွက် Mc Donalds မှာ စားပွဲထိုးလုပ်ခဲ့ရပါတယ်။

READ
မင်းသား Keanu Reeves ခေတ်အဆက်ဆက်အသက်ရှင်နေခဲ့တယ်ဆိုတဲ့ ထူးဆန်းသီအိုရီများ

Kanye West

The Kanye West လို့ဖြစ်မလာခင်က သူဟာ Gapမှာအင်္ကျီ ခေါက်တဲ့အလုပ်လုပ်ခဲ့ပါတယ်။ သူရဲ့ ပထမဦးဆုံးအလုပ်ကို အရင်ဆုံးထွက်ခဲ့တဲ့အခွေထဲမှာလည်း ဖော်ပြခဲ့ပါတယ်။

George Clooney

Hollyword ရဲ့ ချစ်ခင်နှစ်သက်မှုရရှိနေဆဲဖြစ်တဲ့ George Clooney ဟာ နာမည်ကျော်ဖြစ်မလာခင် Cincinnati Reds ဘေ့စ်ဘောအဖွဲ့မှာလူတွေ့စစ်ဆေးတာ မအောင်မြင်ခဲ့ပါဘူး။ အထက်တန်းကျောင်းက ထွက်လာပြီးတဲ့နောက် ဖိနပ်အရောင်းသမား၊ ဆေးရွက်ကြီးစိုက်ခင်းတွေမှာ အချိန်ပိုင်းအလုပ်သမားစတဲ့ ကျပန်းအလုပ်မျိုးစုံကို လုပ်ကိုင်ခဲ့ပါတယ်။

Jennifer Anniston

သူမရဲ့ လူအများနှစ်ခြိုက်လက်ခံခဲ့တဲ့ Friends အမည်ရတဲ့ တီဗီအစီအစဉ် မတိုင်ခင် Jennifer ဟာစားပွဲထိုး၊ တယ်လီဖုန်းအသုံးပြုပြီး အရောင်းမြှင့်တင်ရတဲ့သူအနေနဲ့အပါအ၀င် စက်ဘီးနဲ့ ပစ္စည်းသယ်ယူပို့ဆောင်သူအဖြစ်လည်း လုပ်ကိုင်ခဲ့ပါတယ်။

Tom Cruise

Mission Impossible ဇာတ်ကားရဲ့ ကြယ်တပွင့်မဖြစ်ခင် Tom Cruise ကတော့ ခရစ်ယာန်ဘုန်းကြီးလုပ်ဖို့အတွက် အခမ်းအနားတက်ဖူးတယ်လို့ သိရပါတယ်။ အဲဒီမတိုင်ခင်က သူဟာဟိုတယ်တစ်ခုမှာ အထုတ်အပိုးသယ်တဲ့အလုပ်လုပ်ခဲ့ပါတယ်။

READ
ကိုကို့ရဲ့ ခေး ဘာဘီရုပ်လေးပါ ဆိုတဲ့ အဆိုတော် ပိုပို

Gerard Butler

အံ့သြဖို့ကောင်းတာတစ်ခုက Gerard Butlet ဟာ ဥပဒေဘွဲ့နဲ့ချောချောမောမောကျောင်းပြီးပါတယ်။ ဒါပေမယ့်လည်း ပထမဦးဆုံးဝင်တဲ့အလုပ်က အထုတ်ခံရပြီးနောက်ပိုင်းမှာ အဲဒီအလုပ်ကို ဆက်မလုပ်ခဲ့တော့ပါဘူး။

Chace Crawford

Gossip Girl တီဗီအစီအစဉ်နဲ့ မထင်ရှားလာမှီ Abercombie & Fitch မှာ အလုပ်လုပ်ခဲ့ပါတယ်။ ရုပ်သံသတင်းပညာနဲ့ ပတ်သတ်ပြီး ပညာဆက်လက်မဆည်းပူးမှီက ကားသော့ထိန်းသိမ်းပေးရတဲ့ အလုပ်ကို လုပ်ကိုင်ခဲ့ပါတယ်။

လင်းလင်း(Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE