ကိုယ့်ကိုလိမ်နေမှန်း ဘယ်လိုသိနိုင်မှာလဲ

လူဆိုတာ တချိန်မဟုတ်တချိန် မုသားသုံးလေ့ရှိပါတယ်။ သူများမထိခိုက်စေလိုတဲ့ အဖြူရောင်မုသားပဲဖြစ်ဖြစ်၊ ထိခိုက်စေတဲ့လိမ်ညာမှု အကြီးစားပဲ ဖြစ်ဖြစ် သုံးဖူးကြသူချည်းပါ။ ကိုယ့်နောက်ကွယ်မှာ တစ်ယောက်ယောက်က ကိုယ့်ကိုလိမ်နေလားဆိုတာ တိတိကျကျသိချင်ရင် တော့ herinterest မှာတွေ့ရှိလာတဲ့ နည်းလမ်းလေးတွေကိုအသုံးပြုလို့ ရပါတယ်။

ထူးထူးဆန်းဆန်းပြုမူတယ်

တစ်စုံတစ်ဦးဟာ လိမ်နေတဲ့ အခါမှာကိုယ်တိုင် အပြစ်ရှိသလို ခံစားရတာကြောင့် ထူးထူးဆန်းဆန်းပြုမူလေ့ရှိပါတယ်။ ဒီသူနဲ့ ကိုယ်ဟာ အတော်လေး ရင်းနှီးကျွမ်းဝင်သူ ဖြစ်ခဲ့ရင် သူစိတ်လှုပ်ရှားနေတာတွေ၊ မျက်နှာ နီမြန်းနေတာတွေကို ကြည့်ပြီး ခန့်မှန်းနိုင်ပါတယ်။

မျက်လုံးအကြည့်ကိုရှောင်တယ်

တကယ်လို့ စကားပြောနေရင်း၊ အကြောင်းအရာတစ်ခုခုကို ရှင်းပြနေတဲ့ အခိုက်မှာ သင်နဲ့ မျက်လုံးချင်းဆုံမှာကို တမင်တကာလွှဲထားရင် သေချာပါတယ်။ အဲဒါ လိမ်ဆင်ပါ။ မရိုးမသားဖြစ်နေတဲ့ အခါ သဘာဝအနေနဲ့ မျက်လုံးအကြည့်ရှောင်ဖို့ တုံ့ပြန်လိုက်တာပါ။

အသေးစိတ်အကြောင်းတွေ ပြောပြတယ်

လိမ်ထားတဲ့ သူတွေဟာ သူတို့လိမ်မှန်းမသိသာအောင် အမှန်တရားပြောသယောင် လုပ်တတ်ကြပါတယ်။ သူတို့ ထင်တာက ဒီလိုမျိုးအသေးစိတ် အတိအကျ ပြောပြလိုက်တဲ့ အတွက် ထပ်လိမ်ဖို့မလိုအောင်ပါ။

READ
အမျိုးသမီး အများစု နှစ်သက်လေ့ရှိတဲ့ ယောကျာ်းလေးပုံစံက ဘယ်လိုပုံစံမျိုးလဲ ......

ၾကည့္ရတာ ဂနာမၿငိ္မ္ဘူး

တကယ်တော့ လိမ်တယ်ဆိုတာ လူရဲ့ ပင်ကိုယ်စရိုက်နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အရာတစ်ခုပါ။ ဒါကြောင့် လိမ်တဲ့ အခါမှာ ခန္ဓာကိုယ်က တစ်ခုခုတုံ့ပြန်ပါတယ်။ စကားပြောနေရင်းနဲ့ ခြေထောက်တွေ ဟိုရွေ့ဒီရွေ့ လုပ်နေတာ၊ အကျီ် ၊ လက်ချောင်းတွေကို ထိုးချေနေတာတွေက လိမ်နေကြောင်းသိသာစေတဲ့ အချက်တွေပါ။

စကားလမ်းကြောင်းလွှဲတာ

လူတွေဟာ တကယ်တော့ လိမ်တာမနှစ်ခြိုက်ကြပါဘူး။ မလွှဲမရှောင်သာတဲ့ အခါမှာတော့ အကြောင်းအမျိုးမျိုးပြ လိမ်ကြပါတော့တယ်။ ပြောနေတဲ့ စကားလမ်းကြောင်းကနေ လွှဲပြီး တခြား အကြောင်းပြောရင်တော့ လိမ်နေတာပဲ ဖြစ်ပါတယ်။

ခုခံပြောဆိုတာ

စိတ်ဆိုးချင်ယောင်ဆောင်လိုက်တာက မေးနေတဲ့ မေးခွန်းတွေ ရပ်သွားဖို့ အတွက် နည်းလမ်းတစ်ခုပါ။ အကယ်လို့ သင်က သံသယရှိတဲ့ မေးခွန်းတစ်ခုမေးလိုက်တယ်။ ချက်ခြင်းဘဲ စိတ်အနှောင့်ယှက်ဖြစ်တဲ့ ပုံပြတယ်၊ စိတ်ဆိုးသွားတယ်ဆိုရင် ဒါသူ စကားလမ်းကြောင်းပြောင်းချင်လို့ပါ။ သင့်ကို လိမ်နေတာပါ။

ခံစားချက် အတုအယောင်တွေလို့ ထင်ရတယ်

လူတွေက ပုံမှန်အားဖြင့်ဒီလူဟာ မူပျက်နေတာလား တကယ်ဖြစ်နေတာလားဆိုတာ ခံစားနိုင်ကြပါတယ်။

READ
မြန်မာငွေ(၁၀)သိန်းလောက်ပဲ ကုန်ကျစရိတ်ရှိတဲ့ ချစ်စဖွယ်လုံးချင်းအိမ်လေး

ကိုယ်နဲ့ အလွန့် အလွန်ရင်းနှီးသူသာ ဖြစ်ခဲ့မယ်ဆိုရင် ပုံစံကြည့်တာနဲ့ သိနိုင်ပါတယ်။

မျက်လုံးအကြည့်ကို မခွာဘူး

အလိမ်ကျွမ်းတဲ့ လူတွေက သူတို့ စကားပြောနေတုန်း မျက်လုံးအကြည့်ကို လွှဲထားရင် တဖက်လူက ရိပ်မိမယ်ဆိုတာ သဘောပေါက်ပါတယ်။ ဒါကြောင့်မို့ ဂရုတစိုက် အချိန်အတော်ကြာ မျက်လုံးအကြည့်ကို ထိန်းထားလေ့ရှိပါတယ်။ သင်သတိထားမိဖို့ပဲ လိုတာပါ။

စကားပြောရင် ခဏခဏနားတယ်

လိမ်တဲ့ သူတွေက အဖြစ်အပျက်တွေကို ဖန်တီးရပါတယ်။ ဒီအတွက် အချိန်လိုပါတယ်။ သင်က တခုခုမေးလိုက်တဲ့ အခါမှာ အဖြေချက်ချင်း ပြန်မပေးနိုင်ဘူး၊ အချိန်အတော်ကြာပြီးမှ ပြန်ပြောတယ်ဆိုရင် လိမ်နေတဲ့ အလားအလာရှိတာပါ။

ဇာတ်လမ်းတွေ အမျိုးမျိုးပြောင်းတယ်

တစ်စုံတစ်ယောက်ဟာ လိမ်ပြောတဲ့အခါမှာ ပုံစံစီစဉ်တကျ မှတ်မိဖို့ လိုပါလိမ့်မယ်။ သူပြောတဲ့ ဇာတ်လမ်းတွေက တခါလာ တစ်မျိုး နောက်တခါလာတစ်မျိုးဖြစ်တယ်ဆိုရင်တော့ သေချာပေါက် လိမ်နေမှန်း သိနေပါပြီ။

ဒီဖော်ပြထားတဲ့ အချက်တွေကို လေ့လာမှတ်သားရင်းနဲ့ အလိမ်အညာခံရခြင်းမှ ကင်းဝေးနိုင်ပါစေ။

 

SHARE