သင်္ဂြိုဟ်ပြီးခါစ ဇနီးရဲ့အုတ်ဂူထဲမှ အသံကြားလို့ ပြန်ဖွင့်ပြီး ဆေးရုံပြန်ပို့ခဲ့ရတဲ့အဖြစ်

ဟွန်ဒူးရပ်စ်နိုင်ငံ၊ လာအန်တရာဒါ မြို့မှာ အသက် 19 နှစ်အရွယ် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးဖြစ်တဲ့ Naysi Perez လို့ အမည်ရတဲ့ အမျိုးသမီးဟာ အိမ်အနီးမှာ သေနတ်ဖောက်သံကြားပြီးနောက် နှလုံးခုန်နှုန်း ရပ်တန့်ပြီး(၀က်ရူးပြန်ပြီး သေဆုံးသည်ဟု သတင်းမူကွဲလည်းရှိ) သေဆုံးသွားတယ်လို့ ယူဆခဲ့ရပါတယ်။ သူမဟာ 2015 ခုနှစ် သြဂုတ်လမှာ သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဆွေမျိုးတစ်ဦးရဲ့ ပြောကြားချက်အရ Naysi Perez ဟာ ရုတ်တရက် လဲကျပြီး၊ ပါးစပ်မှလည်း အမြှုပ်တစီစီ ထွက်လာခဲ့တယ်လို့ ဆိုပါတယ်။ သူမရဲ့ မိဘတွေက ရပ်ကွက်သင်းအုပ်ဘုန်းတော်ကြီကို ပင့်ပြီး၊ ကုသဖို့တောင်းပန်ခဲ့ကြပါတယ်။ ဘုန်းတော်ကြီးက Naysi ဟာ မကောင်းဆိုးဝါးရဲ့ ၀င်ရောက်ပူးအောင်းခြင်းကို ခံလိုက်ရပြီလို့ ဆိုပါတယ်။

ယင်းနောက်မှာတော့ Naysi ရဲ့ မိဘတွေက သူမကို ဆရာဝန်တွေဆီ သွားရောက်ပြသခဲ့ပါတယ်။ ဒါပေမယ့် ရောက်ချိန်က အလွန်နောက်ကျသွားပြီမို့ သူမ အသက်ကို ဆရာဝန်တွေက မကယ်လိုက်နိုင်ပါဘူး။ ဒီလိုနဲ့ Naysi ရဲ့အလောင်းကို အိမ်ကို ပြန်သယ်ခဲ့ကြပြီး၊ အသုဘပွဲ ပြုလုပ်ပေးခဲ့ရပါတယ်။

READ
သူငယ်ချင်းရဲ့ဟာသကို ရယ်မောရင်း မတော်တဆလည်ပင်းကျိုးခဲ့ရသည့် အမျိုးသမီး

မိဘတွေက ပိုက်ဆံအလုံအလောက်မရှိတဲ့အွက် သေသေချင်း သင်္ဂြိုဟ်ခံရပုံရပါတယ်။ ဟွန်ဒူးရပ်စ်နိုင်ငံမှာ သေဆုံးသူရဲ့ အလောင်းကို ရက်အကြာကြီးထားရှိခွင့်ရှိပေမယ့်၊ အခွန်ငွေဆောင်ရတာက ကြီးမြင့်ပုံရပါတယ်။ ဒီလိုနဲ့ Naysi ကို စောစောစီးစီး သင်္ဂြိုဟ်ခဲ့ရပါတယ်။ သူမကို လာအန်တရာဒါ ဗဟိုသင်္ချိုင်းမှာပင် ဂူသွင်းခဲ့ပါတယ်။

အားလုံး အိမ်ကို ပြန်သွားကြ့ပီးနောက်မှာတော့ တစ်ရက်အကြာမှာ သင်္ချိုင်းသုဘရာဇာ Jesus Villanyeva ဟာ Naysi ရဲ့ အုတ်ဂူအနီးမှာ လုပ်စရာရှိတာတွေ လုပ်နေစဉ်မှာ ထူးထူးဆန်ဆန်း အသံကို ကြားခဲ့ရပါတယ်။ ဒါပေမယ့် သူကလည်း ဒါဟာ သရဲတစ်ကောင်သာ ဖြစ်မယ်လို့ ယုံကြည်ပြီး လုပ်လက်စအလုပ်တွေကို လက်စသတ်ကာ နေရာမှ အမြန်ဆုံး ခွာခဲ့ပါတယ်။

နောက်တစ်ရက်မှာပင် Naysi ရဲ့ ခင်ပွန်း Rudy Gonzalez က Naysi ရဲ့ အုတ်ဂူဆီကို ပြန်လာစဉ် ထူးဆန်းတဲ့ အသံကို ကြားခဲ့ရပါတယ်။ အသံက ဇနီးရဲ့ ဂူထဲမှ လာတာဖြစ်ပြီး၊ သူ ပျော်သွားကာ သင်္ချိုင်းစောင့် Jesus ကို သွားခေါ်ကာ အုတ်ဂူကို ပြန်တူးထားဖို့၊ သူက မိသားစုဝင်တွေကို အမြန်ပြေးခေါ်ခဲ့ပါတယ်။

READ
ရေဘေးဒဏ်ခံရပေမယ့် ပွဲတော်ဝက်ကင်အစားမပျက်တဲ့ ဖိလစ်ပိုင်လူမျိုးများ

အုတ်ဂူကို အမြန်ဖွင့်ပြီး ခေါင်းတလားကြီးအတိုင်း ဆေးရုံကို ယူသွားခဲ့ကြပါတယ်။ ဒါပေမယ့် ဆရာဝန်တွေက Naysi ကို ထပ်မံစမ်းသပ်ပြီး၊ သေဆုံးကြောင်း အတည်ပြုခဲ့တယ်လို့ သိရပါတယ်။ ဒီအဖြစ်အပျက်မှာ လူနှစ်စုကြား အငြင်းပွားနေကြပြီး၊ တစ်ချို့က ဖုတ်ဝင်တာ ဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးကြလသို၊ တစ်ချို့ကတော့ ခင်ပွန်းနဲ့ သင်္ချိုင်းစောင့်တို့ နားကြားမှားတာ ဖြစ်နိုင်တယ်လို့ ဆိုနေကြပါတယ်။

source : rachfeed.com/ မူုရင်း သတင်း Link – http://www.mirror.co.uk/news/world-news/dead-teen-wakes-screaming-inside-6315389

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

နတ်စည်တော် (Shwemom)

SHARE