ချစ်သူနဲ့ အပြင်သွားတိုင်း တစ်ခါမှ မိတ်ကပ်မလိမ်းဖူးဘူးဆိုတဲ့ HyunA

IG/hyunah_aa

HyunA နဲ့ Dawn တို့ နှစ်ယောက်လုံးကတော့ လူတိုင်း နီးပါး အားကျရတဲ့ ရိုလွန်းတဲ့ ဆယ်လီစုံတွဲ တစ်တွဲ ဖြစ်ပါတယ်။ အခုတော့ HyunA က သူတို့ ဒိတ်လုပ်တဲ့အခါ မိတ်ကပ်မလိမ်းတဲ့အကြောင်းကို allkpop ကနေ ရေးသားခဲ့ပါတယ်။

သြဂုတ်လ ၂၆ ရက်နေ့မှာတော့ HyunA က Radio Star အစီအစဉ်ကနေ သူ့ရဲ့ တစ်ကိုယ်ရေ အခက်အခဲတွေ၊ စိတ်ကျရောဂါ ခံစားနေရတဲ့ အကြောင်းတွေကို ရင်ဖွင့်ခဲ့ပါတယ်။ သူမကတော့ အခုလို သူမရဲ့ အကြောင်းတွေ ပြောရင်းနဲ့ သူမနဲ့ သူမရဲ့ ချစ်သူအကြောင်းကိုပါ ထုတ်ပြောခဲ့ပါတယ်။

 

 

View this post on Instagram

 

감사합니다💕

A post shared by Hyun Ah (@hyunah_aa) on

သူမက Down နဲ့ တွေ့ဖို့ သွားတိုင်း တစ်ခါမှာ မိတ်ကပ် မလိမ်းခဲ့ဖူးတာကို ပြောပြခဲ့ပါတယ်။ ပြီးတော့ သူမရဲ့ အိမ်ကိုလည်း Down ရဲ့ အိမ်အနီးကို မကြာသေးခင်ကပဲ ပြောင်းရွှေ့ခဲ့ပါတယ်လို့ ပရိသတ်တွေကို အစီအစဉ်ကနေ တဆင့် အသိပေးခဲ့ပါတယ်။ သူမအိမ်ကနေ လမ်းလျှောက်သွားရင် ၃ မိနစ်လောက်ပဲ ကြာတဲ့ အကွာအဝေးမှာ Down ရဲ့ အိမ် ရှိပါတယ်တဲ့။

READ
ဇာတ်ကားသစ်တစ်ခုနဲ့ ပရိသတ်ရှေ့ ပြန်ရောက်လာတော့မယ့် Kim Bum

 

 

View this post on Instagram

 

A post shared by Hyun Ah (@hyunah_aa) on

ဒေါင်းနဲ့ ခပ်နီးနီးကို ရွှေ့လာကတည်းက သူမက ပိုပြီး အဆင်ပြေလာတယ်လို့လည်း ပြောခဲ့ပါသေးတယ်။ အစီအစဉ် တင်ဆက်သူတွေကိုယ်တိုင်လည်း သူတို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ရင်ခုန်စွာနဲ့ နားထောင်ခဲ့ကြပါတယ်။

သိပ်ကို ချစ်နိုင်ကြတဲ့ သူတို့ နှစ်ယောက် အမြဲ ပျော်ရွှင်နေတာကတော့ တခြားသူတွေကိုပါ အမြဲ အပျော်တွေ ကူးစေခဲ့ပါတယ်နော်။

Kham

SHARE