မွေးရာပါအမျိုးသမီးအဖြစ်ကနေ တစ်ချိန်တည်းမှာပဲ လိင်ပြောင်းလဲခဲ့ကြတဲ့ အမွှာနှစ်ဦး

အသက်(၂၃) နှစ်အရွယ် အသီးသီးရှိကြတဲ့ ဂျက်ခ်နဲ့ ဂျေစ်ညီအစ်ကို နှစ်ဦးဟာ ဂျက်ကလင်းနဲ့ ဂျနီဖာအမည်ရတဲ့ အမွှာညီအစ်မ(၂) ဦးအဖြစ် မွေးဖွားလာခဲ့တာပါ။ အမေရိကန်နိုင်ငံဇာတိဖြစ်ပြီး မေရီလန်းပြည်နယ် ဘာတီမိုးလ်က ရှေးရိုစွဲ ခရစ်ယာန်မိသားစုကနေ ကြီးပြင်းလာသူတွေ ဖြစ်ပါတယ်။ မိန်းကလေးဘ၀နဲ့ နေထိုင်စဉ် ကလေးဘ၀ကတည်းက ယောက်ျားသားအဖြစ်နဲ့ မွေးဖွားလာလိုစိတ် ပြင်းပြခဲ့သူတွေလည်း ဖြစ်ပါတယ်။

SWNS

ဂျက်ခ်ဟာ ဖေ့စ်ဘုတ်ပေါ်မှာ အမျိုးသမီးအဖြစ်ကနေ အမျိုးသားအဖြစ်ကို လိင်ပြောင်းတော့မယ်လို့ ကြေညာခဲ့ရာကနေ ဂျေစ်ပါ လိင်ပြောင်းလဲပြီး ခွဲစိတ်ကုသမှုခံယူခဲ့တာ ဖြစ်ပါတယ်။ ကနဦးပိုင်း testosterone ကုသမှုခံယူပြီး အကြီးစားခွဲစိတ်မှုကြီး လုပ်ပြီးတဲ့နောက် သူတို့တောင့်တတဲ့ အမျိုးသားအဖြစ်နဲ့ ဘ၀ကို ဖြတ်သန်းနေပြီ ဖြစ်ပါတယ်။

SWNS

တရားရေးဆိုင်ရာ ဥပဒေကျောင်းဆင်းတွေ ဖြစ်ကြတဲ့ အမွှာနှစ်ဦးဟာ ဂျော်ဂျီယာနိုင်ငံ မွန်ရိုးမြို့က ဥပဒေရေးရာဌာနတစ်ခုမှာ အလုပ်ဝင်နေကြသူတွေပါ။ သူတို့ရဲ့ လိင်ပြောင်းခွဲစိတ်မှုနဲ့ ပတ်သက်လို့ မေးမြန်းတဲ့အခါမှာတော့ ဂျက်ခ်က အမျိုးသမီးဘ၀နဲ့ နေထိုင်ရတုန်းက သူများခန္ဒာကိုယ်ထဲ ၀င်နေရသလို ခံစားရကြောင်းနဲ့ အခုမှ သက်တောင့်သက်သာရှိတဲ့ အရသာကို ခံစားရတယ်လို့ ဆိုပါတယ်။

READ
သတ်သတ်လွတ်ဟင်းကြောင့် အရိုးပါးပြီး သွားတွေပါ ဆုံးရှုံးခဲ့ရတဲ့ ကိုးလအရွယ် ကလေးငယ်
SWNS

ဒါပေမယ့် လုပ်ငန်းခွင်မှာတော့ သူတို့ကို အမျိုးသမီးအဖြစ်နဲ့ ရှိနေတုန်းက ခေါ်ဝေါ်သုံးနှုန်းခဲ့တဲ့ အသုံးအနှုန်းတွေကို အခုထိတောင် ခေါ်ဝေါ်နေကြဆဲ ဖြစ်တာကြောင့် စိတ်ထိခိုက်ရကြောင်း အမွှာတွေက ဆိုပါတယ်။ ဂျေစ်က သူတို့ အနေနဲ့ ဘာသာရေးကိုင်းရှိုင်းတဲ့ မိသားစုကဆင်းသက်လာတာကြောင့် အမျိုးမျိုး ဝေဖန်မှုတွေရှိနေတဲ့ ကြားထဲမှာ စိတ်တူကိုယ်တူ အမွှာတစ်ဦး ရှိတာ ဆုလာဒ်တစ်ခုဖြစ်ကြောင်း ထပ်လောင်း ပြောပြခဲ့ပါသေးတယ်။

SWNS

ဂျေစ်က “အမွှာရှိရတာ ဘယ်တော့မှ တစ်ယောက်တည်း အထီးမကျန်ဘူးလေ။ တစ်စုံတစ်ယောက်က ကိုယ်ခံစားနေရသလို ထပ်တူတွေ့ကြုံခံစားရတယ်ဆိုတာက ကျွန်တော့်ကို ပိုပြီး သန်မာကြံ့ခိုင်စေပါတယ်။ အစပိုင်းတော့ အမျိုးသားဘ၀ကူးပြောင်းဖို့ဆိုတာ ကျွန်တော့်စိတ်ထဲမှာပဲ ရှိတာလေ။ နောက်တော့ ကျွန်တော့အမွှာက သူပါ လိုလိုလားလားနဲ့ လိင်ပြောင်းချင်တာ သိရတာကြောင့် ၀မ်းသာရတာပေါ့လေ။” လို့ ဆိုခဲ့ပါတယ်။

READ
နွမ်းပါးတဲ့ ယူနီကျောင်းသားတွေကို အခမဲ့ကျွေးမွေးနေတဲ့ မလေးရှားအစိုးရ
SWNS

လင်းလင်း (ShweMom)

Ref: Metro

SHARE