ဘောလီဘောပြိုင်ပွဲတစ်ခုထဲက ကံဆိုးရှာတဲ့ ဘောလုံးဖမ်းသူ

ဒီရက်ပိုင်း အင်တာနက်စာမျက်နှာတွေပေါ်မှာ နာမည်ကြီးနေတဲ့ ဗီဒီယို ဖိုင်တစ်ခုကတော့ ကိုရီးယားနိုင်ငံထဲက ဘောလီဘောပြိုင်ပွဲတစ်ခုအကြောင်းပါ။

OK အသင်းနဲ့ ANY အသင်းတို့ ယှဉ်ပြိုင်ကစားကြတဲ့ ဒေသတွင်း ဘောလီဘောပြိုင်ပွဲတစ်ခုမှာ OK အသင်းရဲ့ ဘောလုံးဖမ်းသမား ကီဆောင်ယူ ဟာ အကြိုးစားဆုံးကစားသမားဖြစ်ခဲ့ပြီး သူ့ကြောင့်ပဲ ဒီပွဲစဉ်က လူသိများသွားခဲ့တာပါ။

YouTube

ပွဲငယ် (၄) ပွဲကို အနိုင်ကစားခဲ့တဲ့ OK အသင်းအတွက် နောက်ဆုံးပွဲစဉ်ကို ရင်ဆိုင်နေရတဲ့အချိန်မှာ တစ်ဖက်ကစားသမားတွေရဲ့ ဘောလုံးရိုက်ချက်တွေကို ကီဆောင်ယူ က အံ့အားသင့်ဖွယ် ဟန့်တားခဲ့တာကို ဗီဒီယို ဖိုင်ထဲမှာ တွေ့ရမှာဖြစ်ပြီး တကယ်မှ ဟုတ်ရဲ့လားလို့တောင် ထင်စရာပါ။

ကီဆောင်ယူ ကစားတဲ့နေရာက တစ်ဖက်အသင်းက ရိုက်ချလိုက်တဲ့ ဘောလုံးတွေကို အဓိက တားဆီးဖို့ဖြစ်ပြီး ကီဆောင်ယူ ဟာ ကွင်းရဲ့ နေရာအနှံ့လိုက်လံလို့ တစ်ဖက်အသင်းရဲ့ တိုက်စစ်ကို တားဆီးနေခဲ့ပါတယ်။

READ
ဗြိတိန်တော်ဝင်မင်္ဂလာပွဲကို မတက်ရောက်တော့ဘူးဆိုတဲ့ မီဂန်ရဲ့ဖခင်

အဲဒီနောက်မှာတော့ ပြိုင်ဖက်အသင်းရဲ့ ရိုက်ချက်ကို တားဆီးဖို့ကြိုးစားရင်း အရှိန်ပြင်းတဲ့ရိုက်ချက်ဒဏ်ကြောင့် ကီဆောင်ယူ လဲကျသွားခဲ့တာပါ။ ကံကောင်းချင်တာလား၊ ကံဆိုးချင်တာလားမသိဘဲ တစ်ဖက်အသင်း ရိုက်ချလိုက်တဲ့ ဘောလုံးတွေက လဲကျနေတဲ့ သူ့ဆီကိုပဲ လာရောက်ထိမှန်ခဲ့တာမို့ နောက်ဆုံးမှာ OK အသင်း အမှတ်ရသွားခဲ့ပြီး နိုင်ပွဲရသွားခဲ့တာဖြစ်ပါတယ်။

YouTube

ဒီ ဗီဒီယို ဖိုင်က ဆိုရှယ်မီဒီယာတွေပေါ်မှာတော့ နာမည်ကြီးနေပြီး တကယ့်အပြင်မှာ ဒီလိုမျိုး ဖြစ်နိုင် မဖြစ်နိုင်ဆိုတာကို ငြင်းခုန်နေကြဆဲပါ။

ဗီဒီယိုဖိုင်ထဲမှာတော့ ကီဆောင်ယူတစ်ယောက် ပွဲပြီးသွားတဲ့အချိန်မှာတောင် မထနိုင်ဖြစ်နေတာ တွေ့ရပြီး ဘောလုံးထိမှန်မှုတွေကြောင့် အသင်းဖော်တွေနဲ့အတူ အောင်ပွဲတောင် မခံနိုင်ခဲ့တာကို တွေ့ရမှာပါပဲ။

Linn

Source : Goodtimes

SHARE