TikTok, WeChat အပါအဝင် တရုတ် App (၅၉) ခုကို ရာသက်ပန်ပိတ်ပင်ခဲ့တဲ့ အိန္ဒိယ

twitter/prabinking

တရုတ်နဲ့ အိန္ဒိယနိုင်ငံကြားမှာ ဥပဒေကြောင်းအရ စိန်ခေါ်မှုတွေနဲ့ မကျေလည်မှုတွေထပ်ပေါ်ပေါက်နိုင်တဲ့ အလားအလာရှိနေပါတယ်။ လက်ရှိမှာ အိန္ဒိယအစိုးရဟာ တရုတ် app ၅၉ ခုကို ရာသက်ပန်ပိတ်ပင်ခဲ့ပြီဖြစ်ပါတယ်။ အပိတ်ခံရတဲ့ app တွေကတော့ ထိပ်တန်း app တွေဖြစ်တဲ့ ByteDance’s TikTok, Baidu, WeChat, Alibaba’s UC Browser, ဈေးဝယ် app ဖြစ်တဲ့ Club Factory, Mi Video Call (Xiaomi) နဲ့ BIGO Live တို့ပါဝင်ပါတယ်။

အိန္ဒိယအစိုးရဟာ နိုင်ငံ့ဥပဒေအရ တရုတ် app တွေကို ဆန့်ကျင်ဖို့ အစောကတည်းက ရည်ရွယ်ခဲ့တာပါ။ တရုတ်ဟာ အိန္ဒိယရဲ့အချုပ်အခြာနဲ့ လုံခြုံရေးကို ထိပါးတဲ့လှုပ်ရှားမှုတွေကို လုပ်ဆောင်နေတယ်ဆိုပြီး အိန္ဒိယဘက်က ယူဆနေတာပါ။ အိန္ဒိယဘက်က IT ဌာနတာဝန်ရှိသူတွေက ၄င်း app ကုမ္ပဏီတွေကို data တွေနဲ့ပတ်သက်ပြီး မေးခွန်းပေါင်းများစွာ မေးမြန်းခဲ့ရာမှ ပြန်ရလာတဲ့အဖြေတွေဟာ စိတ်ကျေနပ်လောက်ဖွယ်မရှိတဲ့အတွက် အခုလို တစ်သက်တာပိတ်ပင်ခဲ့ရတာဖြစ်တယ်လို့လည်း သိရပါတယ်။

အချို့ကလည်း ရာသက်ပန်ပိတ်ပင်တဲ့ထဲမှာ SHAREit, Likee, Weibo နဲ့ Xiaomi ရဲ့ Mi Community တို့ပါဝင်တယ်လို့ ယုံကြည်နေပါတယ်။ အိန္ဒိယအစိုးရဟာ အိန္ဒိယနိုင်ငံတွင်းမှာ တရုတ် app တွေရဲ့လွှမ်းမိုးမှုကို စတင်ထိန်းချုပ်လာတာဖြစ်ပါတယ်။ နိုင်ငံနှစ်နိုင်ငံကြားမှာလည်း တင်းမာမှုတွေမြင့်တက်လာနေတာပါ။ တရုတ်ဟာ အိန္ဒိယနိုင်ငံသားတွေနဲ့ အိန္ဒိယစီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ဒေတာတွေကို မလျော်ကန်စွာအသုံးချနေပြီး စောင့်ကြည့်နေကာ အိန္ဒိယကိုဆန့်ကျင်တဲ့လှုပ်ရှားမှုတွေကို အားပေးနေတယ်ဆိုပြီး အိန္ဒိယကယူဆနေတာ ဖြစ်ပါတယ်။

ရာသက်ပန်ပိတ်ပင်တားမြစ်ခံရတဲ့ app တွေဟာ မပိတ်ခံရခင်မှာ အိန္ဒိယ IT ဝန်ကြီးဌာနရဲ့နို့တစ်စာကို ရရှိခဲ့တာပါ။ နို့တစ်မှာတော့ အိန္ဒိယမှာ၎င်းတို့ ပြုလုပ်နေတဲ့ operation တွေ၊ subscriber တွေ၊ သူတို့ရဲ့ data စုဆောင်းပုံတွေ၊ information processing လုပ်ပုံတွေကို စစ်ဆေးမေးမြန်းခဲ့တာဖြစ်ပါတယ်။ တရုတ်ကုမ္ပဏီတွေဟာ လူတွေရဲ့ပုဂ္ဂိုလ်ရေးဒေတာတွေကို ကာယကံရှင်ခွင့်ပြုချက်မရှိဘဲ ရယူနေခဲ့တာဖြစ်ပြီး ဒေတာတွေရဲ့ လုံခြုံရေးအားနည်းချက်တွေကို တွေ့မြင်ခဲ့ကြတာဖြစ်တယ်လို့လည်း The Times of India အရ သိရပါတယ်။

READ
ကပ္ပတိန်မရောက်လာလို့ လေယာဉ်ကြီးကို ခရီးသည်ကမောင်းပေးလိုက်ရတဲ့ဖြစ်ရပ်

ShweMom

SHARE