VR နည်းပညာအသုံးပြုပြီး ဘွဲ့ယူခဲ့ကြတဲ့ အိန္ဒိယနည်းပညာတက္ကသိုလ်

[email protected]

အခုလက်ရှိအချိန်ဟာ COVID 19 ကပ်ရောဂါဖြစ်နေတာကြောင့် ကျောင်းတွေ၊ တက္ကသိုလ်တွေ၊ စားသောက်ဆိုင်တွေဟာ အချိန်အတိုင်းအတာတစ်ခုအထိ ပိတ်ထားရတာပဲ ဖြစ်ပါတယ်။ ပြီးတော့ ဒီရောဂါကြီးဟာ ဘယ်အချိန်မှာ ပြီးဆုံးနိုင်မှန်း မသိတာကြောင့် တက္ကသိုလ်တွေ၊ ကျောင်းတွေပြန်ဖွင့်ဖို့ဆိုတာ မရေရာ မသေချာ ဖြစ်နေဆဲပါပဲ။ အခုလည်း အိန္ဒိယနိုင်ငံက တက္ကသိုလ်တစ်ခုကတော့ သူတို့ဘွဲ့နှင်းသဘင်ပွဲတစ်ခုကို ကျင်းပခဲ့ပါတယ်။ ဒါပေမယ့် သူတို့ကျင်းပတဲ့ ဘွဲနှင်းသဘင်ပွဲဆိုတာ VR နည်းပညာကို အသုံးပြုပြီး ဘွဲယူခဲ့ကြတဲ့ ဘွဲနှင်းသဘင်ပွဲသက်သက်သာဖြစ်ကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါ တက္ကသိုလ်ကတော့ အိန္ဒိယနိုင်ငံက နည်းပညာတက္ကသိုလ်တစ်ခုဖြစ်တဲ့ IIT(Indian Institute of Technology) တက္ကသိုလ်ပဲ ဖြစ်ပါတယ်။ တက္ကသိုလ်တွေမှာ များသောအားဖြင့် ဘွဲ့ယူမယ်ဆိုရင် ကျောင်းသားကျောင်းသူတွေကိုယ်တိုင် ကျောင်းလာပြီးတော့ သက်ဆိုင်ရာပါမောက္ခတွေက ပေးတဲ့ ဘွဲလက်မှတ်ကို စင်ပေါ်တက်ပြီး အခမ်းအနားနဲ့ ဘွဲ့ယူရတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အခုလက်ရှိအခြေအနေဟာ COVID 19 ကပ်ရောဂါဖြစ်နေတာကြောင့် ပုံမှန်သမာရိုးကျ ဘွဲယူဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

 

ဒါ့ကြောင့် IIT တက္ကသိုလ်ကလည်း နည်းပညာတက္ကသိုလ်တစ်ခုဖြစ်တာကြောင့် ဘယ်တက္ကသိုလ်မှာမှ မပြုလုပ်ဖူးတဲ့ VR နည်းပညာအသုံးပြုပြီး အခမ်းအနားပုံစံ လုပ်ခဲ့ပါတယ်။ အပေါ်က ဗီဒီယိုတွေမှာ တွေ့ရတဲ့အတိုင်း ဘွဲ့ယူမယ့် ကျောင်းသား ၂,၀၀၀ လုံးဟာ ကိုယ့်ရဲ့ပုံစံကို VR နည်းပညာနဲ့ စိတ်ကြိုက်ဖန်တီးပြီး IIT တက္ကသိုလ် Email ကို ပို့ပေးလိုက်ရုံပါပဲ။ အဲဒီနောက်မှာတော့ အဆိုပါ IIT တက္ကသိုလ်က တာဝန်ရှိသူတွေက လိုအပ်တာလေးတွေ ပြန်ပြင်ဆင်ပြီး ဘွဲ့ယူအခမ်းအနားပွဲကို ပြည်တွင်းသတင်းချန်နယ်နှစ်ခုကသာမက Facebook နဲ့ Youtube တို့ကပါ Live လွှင့်ပေးခဲ့ပါတယ်။

READ
Samsung ကနေ အသစ်ထွက်ရှိလာတော့မယ့် ကွေးခေါက်နိုင်တဲ့ စမတ်ဖုန်း (သို့) Galaxy Fold

 

“ကျောင်းသားကျောင်းသူတွေသာမကပါဘူး။ ကျွန်တော်တို့ဆီက ပါမောက္ခတွေလည်း သူတို့ရဲ့ VR ပုံစံကို သူတို့ဘာသာ ဖန်တီးခဲ့ရတာပါ။ ကျွန်တော်ကတော့ ဒီဘွဲ့ယူပွဲကို တော်တော်လေးကို ကျေနပ်အားရပါတယ်။ ကျွန်တော်တို့ဆီက ကျောင်းသားတွေရဲ့ သူတို့ကိုယ်ပိုင် VR ပုံစံဖန်တီးမှုတွေကလည်း တော်တော်လေးကို ပြည့်စုံပါတယ်”လို့ IIT တက္ကသိုလ်ရဲ့ Director ဖြစ်သူ Subhasis Chaudhuri က ပြောကြားခဲ့ပါတယ်။

READ
အခုရိုက် အခုထုတ်လို့ရမယ့် Canon က CLIQ ကင်မရာများ

 

Pyi Hein Kyaw

SHARE