စိတ်ပိုင်းဆိုင်ရာကျန်းမာရေးထိခိုက်မှုအရှိဆုံး ဆိုရှယ်မီဒီယာအဖြစ် အင်စတာဂရမ်သတ်မှတ်ခံရ

လူမှုကွန်ယက် မီဒီယာတစ်ခုဖြစ်တဲ့ အင်စတာဂရမ်ဟာ Facebook နဲ့ အခြားထိပ်သီးဆိုရှယ်မီဒီယာတွေကို ကျော်ဖြတ်ပြီး၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးထိခိုက်စေမှုမှာ အမြင့်ဆုံးအဖြစ် ရပ်တည်နေပါတယ်။ အင်စတာဂရမ် ပြီးနောက်၊ Snapchat က ဒုတိယနေရာမှာ ရည်တည်နေပြီး၊ ယင်းနောက် Facebook မှ တတိယ၊ တွစ်တာက စတုတ္ထ အသီးသီး ရပ်တည်နေ
ကြောင်း သိရပါတယ်။

ဒီစစ်တမ်းကို rsph.org.uk က အသက် 14 နှစ်မှ 24 နှစ်အတွင်း လူငယ် 1500 ကျော်ကို စစ်တမ်းကောက်ယူခဲ့ တာ ဖြစ်ပြီး၊ ယင်းတို့ရဲ့ လူမှုကွန်ယက်တွေပေါ်မှာ ယူဆတဲ့ထင်မြင်ချက်တွေကို အခြေခံကာ Positive နဲ့ Negative ခွဲခြားပြီး၊ အဆင့်တွေ သတ်မှတ်ဖော်ပြခဲ့တာပါ။

rsph.org.uk ဟာ စစ်တမ်းမှာ ပါဝင်သူတွေကို မည်သည့်ဆိုရှယ်မီဒီယာက မိမိတို့ကို စိုးရိမ်ပူပန်မှုတွေ၊ အလိုမကျမှုတွေ၊ ဒေါသတွေ၊ အာဃာတာတွေ၊ အညှိုးအတေးတွေ ဖြစ်စေသလဲဆိုတာကို မိမိသဘောဆန္ဒအလျှောက် ဖြေကြားစေခဲ့ပါ တယ်။ ဒီအတွက် စစ်တမ်းမှာ ပါဝင်သူအများစုဟာ အင်စတာဂရမ်ကို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်စေမှုအများဆုံး မီဒီယာအဖြစ် ရွေးချယ်ခဲ့ကြပါတယ်။

READ
၂၀၁၈နှစ်ကုန်ပိုင်းမှာ 5G စနစ် ဝန်ဆောင်မှု ရရှိစေမယ် ဆိုတဲ့ Verizon

rsph.org.uk မှာ ဖော်ပြထားချက်အရ အသက် 16 မှ 24 နှစ်ရောက်နေပြီဖြစ်တဲ့ 91% သော သူတွေဟာ ဆိုရှယ်မီဒီ
ယာ အသုံးပြုကြောင်း ဖော်ပြထားပြီး၊ ၎င်းအသုံးပြုသူတွေဟာ 25 နှစ်အတွင်းမှာ စိတ်ဖိအားနဲ့ စိတ်ပိုင်းဆိုင်ရာ အခြားပြ ဿနာတွေ အမြင့်ဆုံးအဖြစ် 70% အထိ တိုးလာတယ်လို့ ဖော်ပြထားပါတယ်။

RSPH မှာ Chief executive အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ Shirley Cramer က ” ဆိုရှယ်မီဒီယာတွေဟာ ဆေးလိပ်တို့ အရက်တို့ထက် လူကို ပိုပြီးစွဲလမ်းစေပါတယ် .. အခုဆိုရင် လူငယ်ထုကြားမှာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ ပြဿနာတွေကို အများကြီးရှုပ်ထွေးစေခဲ့ပြီး၊ ယခင်ကလို တင်းတိမ်ရောင့်ရဲတဲ့ဘ၀မျိုးကနေ အလှမ်းကွာလာ ပြီလို့ ဆိုရမှာပါ “လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ညီလင်းထက် (Shwemom)

READ
အင်တာနက်လူမှုကွန်ယက်တွေရဲ့ ဖျက်ဆီးမှုအခံရဆုံး လူသားများ

source : metro.co.uk

 

SHARE