ကော်ဖီ အမျိုးစုံ ရှိတဲ့ ကြားက ဒီတစ်ခါ မှာတော့ ကမ္ဘာ့ အရှားပါးဆုံး၊ဈေးအကြီး ဆုံး ကော်ဖီ တွေ ထဲက တစ်ခု ဖြစ်တဲ့ ငှက်ချေး(ချီး)ကော်ဖီ(သို့) Jacu Bird Coffee အကြောင်း ကို ဝေမျှ ပေးချင်ပါတယ်။ဒီ ကော်ဖီအ ကြောင်းကိုတော့ odditycentral မှာ ဖော်ပြထားတာပါ။ငှက်ချေး ဆို ပေမယ့် လည်း စားချင်တာစား ယိုချင်တာ ယို ထားတာ မျိုး တော့ မဟုတ်ပါဘူး။ကော်ဖီ ချယ်ရီသီးကို စားတဲ့ ငှက် တွေ စွန့် ထုတ် လာတဲ့ ချေး ကို ကော်ဖီ ထုတ် တာပါ။ဒီလို ရလာတဲ့ ကော်ဖီမို့ ဈေးပေါ တယ်ထင် ရင် မှားပါလိမ့်မယ်။အရမ်းကို ဈေးကြီး ပါတယ်။ဘရာဇီး နိုင်ငံမှာရှိတဲ့ Camocim Estate ၊ ဧက ၅၀ လောက်ရှိ တဲ့ ကော်ဖီ စိုက်ပျိုး တဲ့ နေရာက နေ ရတာပါ။
View this post on Instagram
တည်နေရာ အတိအကျ က တော့ ဘရာဇီးနိုင်ငံ Espirito Santo ပြည်နယ် ၊ Pedra Azul မှာ တည်ရှိတာပါ။အဲ့ဒီ နေရာ ကတော့ တောင် အမေရိကန် က လာတဲ့ Jacu ဆိုတဲ့ ငှက် တွေ ကျက်စား တဲ့ နေရာပါ။၂၀၀၀ ခုနှစ် အစောပိုင်း လောက် တုန်းက Henrique Sloper de Araújo ရဲ့ စိုက်ခင်းတွေ ကို Jacu ငှက်တွေ က ဖျက်စီးတာကို ခံလိုက် ရပါတယ်။ Jacu ငှက်တွေ က ချယ်ရီ သီးဆို အရမ်း ကြိုက်တယ်ဆိုတဲ့ အချက်ကို အဲ့ဒီ အချိန် တုန်းက မသိခဲ့ကြပါဘူး။အရမ်း ရှားပါးပြီး မျိုးတုံး ပျောက်ကွယ်မှာ စိုးလို့ ထိန်း သိမ်း စောင့်ရှောက် နေရတဲ့ ငှက် တွေ က အခုလို ဖျက်စီး ခံလိုက်ရတဲ့ အချိန်မှာတော့ Henrique Sloper de Araújo က အရင် ဆုံးေ မာင်း ထုတ် တဲ့ နည်းနဲ့ ဖြေရှင်း ခဲ့ပါတယ်။ထိန်းသိမ်းရတဲ့ ငှက်မျိုးစိတ်မို့ ပတ်ဝန်းကျင် ဆိုင်ရာ ရဲ တပ်ဖွဲ့ကို အကူအညီ တောင်း ခံ ပေမယ့် ဘာ မှ ဖြစ် မလာခဲ့ပါဘူး။ဥပဒေ အရ ကာကွယ်စောင့်ရှောက်ရတဲ့ ငှက် မျိုးစိတ် မို့ သတ်ပစ်လို့ ကလဲ မရ ဖြစ်ပြီး အကျပ် အတည်း ဖြစ် နေ ချိန် မှာပဲ ဖြေရှင်းနိုင်တဲ့ နည်းတစ်ခုကို အကြံရခဲ့ပါတယ်။
View this post on Instagram
Slope က တော့ ရေလှိုင်းစီးရတာကို ကြိုက်ပြီး အရင်တုန်းက လှိုင်းတွေနဲ့ အတူတူ အင်ဒိုနီးရှားကို ရောက်သွားခဲ့ ဖူးပါတယ်။အဲ့ဒီ မှာတော့ kopi luwak ဆိုတဲ့ ကမ္ဘာ့ ဈေးအကြီးဆုံး ကော်ဖီ တွေ ထဲက တစ်ခုကို ထုတ် တာကို မြင် တွေ့ ခဲ့ဖူးပါတယ်။ကြောင် ကတိုး တွေရဲ့ ချေး က နေ ကော်ဖီ ထုတ်တာပါ။ဒါကို သိ နေတဲ့ Sloper က တော့ သူလည်း Jacu ငှက် ချေး ကေ န ကော်ဖီ ထုတ် မယ် ဆိုပြီး လုပ်ခဲ့တာပါ။ဒီစိတ်ကူးကို လက်တွေ့ အကောင် အထည် ဖော်တော့ သူကြုံ ရတဲ့ အခက်အခဲ ဆုံး အပိုင်း တစ်ခု ရှိပါတယ်။ငှက် တွေ ကကော်ဖီ ချယ်ရီ သီး ကို မဟုတ်ပဲ တခြား ဟာ တွေကို ကောက်ယူ စားသောက် တာက သူရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲ ပါ။နောက်ပိုင်းမှာတော့ Sloper တစ်ယောက် Jacu ငှက် ချေး ကို အလုပ်သမားတွေနဲ့ အတူတူ ရတနာ လို ကောက်ယူ စုဆောင်း ပြီး ကော်ဖီ ဖန်တီး နိုင်ခဲ့ပါတယ်။
View this post on Instagram
သူ့ဆီက Jacu ငှက် တွေ က အရမ်း အကောင်းကြိုက်ပြီး အရင့် အမှည့် ဆုံး ကော်ဖီ ချယ်ရီ သီး မျိုးကို မှ ရွေးချယ် စား သောက် လေ့ရှိတယ်လို့ လည်း Sloper က ပြောခဲ့ပါတယ်။ kopi luwak coffee နဲ့ မတူ တဲ့ အချက်က တော့ Jacu ငှက် တွေ ရဲ့ အစာချေ စနစ် မှာတော့ ကော်ဖီ စေ့တွေ က ပိုမြန်မြန် ရွေ့လျား လှုပ်ရှား ကြ ကာ တိရစ္ဆာန်ရဲ့ ပရိုတင်း၊အစာအိမ်က အက် ဆစ် တွေနဲ့ ဓါတ် ဖွဲ့ စည်းတာ မျိုး မရှိပါဘူး။ဒါကြောင့် ကော်ဖီ စေ့ လှော်ထားသလို မျိုး ထွက်လာ တာပါ။ Jacu bird coffee ရဲ့ တန် ဖိုး က တော့ 1 Kg ကို အမေရိကန် ဒေါ်လာ $1,000 လောက်ရှိပါတယ်။
View this post on Instagram
#SHWEMOM