မုတ်ဆိတ်မွှေးထားပြီဆိုရင် ဘာကြောင့် သန့်ရှင်းရေး မဖြစ်မနေ လုပ်သင့်တာလဲ?

မုတ်ဆိတ်ဆိုတာ အစာစားချိန်က ကျန်ခဲ့တဲ့ အကြွင်းအကျန်တွေနဲ့ ပြည့်နေတဲ့နေရာတစ်ခုဆိုတာ အားလုံးသိပြီးမှာပါ။ လူ့မစင်ကဲ့သို့ ဆိုးရွားတဲ့အရာတွေဟာ မျက်နှာပေါ်ကအမွှေးတွေမှာ ပျံ့နှံ့နေတယ်လို့ တွေးမိဖူးပါသလား? မုတ်ဆိတ်ရှိတဲ့အမျိုးသားတွေရဲ့ ၅၀%လောက်မှာ သူတို့ရဲ့မုတ်ဆိတ်ဟာ မစင်တွေနဲ့ပြည့်နေတယ်လို့ သုတေသနလေ့လာတွေ့ရှိချက် အသစ်တစ်ခုက ဖော်ပြခဲ့ပါတယ်။
Fragrance Direct နဲ့ Manchester Metropolitan တက္ကသိုလ်တို့ ပူးပေါင်းပြုလုပ်တဲ့ လေ့လာမှုတစ်ခုမှာ နိုင်ငံအနှံ့က အမျိုးသားများရဲ့ မုတ်ဆိတ်တွေကို နမူနာယူပြီး အသေးစိတ်စစ်ဆေးကြည့်တဲ့အခါမှာ မုတ်ဆိတ်တွေထဲမှာ ရှိနေတဲ့အရာတွေကို လေ့လာတွေ့ရှိခဲ့ကြပါတယ်။

Fragrance Direct

လေ့လာမှုမှာ ပါဝင်အစမ်းသပ်ခံသူအများစုရဲ့ ပြောကြားချက်အရ သူတို့ဟာစစ်ဆေးမှုပြုလုပ်မယ့်နေ့မှာ သူတို့မုတ်ဆိတ်တွေကို ပုံမှန်ဆေးကြောသန့်ရှင်းခဲ့တယ်လို့ဆိုပေမယ့် ရလဒ်ကတော့ ရွံစရာကောင်းနေဆဲပါပဲ။
မုတ်ဆိတ်နမူနာ ၄၇%လောက်မှာ Enterococcus spp လို့ခေါ်တဲ့ အလွန်သေးငယ်တဲ့ ပိုးတစ်မျိုးပါဝင်နေတာကို တွေ့ရှိခဲ့ကြပါတယ်။ ဒီပိုးဟာ လူ့ရဲ့ဆီး၊ဝမ်း အညစ်အကြေးတွေထဲမှာလည်း ပါဝင်နေပါတယ်။ မှန်ပါတယ်။ မုဆိတ်ဗရပျစ်နဲ့လူတွေရဲ့ မျက်နှာတစ်ဝက်လောက်ကို ဖုံးနေတဲ့ အမွှေးအမျှင်တွေထဲမှာ မစင်ဆဲလ်တွေကို တွေ့ရှိခဲ့ကြတာပါ။

READ
ကျန်းမာရေးအတွက် ရေကူးခြင်းရဲ့ ကောင်းကျိုးများ
Fragrance Direct

ဒီအရာတွေဟာ မုတ်ဆိတ်ရှည်တွေမှာပဲ တွေ့ရတာမဟုတ်ပါဘူး။ ဒီစမ်းသပ်မှုဟာ အရှည်၊ အထူ နဲ့ ပုံစံမျိုးစုံရှိတဲ့ မုတ်ဆိတ်တွေကို ပြုလုပ်ခဲ့တာဖြစ်ပြီး မုတ်ဆိတ်အတိုပဲထားတဲ့ အမျိုးသားတွေဟာလည်း ဒီထဲမှာပါဝင်နေပါတယ်။ မစင်တွေဟာ ဘယ်လိုလုပ်ပြီး မုတ်ဆိတ်ထဲထိ တက်ရောက်နေလဲလို့ သိချင်နေကြမှာပါ။
မကြာသေးခင်ကပြုလုပ်တဲ့ စစ်တမ်းတစ်ခုရဲ့ ရလဒ်အရ ၆၀% ခန့်သော အမျိုးသားတွေဟာ အိမ်သာအသုံးပြုပြီးနောက်မှာ လက်ဆေးကြလေ့မရှိတာကို တွေ့ရှိခဲ့ကြပါတယ်။

Fragrance Direct

ဒီတော့ အိမ်သာတက်ပြီး လက်မဆေးပဲ မုတ်ဆိတ်တွေကို ကိုင်တွယ်ပွတ်သပ်မိရာမှ ဒီလိုရလဒ်မျိုးဖြစ်လာတယ်လို့ ယူဆကြပါတယ်။
Fragrance Direct ရဲ့ ပြောရေးဆိုခွင့်ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးကတော့ ဒီလိုပဲပြောကြားခဲ့ပါတယ်။
“သင်တို့ရဲ့ ကျန်းမာရေးအတွက် မုတ်ဆိတ်တွေကို ဘက်တီးရီးကင်းစင်အောင် အမြဲတမ်းသန့်ရှင်းရေးလုပ်ပြီး ဂရုစိုက်နေဖို့ အရေးကြီးပါတယ်။ လူတိုင်းက ဆံပင်တွေကို လျှော်ကြသလိုပဲ မုတ်ဆိတ်တွေကိုလဲ သန့်ရှင်းအောင်ထားဖို့ လိုပါတယ်။ အမျိုးသားတွေဟာ ရေချိုးတဲ့အချိန်မှာ မုတ်ဆိတ်ကို မုတ်ဆိတ်လျှော်တဲ့ရှန်ပူနဲ့ လျှော်ပေးပြီး ပျော့ဆေးကိုပါတွဲဖက်အသုံးပြုသင့်ပါတယ်။”
ရလဒ်အရ မုတ်ဆိတ်ရှည်ထားတဲ့ အမျိုးသားတွေ မုတ်ဆိတ်လျှော်တဲ့ရှန်ပူတွေနဲ့၊ သန့်ရှင်းရေးပစ္စည်းတွေကိုဆောင်ထားဖို့ဆိုတာထက် ပိုအရေးကြီးတာရှိပါတယ်။
အဲဒါကတော့ သင့်ရဲ့မုတ်ဆိတ်ကို မထိတွေ့မကိုင်တွယ်မီ လက်ကိုသန့်ရှင်းအောင်ထားဖို့ လိုတယ်ဆိုတာပါပဲ။

READ
လျှာဖြူနေရင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းများ

Sam

Source : Ladbible

SHARE