လောင်းကစား ဘုရင်ကြီး Stanley Ho ရဲ့ စိတ်ဝင်စားဖွယ်ရာ ဘ၀ အ ကြောင်း

Image:IG/xsabrinahox/orlandoho91

tycoon  သူဌေးကြီး Stanley Ho က တော့ လောင်းကစားလောရဲ့ ဘုရင်ကြီးပါ။မကာအိုကို လောင်းကစား မြို့ တော် ကြီး ဖြစ်အောင် ပြောင်းလဲပစ်ခဲ့သူပါ။အာရှရဲ့ အချမ်းသာဆုံး ကမ္ဘာ့ အချမ်းသာဆုံး လူတွေ ထဲက တစ်ယောက် ဖြစ်တဲ့ Stanley Ho  က တော့ (၂၀၂၀) မေလ (၂၆)ရက်နေ့က ကွယ်လွန်သွားခဲ့ပါပြီ။ဇနီး(၄)ယောက်၊သားသမီး (၁၇) ယောက်ရှိတဲ့ Stanley Ho ရဲ့ စိတ်ဝင်စားဖို့ ကောင်းတဲ့ ဘ၀ အ ကြောင်းကို Shwemom စာဖတ် သူ တွေ အတွက် ဝေမျှ ပေးချင်ပါတယ်။

ချမ်းသာတဲ့ မိသားစုက ဆင်းသက်လာခဲ့

1921 ခုနှစ် နိုဝင်ဘာ (၂၅)ရက်နေ့က မွေးဖွားခဲ့တာဖြစ်ပြီး (၂၀၂၀) မေ (၁၆)မှာ ကွယ်လွန်ခဲ့တာပါ။သူ့ အသက် (၉၈)နှစ်မှာ ကွယ်လွန်ခဲ့တာပါ။ချမ်းသာတဲ့ မိသားစုက ဆင်းသက်လာခဲ့တာပါ။မွေးချင်း (၁၃) ယောက်ထဲကမှ (၉) ယောက် မြောက်ပါ။ မိသားစုက တော်တော်လေး ချမ်းသာပေမယ့် နောက်ပိုင်းမှာတော့ စီးပွားပျက် ခဲ့ရပါတယ်။အ ဖေ ဖြစ်သူက မိသားစုကိုထားခဲ့ပြီး သူ့ရဲ့ အစ်ကို ကြီးနှစ်ယောက်လုံးက ကိုယ့်ကိုယ်ကို သတ်သေ ခဲ့ပါတယ်။

ငယ်ငယ်တည်းက စိတ်အားထက်သန်သူ

ဟောင်ကောင်က Queen ကောလိပ်က Class  D မှာ တက်ခဲ့ပါတယ်။အဲ့ဒီ D က တော့ ဟောင် ကောင်ရဲ့ Class System မှာ ဆိုရင် အညံ့ဆုံးပါ။ဒါပေမယ့် လည်း ဟောင် ကောင် တက္ကသိုလ် မှာ ပညာ သင် ဆု ရ အောင်လုပ်ပြနိုင် ခဲ့ပါတယ်။Class D က နေ ဟောင်ကောင် တက္ကသိုလ် က နေ ပညာသင် ဆု ရတဲ့ ပထမဆုံး ကျောင်းသားပါ။ ဒါေ ပမယ့်လည်း ဒုတိယ ကမ္ဘာ စစ် ကြောင့် ပညာရေး က ဆုံးခန်းမတိုင်ခဲ့ပဲ သူတို့ မိသားစု မကာအို ကို ထွက် ပြေးလာ ခဲ့ပါတယ်။ငယ်ငယ်တည်းက စိတ်အား ပြင်းထန်ပြီး လုပ်မယ်ဆိုရင် ဖြစ်အောင် လုပ်တတ်တဲ့ စိတ်ရှိသူပါ။

READ
လူကြိုက်များတဲ့ သူဌေးလေးရေညှိ နောက်ကွယ်က စွန့်ဦးတီထွင်သူထိုင်းလူငယ်

ကုမ္ပဏီ တစ်ခု မှာအ လုပ်ဝင်ခဲ့

Image:IG/orlandoho91

ပြောင်းလာ ပြီးနောက်မှာတော့ ကုန်ပစ္စည်းတွေ ကို ပို့ကုန်၊သွင်းကုန် လုပ်တဲ့ ကုမ္ပဏီ မှာ အလုပ်ဝင် ခဲ့ပါတယ်။ အလုပ် ကြိုးစားသူ၊ဘာသာစကား(၄)မျိုးလောက်ရတာမို့ နောက်ဆုံး အဲ့ကုမ္ပဏီ ရဲ့ ၀န်ထမ်း မဟုတ်ပဲ ပါတနာ ဖြစ်လာခဲ့ပါ တယ်။သူ့ရဲ့ အိမ်မက်တွေကို ဒီလောက်နဲ့ မရပ်ပဲ ဆောက်လုပ်ရေး ကုမ္ပဏီ ထူထောင်ခဲ့ပါတယ်။

လောင်းကစားလောကထဲ ရောက်လာ

Image:IG/xsabrinahox

လောင်းကစားဘက်ကို စပြီး ရင်းနှီးမြှုပ်နှံ ကြည့်ခဲ့ပါတယ်။ဖိလစ်ပိုင်မှာရှိတဲ့ ကာစီနိုတွေ မှာရင်းနှီးမြှုပ် နှံ ခဲ့ပါတယ်။ တဖြည်းဖြည်း နဲ့ ဒီ စီးပွားရေးက ဘယ်လောက် အကျိုးအမြတ်များတယ်ဆိုတာကို မြင်လာခဲ့ပါတယ်။ဒါ ကြောင့် သူနဲ့ တခြား ပါတနာ တွေ လက်တွဲပြီး (၁၉၆၀)လောက် တုန်းက အစိုးရ ရဲ့  monopoly licence  ရ အောင် လုပ်ခဲ့ပါ တယ်။မကာအိုမှာ ကာစီနိုဝိုင်းတွေ ဖွင့်၊SLOT ထီ ကိုပါ လုပ်ခဲ့ပါတယ်။အိမ်ခြံ မြေ လုပ်ငန်းတွေ မှာလည်း ရင်းနှီး မြှုပ် နှံ မှုတွေ လုပ်ခဲ့ပါတယ်။မကာအို အပြင် ပေါ်တူဂီ ၊မြောက် ကိုရီးယား၊ဗီယက်နမ်.. အစရှိတဲ့ နိုင်ငံ တွေမှာပါ  လောင်းက စားရော၊အိမ်ခြံမြေ အလုပ်တွေ ကိုပါ လုပ်ခဲ့ပါတယ်။လောင်းကစား လုပ်ငန်းကြီးရဲ့ ဘုရင်ကြီးကတော့ စီးပွားရေးမှာ အရမ်းအကွက်မြင် တတ်သူပါ။ဟောင် ကောင်နဲ့ မကာ အို ကို ရဟတ်ယာဉ် ပြေးဆွဲ ခဲ့ပါတယ်။အဲ့ဒီ လမ်း ကြောင်း ကတော့ အခုထိလည်း အသုံးပြု နေ ကြတုန်းပါ။

အက  ချစ်သူ

Image:IG/orlandoho91

လောင်းကစားဘုရင်ကြီးမှာလည်း တခြား ၀ါသနာ တစ်ခုရှိပါတယ်။အကပါ။အကဆိုရင်တော့ cha-cha, waltz, tango, ballroom ၊swing အက မျိုးစုံ အကုန် ရပါတယ်။အက အ ပေါ်ကို တော် တော် လေးကို ရူး သွပ် သူပါ။ အက နဲ့ ပတ်သက်ပြီး သူတတ်နိုင်သ လောက် ထောက်ပံ့ကူညီ ပေးခဲ့သူပါ။အက နဲ့ ပတ်သက်လာရင် စ ပွန်ဆာ ပေး ကူညီ ပေးခဲ့သူပါ။

(၂၀၀၉)က စ ပြီး ကျန်းမာရေးဆိုးရွားလာခဲ့

 

Image:IG/laurinda ho

အသက်ကလဲ ရလာ၊စီးပွားရေးလုပ်ငန်းကြီးကိုလည်း လုပ်ကိုင် နေရသူမို့ (၂၀၀၉)မှာတော့ နှလုံးရောဂါ ကို  ခံစားခဲ့ ရပါတယ်။သူ့ အ သ က် (၉၇)နှစ် ပြည့် မွေးနေ့ မတိုင်ခင် လပိုင်းမှာ တော့ လောင်းကစားစီးပွား ရေး လုပ်ငန်း  တွေ နဲ့ ပတ်သက်ပြီး လုံးဝ အနားယူခဲ့ပါတယ်။အနားယူ နေတာ တောင်မှ အချမ်းသာဆုံး တွေထဲက တစ်ယောက် ဖြစ်  နေ ခဲ့ပါတယ်။

မိသားစု

Image:IG/xsabrinahox

မိသားစု နဲ့ ပတ်သက်လာရင်တော့ သူ့ က လေးတွေ ရဲ့ အ မေ တွေ ဟာ သူ့ရဲ့ မိန်းမ ပဲ လို့ ပြောခဲ့ပါတယ်။မိန်းမ  လေး ယောက်က မွေးတဲ့ ကလေး စုစုပေါင်းက (၁၆) ဆို ပေမယ့် ၊ သားသမီးစုစုပေါင်းက (၁၇) ဆို တော့ တစ်ေ ယာ က် က တော့ ဘယ်ဇနီးနဲ့ ရထားလဲ တော့ မသိပါဘူး။ဇနီး က(၄)ယောက်ရှိပါတယ်။(၁၉၄၂)မှာ ပေါ် တူဂီ မိသားစုက Clementina Angela Leitão ဆိုတဲ့ အမျိုသမီး နဲ့ လက်ထပ်ခဲ့ပါတယ်။အဲ့ဒီ အမျိုးသမီးရဲ့ အဖိုးကတော့ ရှေ့ နေပါ။ ကလေး (၄)ယောက်ရခဲ့ပါတယ်။ဒါပေမယ့် (၁၉၇၃) တုန်းက ယာဉ် မ တော်တဆမှုကြောင့်မှတ်ဥာဏ် ချို့ ယွင်းခဲ့ရပါ တယ်။Ho နဲ့  Leitão’ ရဲ့ သား   Robert  နဲ့  ချွေးမတို့ ကတော့ ကားအက်စီးဒင့်ဖြစ်ပြီး သေခဲ့ပါတယ်။ Clemen tina Leitão Ho  ကတော့ (၂၀၀၄)မှာ သေဆုံးခဲ့ပါတယ်။Lucina Azul Jean Ying  နဲ့ ကတော့ (၁၉၅၇)မှာ လက်ထပ်ခဲ့ပြီး က လေး ငါးယောက် ရခဲ့ပါတယ်။

Ina Chan က တော့ တတိယ မိန်းမ ဖြစ်ပြီး (၁၉၇၇)မှာ လက်ထပ်ခဲ့ပါတယ်။Ho ရဲ့ ပထမ မိန်းမ အတွက်  စောင့် ရှောက် ဖို့ သူနာပြု လို လို့ ငှားခဲ့တာပါ။Ina Chan  က တော့ သူနာပြု တွေ ထဲက တစ်ယောက် ဖြစ်ပြီး နောက်တော့ တတိ ယ မိန်းမ ဖြစ်လာတာပါ။က လေး (၃) ယောက်ရခဲ့ပါတယ်။ပထမ မိန်းမ အတွက် သူနာပြု ငှားရင်း အဲ့ဒီ သူနာပြု က တတိယ မိန်းမ ဖြစ်လာခဲ့တာပါ။(၄) ယောက် မြောက် မိန်းမ ကတော့ Angela Leong On-kei ဖြစ်ပြီး (၁၉၈၈) မှာ လက်ထပ်ခဲ့တာပါ။ အက ဆရာမ ဘ၀မှာ အက ၀ါသနာကြီးတဲ့ Ho နဲ့  တွေ့ ခဲ့တာပါ။က လေး (၄) ယောက် ရပါတယ်။Sabrina Ho, Arnaldo Ho, Mario Ho နဲ့  Alice Ho ပါ။Mario Ho ကတော့ တရုတ် မော်ဒယ် Ming Xi နဲ့  လက်ထပ်ခဲ့ပါတယ်။

READ
လူမှုကွန်ရက်မှာနာမည်ကြီးပြီး ကော်ဖီကြော်ငြာမှာပါ ဖော်ပြခံရတဲ့ ဆောက်လုပ်ရေးသမားကြီး
Image:IG/momomarioho

#SHWEMOM(ref;wiki/logincasino)

SHARE