iPhone X ဖုန်းအမျိုးအစား ထွက်ထားတာ (၂) လကျော်သာ ရှိသေးသော်လည်း Apple ကုမ္ပဏီဟာ ယခု (၂၀၁၈) ခုနှစ်အတွင်း ဖုန်းအမျိုးအစားသစ် (၃) မျိုးထက်မနည်း ထပ်မံထုတ်လုပ်ဦးမှာဖြစ်ကြောင်း သိရပါတယ်။
အသစ်ထပ်ထွက်ရှိလာတဲ့ iPhone တွေဟာလည်း အရွယ်အစားတဖြည်းဖြည်းကြီးလာတာကို တွေ့ရမှာပါ။ iPhone 8 ရဲ့ မျက်နှာပြင်မှာ (၄.၇) လက်မရှိပြီး iPhone 8 plus မှာ (၅.၅) လက်မရှိကာ OLED iPhone X မှာ မျက်နှာပြင် (၅.၈)လက်မ ရှိပါတယ်။ စက်တင်ဘာလမှာ အသစ်ထွက်ရှိမယ့် iPhone XL ရဲ့ မျက်နှာပြင်ကတော့ (၆.၅) လက်မနဲ့ iPhone သမိုင်းမှာ အကြီးဆုံးအရွယ်အစားဖြစ်ပါတယ်။
iPhone XL ထုတ်လုပ်ဖို့ OLED ဘောင်တွေကို ကိုရီးယားကုမ္ပဏီ LG မှ (၂၀၁၈) နှစ်လယ်ပိုင်းမှာ Apple ကုမ္ပဏီသို့ စတင်တင်သွင်းတော့မှာဖြစ်ပြီး Samsung ကုမ္ပဏီကတော့ အခြားဖုန်းအမျိုးအစားတွေအတွက် တာဝန်ယူတင်သွင်းမှာဖြစ်ကြောင်း သိရပါတယ်။
Apple ကုမ္ပဏီမှ iPhone XL ထုတ်လုပ်ဖို့အတွက် LG မှ OLED မျက်နှာပြင်တွေကို စတာလင်ပေါင် (၁.၉၉) ဘီလီယံ အကုန်ကျခံကာ ဝယ်ယူထားကြောင်း သတင်းတွေထွက်နေပြီး အသစ်ထွက်ရှိမယ့် iPhone (၃) မျိုးလုံးမှာ Home ခလုတ်ပါဝင်တော့မှာ မဟုတ်ကြောင်းကိုလည်း နည်းပညာကျွမ်းကျင်သူ Ming-Chi Kuo က ပြောကြားခဲ့ပါတယ်။
မစ္စတာ Kuo ရဲ့ ပြောကြားချက်အရ Apple ကုမ္ပဏီဟာ (၆.၁)လက်မအကျယ်ရှိ ရိုးရိုး LCD မျက်နှာပြင်နဲ့ တန်ဖိုးနည်းဖုန်းတွေကိုလည်း ထုတ်လုပ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။ ၄င်းဖုန်းဟာ OLED မျက်နှာပြင်နဲ့ iPhone X လောက်တော့ ကြည်လင်ပြတ်သားမှုရှိမှာမဟုတ်ဘဲ တန်ဖိုးမှာလည်း ယူရို (၄၈၀) နဲ့ (၅၅၃) ကြားထဲမှာသာ ရှိမည်ဖြစ်ကြောင်း သိရပါတယ်။
White (Shwemom)
Ref: The Sun