အီရန်ရဲ့တိမ်တိုက်သူခိုးလို့ အစ္စရေးကို စွပ်စွဲလိုက်တဲ့ အီရန်ဗိုလ်ချုပ်ကြီး

အီရန်နိုင်ငံက ဗိုလ်ချုပ်ကြီးတစ်ဦးက အီရန်နိုင်ငံမှာ ရာသီဥတု မမှန်မကန်ဖြစ်ပြီး မိုးခေါင်ရေရှားဖြစ်အောင်လို့ အစ္စရေးနိုင်ငံက အီရန်ရဲ့ တိမ်တိုက်တွေကို ခိုးယူနေတယ်ဆိုပြီး စွပ်စွဲလိုက်ပါတယ်။ အဆိုပါစကားကို အီရန်ကာကွယ်ရေးဌာနရဲ့အကြီးအကဲတစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ဂိုလမ်ရီဇာဂျာလာလီက အီရန်နိုင်ငံတွင်း ပြောင်းလဲနေတဲ့ ရာသီဥတု အခြေအနေတွေနဲ့ပတ်သက်လို့ အခုလိုပြောကြားခဲ့တာပါ။

Sun

ဒါ့အပြင် အီရန်ရဲ့ သိပ္ပံနည်းကျ စမ်းသပ်မှုတွေအရလည်း နိုင်ငံတွင်း ရာသီဥတုဆိုးဝါးလာမှုဟာ ပြင်ပနိုင်ငံရဲ့ ပယောဂပါတယ်ဆိုတာ တွေ့ရှိထားကြောင်း ဗိုလ်ချုပ်ဂိုလမ်ရီက ဆိုပါတယ်။ ဂိုလမ်ရီက “အစ္စရေးနဲ့ ဒေသတွင်းက အခြားနိုင်ငံတစ်နိုင်ငံက အီရန်ဘက်ကိုလာတဲ့ တိမ်တွေကို မိုးမရွာနိုင်အောင် လုပ်ထားကြတယ်။ အီရန်ဟာ မိုးနဲ့ နှင်းတွေ ခိုးယူခံရတဲ့ပြဿနာကို ရင်ဆိုင်နေရပါတယ်။” လို့ပြောခဲ့ပါတယ်။ ဒါ့အပြင် ဆာဗေးတစ်ခုအရလည်း အာဖဂန်နဲ့ မြေထဲပင်လယ်ဒေသတွေက ပေ(၇,၂၀၀) အထက် တောင်ထူထပ်တဲ့နေရာတွေမှာ အီရန်နိုင်ငံ တစ်နိုင်ငံထဲကလွဲရင် အကုန်နှင်းတွေကျလျက်ရှိတယ်လို့လည်း ဂိုလမ်ရီက ဆိုပါသေးတယ်။

READ
ဘုရင်သစ်နန်းတက်ပွဲအတွက် ပိတ်ရက်(၁၀) ရက်ပေးတာကို မပျော်ဘူးဆိုတဲ့ ဂျပန်များ
REX FEATURES

ဒါပေမယ့် အီရန်ရဲ့မိုးလေ၀သဌာနခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အာဟက်ဗာဇစ်ဖ်ကတော့ ဂိုလမ်ရီရဲ့အဆိုကို အခုလိုတုန့်ပြန်ခဲ့ပါတယ်။ “ကျွန်တော်မသိတဲ့ မှတ်တမ်းမှတ်ရာတွေလည်း ရှိမှာပါ။ ကျွန်တော်သိထားတဲ့ မိုးဇလဗေဒနဲ့ ဆိုင်တဲ့ပညာအရတော့ နိုင်ငံတစ်နိုင်ငံက တိမ်တိုက်တွေ၊ နှင်းတွေ ခိုးယူနိုင်တယ်ဆိုတာ မဖြစ်နိုင်ပါဘူး။” အီရန်နိုင်ငံဟာ မိုးခေါင်တဲ့ဘေးကို ခံစားနေရတာ ကာလကြာရှည်နေပြီဖြစ်ပြီး မိုးခေါင်တဲ့ဘေးဟာ အီရန်တစ်နိုင်ငံထဲမဟုတ်ပဲ တစ်ကမ္ဘာလုံးဖြစ်နေတာဖြစ်ကြောင်းလည်း အာဟက်ကဆိုပါတယ်။

AFP

အာဟက်က မဖြစ်နိုင်တဲ့အရာကိုမေးခွန်းလုပ်ပြီး မေးနေတာဟာ ဘယ်လိုပြဿနာမျိုးကိုမှ ဖြေရှင်းနိုင်မှာမဟုတ်တဲ့အပြင် မှန်ကန်တဲ့ အဖြေကို ရှာရာမှာလည်း အဟန့်အတားဖြစ်စေမယ်လို့ တုန့်ပြန်ပြောဆိုခဲ့ပါတယ်။ အီရန်ဗိုလ်ချုပ်ရဲ့ အစ္စရေးအပေါ် တိမ်ခိုးကြောင်းစွပ်စွဲတဲ့ကိစ္စဟာ အခုမှမေးခွန်းထွက်လာတာမဟုတ်ပါဘူး။ အီရန်သမ္မတဟောင်းတစ်ဦးဖြစ်တဲ့ မိုဟာမက်အာမာဒီနီဂျက်တုန်းကလည်း အီရန်မှာ မိုးမရွာနိုင်အောင် အနောက်နိုင်ငံတွေက အထူးသိပ္ပံ နည်းပညာတွေနဲ့ လုပ်ကြံနေတယ် ဆိုပြီးတော့လည်း (၂၀၁၁) ခုနှစ်တုန်းက စွပ်စွဲခဲ့ကြောင်း သိရပါတယ်။

READ
တော်ဝင်လက်ထပ်ပွဲရဲ့ အထိမ်းအမှတ်ပန်းကန်မှာ ရယ်စရာအမှားတစ်ခု ပါနေခဲ့တဲ့အဖြစ်

လင်းလင်း (ShweMom)

Ref: Dailymail

SHARE