ဘယ်အနုပညာရှင်မှ မလုပ်ခဲ့ဖူးတဲ့ ဒါနတစ်ခုကို လုပ်ခဲ့တယ်ဆိုတဲ့ Irrfan Khan အကြောင်း

Instagram- @irrfan

ဘောလိဝုဒ်ရုပ်ရှင်လောကထဲ ၁၉၈၅ ခုနှစ်ကတည်းက ဝင်ရောက်ခဲ့ကာ နာမကျန်းဖြစ်ခင်အချိန်အထိကို အနုပညာအလုပ်တွေ လက်နဲ့မပြတ်လုပ်ခဲ့ရတဲ့ မင်းသားကြီး Irrfan Khan ကတော့ ၂၀၂၀ ခုနှစ် ဧပြီလ ၂၉ ရက်နေ့မှာပဲ ကင်ဆာရောဂါနဲ့ ကွယ်လွန်အနိစ္စရောက်သွားခဲ့ပါတယ်။

Irrfan Khan ဟာ ကြွေလင့်ခဲ့လည်း သတင်းကောင်းတွေနဲ့ မွှေးပြန့်နေခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဆိုလည်းမမှားပါဘူး။ ဒီအပြင် ပတ်ဝန်းကျင်မှာလည်း ခင်ပွန်းကောင်း၊ ဖခင်ကောင်း၊ မိတ်ဆွေကောင်း၊ လုပ်ဖော်ကိုင်ဖက်ကောင်းအဖြစ် အမှတ်ရစေခဲ့ပါသေးတယ်။

အနုပညာဝမ်းစာပြည့်ဝရုံတင်မကဘဲ တစ်ဖက်သားကိုလည်း အသေးအဖွဲလေးကအစ ကူညီတတ်တဲ့ စိတ်ဓာတ်ပြည့်ဝသူတစ်ယောက်အဖြစ် အသိမိတ်ဆွေတွေရဲ့ ချီးမွမ်းခြင်းကို ခံနေရပါတယ်။ အဲဒီအထဲကမှ ဘောလိဝုဒ်ဒါရိုက်တာတစ်ဦးဖြစ်တဲ့ Bobby Parvez ပြောပြခဲ့တဲ့ Irrfan Khan ရဲ့ ဇာတ်ပို့ဇာတ်ရံတွေအတွက် တယ်လီဖုန်း ဇာတ်လမ်းလေးကတော့ တော်တော်လေးကို စိတ်ဝင်စားဖွယ်ကောင်းနေပြီး ချီးကျူးလေးစားလောက်စရာ ဖြစ်နေခဲ့ပါတယ်။

ကျွန်တော်တို့ ဟိုးအရင်ခေတ် လိုင်းဖုန်းတွေစပေါ်ခါစတုန်းက လျှောက်ရင် ပိုက်ဆံလိုက်ရတဲ့ပမာဏက ကြီးခဲ့တယ်မဟုတ်လား။ လိုင်းဖုန်းတွေကြောင့် ဆက်သွယ်ရေးဟာ အရင်ကထက်စာရင် ပိုအဆင်ပြေသွားကြပေမယ့်လို့ တချို့တွေကတော့ ဘယ်လောက်ပဲအဆင်ပြေပြေ ဈေးအရမ်းမြင့်လွန်းတဲ့အတွက် အနားတောင် မကပ်နိုင်ကြပါဘူး။ အိန္ဒယမှာလည်း ထိုနည်းတူစွာပါပဲ။

Irrfan Khan ကတော့ မင်းသားလည်း ဝါရင့်မင်းသားကြီးဖြစ်၊ ကားရိုက်တွေနဲ့ စီးပွားရေးကလည်းချောင်လည်တဲ့အတွက် လုပ်ငန်းလိုအပ်ချက်အရ ဖုန်းဝယ်ခဲ့ပါတော့တယ်။ အဲဒီအချိန်တုန်းက Bobby Parvez က ဒေလီမြို့မှာ လက်ထောက်ဒါရိုက်တာအနေနဲ့ အလုပ်စဝင်နေခဲ့ပါပြီ။ လက်ထောက်ဒါရိုက်တာဆိုတာ့ အထက်ကရွေးချယ်လိုက်တဲ့ သရုပ်ဆောင်တွေ၊ ဇာတ်ပို့ဇာတ်ရုံတွေ၊ လူကြမ်းတွေကို သူကပဲ တာဝန်ယူပြီး ရိုက်ဖြစ်တယ်၊ မရိုက်ဖြစ်ဘူး၊ ရိုက်ကွင်းက ဘယ်အချိန်၊ ဘာတွေလိုမယ် စသဖြင့် ဆက်သွယ်ခဲ့ရပါတယ်။

အဲဒီအခါ သူဆက်သွယ်နေခဲ့တဲ့ဖုန်းက ဘယ်သူ့ကိုပဲ ဆက်သွယ်ဆက်သွယ် ဒီနံပါတ်တစ်လုံးတည်းပဲ ဖြစ်နေခဲ့တာကြောင့် တအံ့တသြဖြစ်ခဲ့ရတယ်လို့ Bobby Parvez က သူ့ Twitter မှာ ပြောပြထားခဲ့ပါတယ်။ အထူးသဖြင့် ဇာတ်ပို့ဇာတ်ရံတွေအနေနဲ့ ရုပ်ရှင်တစ်ခုမှာ ပါချင်လို့ လူရွေးပွဲ ဝင်အရွေးခံပြီဟေ့ဆိုတာနဲ့ ဓာတ်ပုံလေးတွေအနောက်ဖက်မှာ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ရေးပြီး လာပို့ကြတော့တာပဲတဲ့။ မင်းသား၊ မင်းသမီးအသစ်တွေလည်း တချို့ ပါခဲ့ပါတယ်။

It was almost twenty years back , I'd just gone to Bombay and was working as an assistant director. That was the time of…

Posted by Bobby Parvez on Wednesday, April 29, 2020

အဲဒီနံပါတ်ကိုဆက်လိုက်တိုင်း မင်းသား Irrfan Khan ဒါမှမဟုတ် သူ့ရဲ့ ဇနီးဖြစ်သူ Sutapa က လာလာကိုင်တယ်၊ ပြီးရင် ရိုက်ကွင်းဖက်က ပြောတာတွေကို သေချာလေး ရေးမှတ်ထားပြီး သက်ဆိုင်တဲ့သူက သူတို့အိမ်လာပြီး ဖုန်းလာလား လာမေးတဲ့အချိန်ကျ တစ်ယောက်ချင်းဆီတိုင်းကို ရိုက်ကွင်းဖက်က ဘာပြောတယ်ဆိုတာ ပြန်ပြောပေးပါတယ်တဲ့လေ။ နေ့ပဲ ဆက်ဆက်၊ ညပဲဆက်ဆက် ဖုန်းမကိုင်တာရယ်လို့မရှိပါဘူး။ မင်းသား Irrfan Khan တစ်ယောက်အလုပ်ရှုပ်နေရင် ဇနီးဖြစ်သူ Sutapa က အမြဲတမ်း စိတ်ရှည်လက်ရှည် ချိုချိုသာသာလေးနဲ့ ဖုန်းကို ပြန်ဖြေပေးလေ့ရှိပါတယ်တဲ့လေ။ နောက် ဟန်းဖုန်းတွေပေါ်လာတဲ့အချိန်အထိလည်း ဆက်သွယ်ရေးအတွက် အခက်အခဲရှိနေတဲ့အနုပညာရှင်တွေကို အဲဒီလိုလေး လုပ်ပေးနေတုန်းပါပဲတဲ့။

Penny

SHARE