နိုင်ငံကူးလက်မှတ်တွေကို လူတွေအသုံးများတဲ့ ဖုန်းတွေမှာ ထည့်သွင်းအသုံးပြုနိုင်ဖို့အတွက် ‘paperless documents’စနစ်ကို စတင်စမ်းသပ်နေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် လုံခြုံရေးဆိုင်ရာ စည်းမျဉ်းတွေအတွက်
အာမခံချက် အပြည့်အ၀ ရှိနိုင်ပါ့မလားဆိုတာကိုတော့ ရေရေရာရာ အာမခံထားတာမျိုးတော့ မရှိသေးပါဘူး။
ဒါပေမယ့် ဒီအစီအစဉ်သာအောင်မြင်သွားခဲ့ရင်တော့ ခရီးသွားပြည်သူတွေအတွက် ပက်စ်ပို့ထိန်းသိမ်းရတဲ့
ဝန်ထုပ်ဝန်ပိုးကနေ ကင်းလွတ်နိုင်ဖွယ် ရှိနေပါတယ်။ ဗြိတိသျှရဲ့ အကြီးဆုံး ပက်စ်ပို့ထုတ်လုပ်ရောင်းချနေတဲ့
De La Rue ကုမ္မဏီဟာ ခရီးသည်တွေလေယာဉ်ပေါ်မတက်ခင်မှာ ကြုံတွေ့ရလေ့ရှိတဲ့ မနှစ်မြို့ဖွယ် ပက်စ်ပို့
ပြဿနာကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းကောင်းတွေ ရှာနေတယ်လို့သိရပါတယ်။ ၎င်းတို့ဟာ စမတ်ဖုန်းတွေထဲမှာ
ပက်စ်ပို့ရဲ့ အသေးစိပ်အချက်အလတ်တွေကို လုံခြုံစွာ သိမ်းဆည်းပေးနိုင်တဲ့ နည်းပညာတစ်ခုကို ကြိုးစားနေ
ကြပါတယ်။ အဲဒီအချက်အလတ်တွေဟာ ခရီးသည်ရဲ့ဖုန်းထဲမှာ ခရီးသည်နဲ့အတူတစ်ပါတည်း ရှိနေနိုင်မယ့်
အရာဖြစ်ပါတယ်။
De La Rue ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ယောက်က “digital passport တွေဟာ ကျွန်တော်တို့ သာမာန်အသုံးပြုနေတဲ့
ပက်စ်ပို့တွေလိုပဲ နိုင်ငံနယ်စပ် ဖြတ်ကျော်တဲ့အခါမှာ အသုံးဝင်မှာပါ … ဒါပေမယ့် မရှင်းသေးတဲ့ အချက်တွေက တစ်ဦး
ချင်း ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလတ်တွေကို passport’s electronic chip ပြားလေးထဲမှာ ဘယ်လို ထိန်းသိမ်းမလဲဆိုတာနဲ့ ကျွန်တော်တို့ ဖုန်းတွေထဲမှာ ဘယ်လို လုံခြုံမှု ပေးနိုင်မလဲဆိုတာပါ … ” လို့ ပြောဆိုခဲ့ပါတယ်။
Proofpoint လုံခြုံရေးကုမ္မဏီရဲ့ တာဝန်ခံ David Jevans ရဲ့ ပြောကြားချက်အရတော့ digital passport ကို
အသုံးပြုနိုင်ဖို့ အဲဒီပက်စ်ကို နောက်ထပ် ပုံတူမပွားစေရအောင် ဖုန်းမှာ Hardware တစ်ခု တပ်ဆင်ဖို့ လိုအပ်တယ်
-လို့ သိရပါတယ်။၎င်းက The Telegraph သတင်းစာနဲ့ တွေ့ဆုံစဉ် ” ပက်စ်ပို့သုံးစွဲသူတွေအတွက် ကြိုးမဲ့ဆက်
သွယ်ရေးစနစ်လည်း ပါဝင်ရမှာပါ … ဘာကြောင့်လဲဆိုတော့ လေယာဉ်လက်မှတ်တွေ ရောင်းသလို မှန်ပြင်ပေါ်မှာတင် အလုပ်လုပ်သွားမှာဖြစ်လို့ QR code တွေ မကျိုးပေါက်ဖို့လည်း လိုပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။ မီယာမီလေဆိပ်၊
အတ္တလန္တာလေဆိပ်တို့မှာmobile-based clearance system ကို စမ်းသပ်အသုံးပြုနေပြီ ဖြစ်ပြီး အသုံးပြုသူတွေအနေနဲ့ ဖုန်းတစ်လုံး ရှိတာနဲ့ ၀န်ဆောင်မှုတွေကို ၀င်ရောက် သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုထက်ထိ မရှင်း
လင်းသေးတဲ့အချက်က အဲဒီစနစ်ဟာဘယ်လိုအောင်မြင်စွာ ပြစ်ချက်ကင်းကင်းနဲ့ အလုပ်လုပ်နိုင်တယ်ဆိုတာ
သံသယဖြစ်ဖွယ်ပါဘဲ။
source : metro.co.uk