ညဘက်အိပ်မပျော်တဲ့သူများအတွက် Appleရဲ့ iYawn

Night time connection

Apple ကတော့ မကြာမီမှာ iPad နဲ့ iPhone အသုံးပြုသူတွေထဲက အိပ်မပျော်သူများကို ကူညီပေးနိုင်ရန် iYawnလို့ခေါ်တဲ့
နည်းပညာကို iOS 9.3 မှာထည့်သွင်းပေးဖို့ ရှိနေပါတယ်။ iOSအသစ်မှာ “night mode”ဆိုတာ ပါဝင်လာမှာဖြစ်ပြီး ညစ
မှောင် လာတာနဲ့ စကရင်ပေါ်က အလင်းရောင်ကို ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။ အိပ်မပျော်ခြင်းကို ဖြစ်စေတဲ့ Blue Light
တွေကို ဖယ်ရှားပေးမှာ ဖြစ်ပါတယ်။

“လေ့လာမှုအမြားအပြားအရ တောက်ပတဲ့ Blue Lightဟာ အိပ်စက်ခြင်းကို အနှောက်အယှက်ပေးပါတယ်။ Night Mode
ဟာ သင့်iOS Deviceရဲ့ နာရီနဲ့ Geolocation ကိုအသုံးပြုပြီး သင့်နေထိုင်ရာဒေသရဲ့ နေဝင်ချိန်ကို တွက်ချက်မှာဖြစ်ပါတယ်။သင့်ရဲ့မျက်လုံးနဲ့ကြည့်ဖို့သင့်တော်တဲ့ အလင်းရောင်ပမာဏအဖြစ် အမှောင်ဝင်လာချိန်မှာ ချိန်ညှိပေးမှာဖြစ်ပါတယ်။ မနက်
ဘက်မှာတော့ Screen ဟာ ပုံမှန်အနေအထားပြန်ဖြစ်သွားပါလိမ့်မယ်။

READ
ဟန်းစက်ဆို သေးမှ ကြိုက်သူတွေအတွက် Palm ကုမ္ပဏီကထုတ်လိုက်တဲ့ စမတ်ဖုန်းအကြောင်း

စမတ်ဖုန်းတွေကြောင့် အိပ်မပျော်တဲ့ရောဂါကို ခံစားရတဲ့သူတွေ များပြားလာတာကြောင့် Apple အနေနဲ့ iYawn ကိုဖန်တီး
ခဲ့တာလည်း ဖြစ်ပါတယ်။ iYawn ကသာ တကယ်အိပ်မပျော်ခြင်းကို ကူညီနိုင်ရင်တော့ Apple အနေနဲ့ ပြိုင်ဘက်တွေကို
ခြေတစ်လှမ်းသာဖို့ရှိနေပါတယ်။

Myanmar Online Media

Source: Mirror

SHARE