မိန်းကလေးတစ်ယောက်တော့ ရှိနေပါပြီဆိုတဲ့ James Jirayu

James Jirayu ကတော့ နာမည်ကြီး မင်းသား၊အဆိုတော်၊မော်ဒယ်ပါ။အသက် (၂၄)နှစ်ပဲရှိသေးပြီး အခုနောက်ပိုင်း ထိုင်းမှာတင်မဟုတ်ပဲ အာရှမှာပါ အောင်မြင်ပြီးနေရာရလာတဲ့ မင်းသားတစ်ယောက်ပါ။အာရှမှာဆိုရင် သူ့ကို ၀န်းရံ တဲ့ မိန်းကလေးပရိသတ်တွေ အများကြီးပါ။

ရုပ်ရည်ချောမောပြီး အရည်အချင်းရှိတဲ့ James Jirayu ကတော့ ပရိသတ်တွေ စိတ်ဝင်စားနေကြတဲ့ သူ့ရဲ့ အချစ်ရေး နဲ့ပတ်သက်ပြီး အင်တာဗျူးတစ်ခုမှာ ဖြေခဲ့ပါတယ်။လက်ရှိမှာ သူ့မှာ စိတ်ဝင်စားရမယ့် ကောင်မလေးရှိနေပြီးဘယ်သူ ဘယ်ဝါဆိုတာကိုတော့ မပြောပြခဲ့ပါဘူး။”စကားပြောဖြစ်နေတဲ့  ကောင်မလေးတစ်ယောက်ရှိပါတယ်။ ဘယ်သူဆိုတာ ကိုတော့ မဖြေနိုင်သေးပါဘူး။ တစ်ချို့သူတွေကို ညီအစ်ကို၊အစ်မ၊ညီမ လေးလို ရင်ဖွင့်တယ်၊တစ်ချို့ကျတော့သူငယ်ခ်ျး လိုရင်ဖွင့်တယ်၊တစ်ချို့ မိန်းကလေးတွေကျတော့ ရင်းနှီးတယ်။ဒါပေမယ့် ဒါကို relationship တစ်ခုလို့တော့ ပြောလို့ ရှင်းရှင်းလင်းလင်း ပြောလို့မရပါဘူး.”

READ
မြစ်ဆုံက အလန်းစားပုံရိပ်လေးတွေ မျှဝေပေးလိုက်တဲ့ သင်ဇာဝင့်ကျော်

အချစ်ရေး relationship ကို ပရိသတ်တွေကို ချပြလိုက်ရင် fan တွေ စိတ်ပျက်သွားမှာကို စိုးရိမ် နေတာလား လို့ သတင်းထောက်တဲ့ မေးတဲ့အခါမှာတော့….

fan တွေနဲ့ပတ်သက်ပြီး စိုးရိမ်လို့ မဟုတ်ပါဘူး။သူတို့က ကျွန်တော့်ကို နားလည်ပေး၊မပေးဆိုတာကတော့ သူတို့ အပေါ် မှာပဲ မူတည်ပါတယ်။တစ်ချို့ fan တွေက နားလည်ပေးမယ်၊တစ်ချို့ကတော့ နားလည် ပေးမှာ မဟုတ် ဘူးေ လ။ကျွန်တော်ကိုယ်တိုင်လည်း relationship ကိုချပြတဲ့အချိန်ကျရင် ဘာတွေ ဖြစ်လာမယ်ဆိုတာကို စောင့်ကြည့် ရအုံးမှာပါ။ကျွန်တော်ပြောခဲ့သလိုပဲ ကျွန်တော်စကားပြောဖြစ်နေတဲ့ မိန်းကလေးရှိပါတယ်။ဒါပေမယ့် ဒါက  relat ionship တစ်ခုလို့ ပြောလို့မရသေးပါဘူး။သူမနဲ့ ကျွန်တော်ကြားက relationship အနေအထား ရှင်း ရှင်း လင်းလင်းပြတ်ပြတ်သားသားဖြစ်ခဲ့မယ်ဆိုရင်တော့ သတင်းထောက်တွေကို ဒီအကြောင်း အသိပေးသွား မှာပါ..” လို့ဖြေ ခဲ့ပါတယ်။သူ့ရဲ့ အဖြေတွေ အရတော့ လက်ရှိမှာ အဲ့ဒီမိန်းကလေးနဲ့ချစ်သူအဆင့်မျိုးတော့ မရောက်သေးဘူး လို့ ယူဆရပါတယ်။

READ
မြင်သူတိုင်းကိုအသက်ရှုရပ်တန့်သွားစေမယ့် BLACKPINKအဖွဲ့ဝင် Rosé ရဲ့အလှ

source Teenee

SHARE