နိုင်ငံတွင်း ကလေးမွေးနှုန်းတက်အောင် ကလေးစရိတ်ထောက်ပံ့ဖို့ပြင်ဆင်နေတဲ့ ဂျပန်အစိုးရ

instagram/love_kodomo_japan

ဂျပန်နိုင်ငံရဲ့ ကလေးမွေးနှုန်းဟာ ကျဆင်းလာခဲ့တာ အတော်ကြာနေပါပြီ။ ၂၀၂၀ ကိုဗစ်ကြောင့်လည်း ဂျပန်နိုင်ငံသားတွေရဲ့ ကလေးယူနှုန်းဟာ မတိုးတက်လာခဲ့ပါဘူး။ လူဖြူအများစုက အိမ်မှာပဲနေရင်း အချိန်ဖြုန်းကျတာများပေမယ့် ဂျပန်တွေကတော့ ကိုဗစ်ကြောင့်လည်း ကလေးယူဖို့နှောင့်နှေးနေတာ ဖြစ်နိုင်ပါတယ်။

နောက်တစ်ခုက ဂျပန်မှာ ကလေးမွေးနှုန်းကျဆင်းတဲ့အကြောင်းရင်းဟာ မိသားစုအတွက် တာဝန်ယူရတဲ့ ဂျပန်ရဲ့ခိုင်မြဲတဲ့ယဉ်ကျေးမှုကြောင့် ဖြစ်နိုင်ပါတယ်။ ဂျပန်စုံတွဲတွေဟာ သူတို့ရဲ့ကျယ်ပြန့်လာမယ့်မိသားစုအတွက် ငွေရေးကြေးရေးလုံလောက်တယ်လို့ မသေချာမချင်း ကလေးကို အစောတလျင်ယူကြလေ့မရှိပါဘူး။ ကလေးမွေးဖို့ကို အရမ်းသတိထားကြပါတယ်။

ဒီကြားထဲ ကိုဗစ်ကလည်းဖြစ်တဲ့အတွက် အလုပ်အပေါ်၊ ဝင်ငွေအပေါ်တွေမှာ ထိခိုက်လာတာတွေရှိတဲ့အတွက် ၂၀၂၀ခုနှစ်တွင်း ကလေးမွေးနှုန်းဟာ အရင်နှစ်တွေထက် ပိုပြီးတောင် ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ဧပြီလနဲ့ အောက်တိုဘာကြား ကလေးမွေးသူ ၆သောင်းသာ ရှိခဲ့ပါတယ်။ အရင်နှစ်ထက် ၁၀ရာခိုင်နှုန်းလောက်ကျသွားတာဖြစ်ပါတယ်။

ဒီကိစ္စကို တစ်ဖက်တစ်လမ်းက ဖြေရှင်းဖို့အတွက် ဂျပန်အစိုးရကတော့ အိမ်ထောင်စုတွေအတွက် ကလေးမွေးရင် ကလေးတစ်ယောက်ကို ယန်း၁သိန်း (အမေရိကန်ဒေါ်လာ ၉၆၆) ထောက်ပံ့မယ်ဆိုတဲ့ အဆိုကို အစိုးရဆီတင်သွင်းထားပါတယ်။ တကယ်လို့ အတည်ပြုပြီးရင်တော့ ဒီအစီအစဉ်ကို ၂နှစ်ကြာ အကောင်အထည်ဖော်မှာဖြစ်ပါတယ်။ အိမ်ထောင်စုတွေအနေနဲ့လည်း တစ်ကြိမ်ထက်ပိုပြီး ကလေးထောက်ပံ့ကြေးရနိုင်မယ့် အခွင့်အရေးကို ဖန်တီးပြီးသားလည်း ဖြစ်ပါတယ်။

READ
မျက်နှာလေးဖြူဝင်းချောမွေ့သွားအောင် ပျားရည်၊သံပုရာရည်တို့နဲ့ ပေါင်းတင်နည်း

ငွေသားတွေကိုတော့ ကလေးမိဘတွေဟာ ဆေးရုံကနေတဆင့် လက်ခံရရှိမှာပါ။ ယန်း၁သိန်းဆိုတဲ့ ပမာဏကတော့ တာဝန်ရှိသူတွေက ကလေးတစ်ယောက်အတွက် ဆေးရုံကုန်ကျစရိတ်ကို တွက်ချက်ပြီးမှ အခုလိုထုတ်ပြန်တာပါ။ ဂျပန်မှာတော့ ကလေးမွေးရင် ပျမ်းမျှဆေးရုံတစ်ရုံအတွက် ကုန်ကျစရိတ်ဟာ ယန်း၁သိန်းကျော်လောက်ရှိတယ်လို့ soranews24 အရ သိရပါတယ်။

ShweMom

SHARE