ရိုးရာပစ္စည်းလေးတွေကို ရာသီအလိုက် မျက်နှာကျက်မှာ အလှဆင်လေ့ရှိတဲ့ ဘူတာရုံလေး

[email protected] [email protected]

ကမ္ဘာပေါ်က နိုင်ငံတိုင်းမှာရှိတဲ့ ရိုးရာဓလေ့တွေဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူညီကြပါဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆိုရင် တန်ခူးလ သင်္ကြန်ရောက်တိုင်း အိမ်တိုင်းလိုလိုမှာ အတာအိုးလေးတွေထားတဲ့ ပုံစံတွေ၊ သီတင်းကျွတ်ရောက်ရင် မီးပုံလေးတွေကို ဝရန်တာမှာ ချိတ်ထားတဲ့ ပုံစံတွေ အစရှိသဖြင့် ရှိတတ်ကြပါတယ်။ အခုပြောပြချင်တဲ့ ဂျပန်နိုင်ငံက မီးရထားဘူတာရုံလေးကလည်း အဲဒီအတိုင်းပါပဲ။ နှစ်တိုင်းလိုလို ရာသီအလိုက် ရိုးရာပစ္စည်းလေးတွေကို ဘူတာရုံက မျက်နှာကျက်လေးမှာ ချိတ်ဆွဲပြီး အလှဆင်လေ့ရှိကြောင်း Sora News 24 သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

အဆိုပါ ဘူတာရုံလေးကတော့ ဂျပန်နိုင်ငံ၊ Gunma စီရင်စုအရပ်မှာရှိတဲ့ Nakanojo ဘူတာရုံလေးပဲ ဖြစ်ပါတယ်။ အဲဒီ Nakanojo ဘူတာရုံလေးဟာ သူတို့နိုင်ငံရဲ့ ရိုးရာအရုပ်လေးတွေကို ရာသီအလိုက် ဘူတာရုံရဲ့ မျက်နှာကျက်မှာ ချိတ်ဆွဲထားရုံသာမက Halloween, Christmas အစရှိတဲ့ အနောက်တိုင်းပွဲတော်တွေ အချိန်ရောက်ရင်လည်း အဲဒီဘူတာရုံရဲ့ မျက်နှာကျက်မှာ ချိတ်ဆွဲထားလေ့ ရိတတ်ပါတယ်။ ဒီလိုမျိုး ရာသီအလိုက် ရိုးရာပစ္စည်းတွေကို ချိတ်ဆွဲထားလေ့ရှိတဲ့ ဘူတာရုံဟာ ဒီကမ္ဘာပေါ်မှာ Nakanojo ဘူတာရုံတစ်ခုပဲ ရှိပါတယ်။

READ
မြန်မာ့လက်ဝှေ့ကို ချီးကျူးစကား ပြောသွားခဲ့တဲ့ One Championship ရဲ့ ပိုင်ရှင်

 

 

ဒီလိုမျိုး တစ်ခြားဘူတာရုံတွေနဲ့ မတူပဲ တစ်မျိုးလှနေတဲ့ Nakanojo ဘူတာရုံလေးဟာ နိုင်ငံခြားသားခရီးသွားတွေကို တော်တော်လေး ဆွဲဆောင်နိုင်တဲ့ နေရာလေးတစ်ခုဖြစ်တဲ့အပြင် Gunma စီရင်စုအရပ်ရဲ့ လည်ပတ်မှု အများဆုံးသောနေရာတစ်ခုဆိုလည်း မမှားပါဘူး။ Gunma စီရင်စုမှာ နေထိုင်တဲ့ ဒေသခံတော်တော်များများဟာဆိုရင်လည်း ဒီလိုမျိုး ရာသီအလိုက် အထမ်းအမှတ်ပစ္စည်းလေးတွေကို ပြုလုပ်ရောင်းချပြီး အသက်မွေးဝမ်းကျောင်း ပြုလုပ်သူတွေ များပါတယ်။

 

Pyi Hein Kyaw

SHARE