US ရွေးကောက်ပွဲရလဒ်ကို ထူးထူးဆန်းဆန်း ကြေငြာလို့ နာမည်ကြီးနေတဲ့ ဂျပန်ရုပ်သံလိုင်း

Twitter

၂၀၂၀ ခုနှစ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အမေရိကန်ရဲ့ သမ္မတသစ်ရွေးကောက်ပွဲကြီးကတော့ ရလဒ်တွေ ထွက်ပေါ်လာခဲ့ပါပြီ။ အရင် သမ္မတ Donald Trump နေရာမှာ Democratic ပါတီရဲ့ Joe Biden ကနေပြီး အစားထိုးဝင်ရောက်လာကာ ၄၆ ယောက်မြောက် အမေရိကန်သမ္မတအဖြစ် တာဝန်ထမ်းဆောင်မှာဖြစ်ပါတယ်။ သမ္မတအဖြစ်ကိုတော့ လာမယ့်နှစ်ရဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့ကျမှ အသက်ဝင်မှာပါ။

 

View this post on Instagram

 

A post shared by Joe Biden (@joebiden) on

တစ်ကမ္ဘာလုံးက အာရုံစူးစိုက်ခြင်းခံနေရတဲ့ အမေရိကန်ရွေးကောက်ပွဲဟာ နိုင်ငံတိုင်းရဲ့ ရုပ်သံလိုင်းတွေပေါ်မှာလည်း နေရာယူထားခဲ့ကြပါတယ်။ အဲဒီအထဲကမှ Twitter user တွေကြားထဲ နာမည်ကြီးနေတဲ့ သတင်းတစ်ခုရှိနေပါတယ်။ အဲဒါကတော့ ဂျပန်နိုင်ငံရဲ့ရုပ်သံလိုင်းတစ်ခုက ထုတ်လွှင့်ခဲ့တဲ့ မဲရလဒ်သတင်းတစ်ခုပါ။

သတင်းဌာနဆိုတော့ သူများနိုင်ငံရဲ့ နိုင်ငံရေးအကြောင်း အတည်တတန့်တွေပဲ အမြဲတမ်းတင်နေခဲ့ကြပမေယ့်လို့ ဒီရုပ်သံလိုင်းကတော့ ရုပ်ကေပြာင်တွေကိုအသုံးပြုပြီးတော့ မဲရလဒ်တွေကို ကြေငြာနေခဲ့တာပါ။ Trump ကို ကိုယ်စားပြုတဲ့ အနီရောင်ဖက်နဲ့ Biden ကို ကိုယ်စားပြုတဲ့ အပြာရောင်ဖက်ဆိုပြီး နှစ်ပိုင်းခွဲထားခဲ့ပါတယ်။

READ
စတားလုံး ခန္ဓာကိုယ်မှာ သူ့ခေါင်းတပ်ထားတဲ့ ဖိုတိုရှော့ပုံကို ကိုယ်တိုင်တင်ခဲ့တဲ့ ထရမ့်

ဒီလိုအရောင်တွေနဲ့တင် မဲအမေရအတွက်တွေကို ပြနေတာမဟုတ်ဘဲ Trump ဖက်မှာဆိုရင်လည်း Trump ပုံ၊ Biden ဖက်မှာလည်း Biden ပုံဆိုပြီး ထားထားခဲ့တာပါ။ ပုံကလည်း ရိုးရိုးမဟုတ် ခေါင်းကြီးကိုယ်သေးလေးတွေနဲ့မလို့ ကြည့်ရတာ ရယ်ချင်စရာလေးတွေ ဖြစ်နေခဲ့တာပေါ့။ မသိရင်ဗီဒီယိုဂိမ်းဆော့နေတဲ့အတိုင်းပဲ။

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ မဲရာခိုင်နှုန်းကို ပြနေတဲ့ ဘုတ်မှာလည်း Trump နဲ့ Biden ရဲ့ ဓာတ်ပုံတွေကို သုံးထားပါသေးတယ်။ အဲဒီအချိန်တုန်းက Trump က ရှုံးနေတဲ့အတွက် Trump ရဲ့ ရုပ်ကြီးကို နှုတ်ခမ်းကြီးစူနေတဲ့ ပုံကြီး သုံးထားခဲ့တာပါ။ Biden ကတော့ “ငါကွ” ဆိုတဲ့အကြည့်နဲ့ပေါ့။

READ
စပါးနဲ့ ချဲလ်ဆီးပွဲမှာ ကွင်းထဲက ရုတ်တရက် ထွက်ပြေးသွားတဲ့ Dier ရဲ့ အကြောင်းပြချက်

 

တစ်ဖန် Trump ဖက်က မဲသာသွားတဲ့အခါမျိုးမှာဆိုရင်လည်း ပုံနှစ်ပုံကို Trump က ရယ်မောပြီး လှောင်နေတဲ့ပုံစံမျိုးနဲ့ တစ်ဖက်မှာတော့ မဲရှုံးနေခဲ့တဲ့ Biden က ခေါင်းလေးကိုငုံ့ပြီးတော့ မှိုင်နေတဲ့ပုံမျိုးလေး ပြောင်းသွားခဲ့ပါတယ်။ တော်တော်လည်း တတ်နိုင်တဲ့ Asahi သတင်းဌာနပါပဲ။ Twitter မှာတော့ ထုတ်လွှင့်ခဲ့တဲ့ပုံရိပ်နဲ့ ဗီဒီယိုတွေ ပလူပျံနေပြီး ပြည်သူတွေတော်တော်လေးကို သဘောကျနေခဲ့ပါတော့တယ်။

 

penny

 

SHARE