မိဘအများစုက မိမိကလေးတွေအမြင်မှာ ဆွဲဆောင်စရာဖြစ်မယ့် ဟင်းလျာတွေကိုဖန်တီးဖို့ကြိုးစားကြပါတယ်။ ဂျပန်လူမျိုး မိခင်တစ်ဦးဟာလည်း သူမရဲ့သမီးလေးအတွက် ရည်ရွယ်ပြီး အမျိုးမျိုးသော ဟင်းပွဲဒီဇိုင်းတွေကိုဖန်တီးထားပါတယ်။ သူမနာမည်ကတော့ အီတိုနီမာမာဖြစ်ပါတယ်။ သူမဟာ လူ၊ တိရစ္ဆာန် ကာတွန်းဇာတ်ကောင်တွေကို အစားအစာပေါ်မှာ ရေးဆွဲဖန်တီးသူအနုပညာရှင်ဖြစ်ပါတယ်။
အောက်မှာတော့ ကြက်ဥကြော်တွေကို ချစ်စရာဇာတ်ကောင်လေးတွေအဖြစ် အသွင်ပြောင်းပြုလုပ်ထားတဲ့ အီတိုနီရဲ့လက်ရာတွေကို mymodernmetကတဆင့် တွေ့ကြမှာပါ။ သူမဖန်တီးထားတဲ့ ဇာတ်ကောင်တွေထဲမှာ Winnie-the-Pooh ကစလို့ Pikachu အထိပါဝင်ပါတယ်။ အီတိုနီဟာ ဘယ်လိုဇာတ်ကောင်ပုံစံမျိုးကိုမဆို ကြက်ဥကြော်နဲ့ပဲ ဖန်တီးထားတာ တွေ့ရပါတယ်။
https://www.instagram.com/p/CFegKeQhTQU/?utm_source=ig_web_copy_link
အရုပ်ကလေးတွေရဲ့မျက်နှာနဲ့ခန္ဓာကိုယ်အတွက်တော့ သူမက အဝါရောင်ကြက်ဥနှစ်ကိုအသုံးပြုပါတယ်။ ဒါ့အပြင် တခြားပါဝင်ပစ္စည်းတွေဖြစ်တဲ့ ဥပမာ နိုရီလိုရေညှိကိုတော့ ဇာတ်ကောင်တွေရဲ့ဆံပင်နဲ့ မျက်နှာအသွင်သဏ္ဍာန်ပေါ်အောင် သုံးထားပါတယ်။ အချို့ဟင်းပွဲတွေမှာဆိုရင် ဝက်ပေါင်ခြောက်၊ ချိစ်၊ ဟင်းသီးဟင်းရွက်တွေကိုပါ ကြည့်ကောင်းအောင် ထည့်သုံးထားတာကိုလည်း တွေ့ရပါသေးတယ်။ အီိတိုနီဖန်တီးထားတဲ့ ဒီဇိုင်းက ဘယ်လိုပဲဖြစ်ဖြစ် အရုပ်ဟင်းလျာလေးတွေဟာ စားရက်ဖွယ်မရှိအောင် ချစ်စရာကောင်းနေတာကိုလည်း အခုလိုတွေ့ရမှာပါ။












လင်းလင်း (ShweMom)